*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 27 June 2013

စင်ကာပူ { ၀ါ } မြို့ပြေ၇ာဂါ..



   စင်ကာပူ (ဝါ) မြို့ပြရောဂါ.
    

အသပြာတခုရဲ့
အရသာကိုစားသုံးရင်း
ကျန်တဲ့အရသာတွေက
လုံးပါးပါးကုန်တယ်...မေမေ..


တခါတလေကျတော့
ပျော်ရွှင်မှုဆိုတဲ့စကားလုံး
နွေးထွေးမှုဆိုတဲ့စကားလုံး
အေးချမ်းမှုဆိုတဲ့စကားလုံး
တနိုင်ငံလုံးလှည့်ပတ်ပြီးတော့
ကျနော်ရှာကြည့်မိတယ်..

ဒါပေမဲ့
ရှာမတွေ့ဘူး.~~~

အခုခေတ်မှာ
မြို့ပြဆိုတဲ့စကားလုံးက
ဝံပုလွေရေခြုံထားတဲ့
သိုးတကောင်ရဲ့မျက်နှာဖုံးနဲ့တူတယ်

ဘာဖြစ်လို့လဲဆိုတော့
သူတို့ဆီမှာ
သစ္စာတရားဆိုတာ
အရေခြုံထားရုံ
သက်သက်မလို့

တခါတလေကျတော့လည်း
ကျနော်စဉ်းစားကြည့်မိပါတယ်
စမ်းရေမရှိ
ပင်လယ်ရေပြင်နဲ့ပဲထိစပ်နေတာကြော
င့်များ
ဒီနိုင်ငံက
လူတွေရဲ့စိတ်ဓာတ်အေးချမ်းမှုမရှ
ိတာလား...လို့

အခုတော့လည်း..မေမေရယ်
ကျနော်ကိုယ်တိုင်
ပင်လယ်ရေနဲ့အသားကျ
စိတ်ဓာတ်တွေမငံမိအောင်
မ..နဲ..ကြိုး..စားနေ..ရတယ်

အသပြာတခုကြောင့်
ပျောက်ဆုံးနေရတဲ့အရာတွေအများကြီ
းပါ..။
တချို့တွေအသပြာနောက်လိုက်ရင်း
မိသားစုတွေပျောက်ဆုံးနေတယ်..၊
သစ္စာတရားတွေပျောက်ဆုံးတယ် ၊
ချစ်ခြင်းတွေပျောက်ဆုံးတယ်
အေးချမ်းမှုတွေပျောက်ဆုံးတယ်.
အိမ်ထောင်ရေးတွေပျောက်ဆုံးတယ်..
လူမသိသူမသိဒီပြင်ပျောက်ဆုံးနေတာ
တွေအများကြီး..
တကယ်တော့ကျနော်တို့တွေက
အမဲလိုက်နေတဲ့မုဆိုးတွေနဲ့တူတယ်
သားကောင်ကိုလိုက်ရင်းနဲ့ပဲတောထဲ
မှာအချိန်ကုန်ပြီး
အိမ်ပြန်လမ်းပျောက်နေတဲ့အသပြာမု
ဆိုးတွေပါပဲ..

ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး

by: Kgmalay Yat KgkaLayy

No comments:

Post a Comment