*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 20 July 2013

အိမ်ခန်းငှါး၇မ်းခများ ၄၀% ခန့် ထိမြင့်တက်..................


အိမ်ခန်းငှားရမ်းခများ ၄၀% ခန့်ထိ မြင့်တက်လာ


၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း  အချက်အချာကျသော မြို့နယ်များတွင်  တိုက်ခန်းငှားရမ်းမှုဈေးနှုန်းများမှာ ယခင်လများကထက် ၄၀% ၀န်းကျင်ခန့်ထိ ဈေးတက်လာခဲ့ပြီး ငှားရမ်းမှုနှုန်းမှာလည်း မြင့််နေဆဲဖြစ်ကြောင်း သိရှိရသည်။

“အရင်ကဆိုရင် ၈လွှာ လောက်ဆိုရင်ငှားဈေးကငွေကျပ် ၇၀၀၀၀လောက်ရှိတယ်အခုမှာတော့ ၈လွှာမှာတောင် ငွေကျပ် ၁၀၀၀၀၀ လောက်ရှိနေပြီ မြေညီထပ်ဆိုရင်
ငွေကျပ် ၁၇၀၀၀၀ လောက်ရှိတယ်” ဟု ကြည်မြင်တိုင်မြို့နယ်မှ ထက်သီရိအောင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ရန်ကုန်မြို့ အငှားဈေးကွက် တွင်ကျယ်နေသောမရမ်းကုန်းမြို့နယ်နှင့် ကမာရွက်မြို့နယ်များတွင် ငှားရမ်းမည့်အိမ်ခန်းများ လက်ကျန် မရှိတော့သောကြောင့်ကြည့်မြင်တိုင်မြို့နယ်တွင် လာရောက်ငှားရမ်း နေထိုင်မှုများမှာ ယခင်ကထက် ၃၀% ခန့်ထိ  တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှသိရသည်။
အငှားဈေးကွက်များပြားလာသော မြို့နယ်များမှာ လမ်းမတော်၊ လသာ၊ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ကြည့်မြင့်တိုင်၊ ကမာရွက်၊ မရမ်းကုန်းနှင့်  လှိုင်မြို့နယ်တို့ဖြစ်ပြီးအိမ်ခန်း အကျယ်အဝန်းပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိပြီး တစ်လငှားရမ်းခမှာ အမြင့်ဆုံး ငွေကျပ် ၁၀သိန်းမှ အနိမ့်ဆုံး ၁ သိန်းခွဲအထိရှိကြောင်းအိမ်ခြံမြေဈေးကွက်မှသိရသည်။
ထို့ပြင် ယခုလအတွင်း အိမ်ခန်းငှားရမ်းခများမှာလည်း ယခင်ကထက် ၄၀% ၀န်းကျင်ခန့်ထိ ပိုမိုမြင့်တက်လာကြောင်း သိရှိရသည်။
“ကျွန်မတိုဌားတုန်းက တစ်လကို (၇၀၀၀၀)နဲ စပြီးနေတာ ဒီတစ်ခေါက်ငှားတာ(၁၂၀၀၀၀) ပေးရတယ် အခန်းခတွေ ဈေးတက်လို့ တစ်တိုက်ပြီးတစ်တိုက်ပြောင်းရတာလဲ ခဏခဏပဲ စက်တင်ဘာလမှာ အိပ်စာချုပ် ပြည့်မှာဆိုတော့ဝါတွင်းလည်း အခန်းခအဆင် မပြေရင်ပြောင်း ရမှာပါပဲ” ဟုလမ်းမ တော်မြို့နယ်အတွင်း တိုက်ခန်းဌားရမ်းနေထိုင်သည့် သူနာပြုတစ်ဦး
ကပြောသည်။


ဝါတွင်းကာလအတွင်း အိမ်ငှားဈေးကွက်ကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင်မှုကျဆင်းမည်မဟုတ် ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောဆိုသည်။
“ဒီခေတ်မှာ အယူသီးလို့လဲ မရတော့ပါဘူး။ အိမ်စာချုပ်ကလည်းပြည့်ပြီအိမ်လခကလည်း ဈေးမြင့်လို့ မတတ်နိုင်တော့ဘူး ဆိုရင်ဝါတွင်းလည်းပြောင်းရမှာပါပဲ” ဟု အိမ်ခြံမြေကျိုးဆောင် တစ်ဦးကပြောသည်။
ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တွင် ဝယ်လက်မရှိပဲ ရောင်းချလိုသူသာ များပြားလျက်ရှိကြောင်းအိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။

 19 July 2013     Post By ရန်နောင်ဖြိုး၊ ထက်ထက်(မြစ်မခ)
                                                   မြစ်မခ မှကူးယူဖေါ်ပြသည်............

No comments:

Post a Comment