*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 26 June 2013



"စံပယ်ဖြူအိပ်မက်"        လက်ပံနှီ အွန်လိုင်းမဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်...


လှိုင်းခတ်သံ ဂီတ...
ချိုမြမပီပြင်၊ သည်ရင်မှာ
ကြယ်ပြာ...လပြာ...ကောင်းကင်ပြာ...
ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို
အို...လှလိုက်တာ။



သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင်ရနံ့
သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။


စကားတိုးတိုး၊ မြူခိုးဝေဝေ
စံပယ်ရေ...စံပယ်ဖြူ...
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ ဟိုးအဝေးကို။


သည်အိပ်မက်မှ၊ မောင်နိုးထလည်း
တမ်းတတပ်မက်၊ ရုန်းမထွက်ချင်
သက်ဦးမြတ်မွန်၊ ရွာလွန်ရွက်တိုက်
ပြေးလိုက်ရှာဖွေ...။


စံပယ်ရေ...စံပယ်ဖြူ
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲမေးမိဆဲပါမေ။

လင်းထက်
ရှုမဝမဂ္ဂဇင်း
၁၉၈၂၊ ဒီဇင်ဘာ


(အစိမ်းရင့်ရောင်ရက်စွဲများ၊ ထူးအိမ်သင်ကွယ်လွန်ခြင်းအမှတ်တရ)

admin : ရွှေဖီး

No comments:

Post a Comment