*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 13 July 2013

အမျိုးစောင့် ဥပဒေနှင့် လူ့အခွင့်အေ၇း

ကျွန်တော့်ကို အမျိုးစောင့် ဥပဒေကို ထောက်ခံ လား မထောက်ခံဘူးလား မေးရင်

 ကျွန်တော် ဘာမှ ဖြေမှာ မဟုတ်ဘူး ။
ဘာ့ကြောင့်လဲ ဆိုတော့ ဖြေနေစရာ မလိုဘူးလေ ... ။


ခု လူတွေက အမျိုးစောင့် ဥပဒေကို ကန့်ကွက်နေတာ လူ့အခွင့်အရေး ဆိုတဲ့ စကားစု ၁ ခုနဲ့ ကန့်သတ်နေကြတာပါ ။

ဒါဆို ကျွန်တော်တို့ ကြည့်လိုက်ကြပါဆို လူ့အခွင့်အရေးကို သုံးနေတဲ့ US ကို .... ။
သူတို့ နိုင်ငံ အတွက် လူ့ အခွင့်အရေးဆိုတာ သိပ်ကိုလိုအပ်တာပေါ့ဗျာ ။
ဘာ့ကြောင့်လဲ ... ?

သူတို့ဟာ ကျွန်တော်တို့ နိုင်ငံလို ကိုယ့်ထီး ၊ ကိုယ့်နန်း ၊ မှ မဟုတ်တာ ။
နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ စုပေါင်းပြီးမှ US ဆိုတဲ့ နိုင်ငံ ဖြစ်ပေါ်လာတာ ။
ဒီတော့ လူမျိုးပေါင်းစုံကို ထိန်းချုပ်တာ လူ့အခွင့်အရေးနဲ့ပါ ။

ကျွန်တော်တို့ နိုင်ငံကို ပြန်ကြည့်မယ်ဆိုပါဆို့ . ။
ကျွန်တော်တို့ နိုင်ငံဟာ တိုင်းရင်း သားပေါင်းစုံနဲ့ ဟိုးအရင်းကတည်းက မြန်မာ နိုင်ငံတော်ဆိုပြီး တည်ထားခဲ့တာ ကြာပါပြီ ။
နှစ်တွေ ကြာညောင်းခဲ့ သလို ပထမ မြန်မာ နိုင်ငံတော် ၊ ဒုတိယ မြန်မာ နိုင်ငံတော် ဆိုပြီး ရှိလာခဲ့တာပဲ မဟုတ်လား ။

ဒီတော့ အချိန်တွေ တရွှေ့ရွှေ့နဲ့ ကုန်ဆုံးလာသလို ၊ ပြောင်းလဲ မှုတွေလည်း ဖြစ်လာတယ် ၊
ဖြစ်တယ် ပျက်တယ်ပေါ့ဗျာ ။
ဒီတော့ ဖြစ်တည်တာကို လက်ခံပြီး ပျက်စီးမှာကို ထိန်းသိမ်းရမယ် ။

ဒ့ါကြောင့် မို့ ကျွန်တော်တို့ အတွက် လိုအပ်လာတာ အမျိုးစောင့် ဥပဒေပဲ ။
လူ့ အခွင့်အရေးဆိုတာနဲ့ ပိတ်ပင်ရအောင် ကျွန်တော်တို့ကနိုင်ငံပေါင်းစုံ
က လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ မဟုတ်ပါဘူး ခင်ဗျာ ။

ခုဖြစ်နေတဲ့ပုံစံက ။
ကိုရီးယားမှာ အနွေးထည် ကြီးတွေ ၀တ်ရင် ၊
မြန်မာ နိုင်ငံမှာ လိုက်ဝတ်ကြတယ် ။
နိုင်ငံခြားမှာ တင်းဘားလမ်း အထူကြီးတွေစီးရင် ၊
မြန်မာ နိုင်ငံမှာ လိုက်စီးတယ် ။
ကိုယ့်နိုင်ငံရဲ့ ရာသီဥတု ကိုက်မဲ့ ပုံစံကို မသိဘူး ။
သူများ ပုံစံ ပုံတူ ကူးဖို့ပဲ သိတယ် ။
ကိုယ်နဲ့ ကိုက်မကိုက် ၊ ရာသီ ဥတု အခြေ အနေကို မသိဘူး လေ ။

အမျိုးစောင့် ဥပဒေနဲ့ လူ့ အခွင့်အရေးလည်း ဒီအတိုင်းပဲဗျ ။
ဒီတော့ကာ အမျိုးစောင့် ဥပဒေကို ထောက်ခံသည်ဖြစ်စေ ၊ မထောက်ခံသည်ဖြစ်စေ ။
စဉ်းစားပေါ့ဗျာ ၊
တိုင်းတပါး ရဲ့ အမြင် မလွှမ်းပဲ ကိုယ်ပိုင် အမြင်နဲ့မြင်ကြည့်ပေါ့ဗျာ ။

ဒီလောက်ပါပဲ ဆက်ပြီး ဥပမာ ပြနေရင်............................................

                    
me
                                                            We Love True မှ ကူးယူဖေါ်ပြသည်....
                                                            

No comments:

Post a Comment