*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 25 July 2013

ကျေးလက်အထိ မိုဘိုင်းကွန်၇က် ပျံ့နှံ့စေ၇န်..........


ကျေးလက်အထိ မိုဘိုင်းကွန်၇က်ပျံ့နှံ့စေရန် အော်ပရေတာများ၏ ငွေကြေးဖြင့် ရန်ပုံငွေထားရှိမည်


ပြည်တွင်းမိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများကို အော်ပရေတာများက လုပ်ကိုင်ပြီး နောက်ပိုင်းတွင် ကျေးလက်ဒေသ
များအထိ မိုဘိုင်းကွန်၇က်ပျံ့နှံ့စေရန်နှင့် အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မိုဘိုင်း
အော်ပရေတာများ၏ငွေကြေးဖြင့် ရန်ပုံငွေထားရှိခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။


ယင်းသို့ မိုဘိုင်းအော်ပရေတာများငွေကြေးဖြင့် ရန်ပုံငွေထားရှိခြင်း (Universal Service Fund) လုပ်ကိုင်ရန် ဆက်သွယ်ရေး ဥပဒေမူကြမ်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး အော်ပရေတာများအနေဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ဆောင်ရာတွင် ဆက်သွယ်ရေးကွန်ရက်မရောက်ရှိနိုင်သည့် ကျေးလက်ဒေသများတွင် မိုဘိုင်း
တာဝါတိုင်များ တည်ဆောက်ခြင်းနှင့် အိုင်စီတီဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။

ယင်းသို့ထည့်သွင်းခြင်းမှာ ဆက်သွယ်ရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် သွားရောက်ဆွေးနွေးသည့်အချိန်၌ ထည့်သွင်းလိုက်ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်တွင် သွားရောက်ဆွေးနွေးခဲ့သူ ကွန်ပျူတာအသင်းချုပ် အလုပ်အမှုဆောင် ဦးဇော်မင်းဦးက မဇ္ဈိမသို့ ပြောသည်။

ဦးဇော်မင်းဦးက “အိုင်စီတီဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေတွေထားရမယ်။ အဲဒီရန်ပုံငွေတွေကို Communication Development  (ဆက်သွယ်ရေးဖွံ့ဖြိုးမှု) နိမ့်ကျတဲ့နေရာတွေမှာသုံးဖို့နဲ့ လိုအပ်ရင် အိုင်စီတီဧရိယာတွေမှာသုံးဖို့
ဆွေးနွေးတယ်”ဟု ပြောသည်။

အဆိုပါရန်ပုံငွေများကို ဆက်သွယ်ရေးဝန်ကြီးဌာနက ထိန်းသိမ်းကာလိုအပ်သည့် ဆက်သွယ်ရေးဖွံ့ဖြိုးမှု လုပ်ငန်းစဉ်
များကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဥပဒေတွင်ပါရှိပြီး ကောက်ခံရမည့် ရာခိုင်နှုန်းပမာဏကို ဆက်သွယ်ရေးနည်းဥပဒေတွင် ထပ်မံထည့်သွင်းဖွယ်ရှိကြောင်း ၎င်းကပြော သည်။

ဦးဇ်ာမင်းဦးက “ဥပဒေအရတော့ ၀န်ကြီးဌာနကို လုပ်ပိုင်ခွင့်ပေးထားတယ်။  Fund ကောက်ဖို့၊ ထိန်းသိမ်းဖို့က Regulator (ညွှန်ကြားမှုဦးစီးဌာန) ကကောက်ပြီး ထိန်းသိမ်းပေးမယ်”ဟု ပြောသည်။

ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်မူ ဆက်သွယ်ရေးဥပဒေကြမ်းတွင် ပါဝင်သည့်အချက်များကို လိုက်နာ
ဆောင်ရွက်သွားရမည်ဖြစ်သည်ဟုလည်း ဆက်သွယ်ရေးသင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောသည်။

၎င်းက “အဲဒါကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထိန်းချုပ်ပြီးလုပ်မှာ။ ကျွန်တော်တို့ အော်ပရေတာတွေအနေနဲ့ ဆက်သွယ်ရေး ဥပဒေမှာပါတဲ့အချက်တွေကို လိုက်နာပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

မိုဘိုင်းအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် လူဦးရေထူထပ်သော မြို့ကြီးများတွင် ဆက်သွယ်ရေး ကွန်ရက်ကောင်းစေရန် လုပ်ပေးရုံသာမက ကျေးလက်ဒေသရှိ ပြည်သူလူထုများပါ မိုဘိုင်းကွန်ရက်
ကောင်းမွန်စွာ အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း ပြည်တွင်း အိုင်စီတီ ပညာရှင်များက သုံးသပ်သည်။

Red link ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က “ဒေသအကုန်လုံး ဆက်သွယ်ရေးကွန်ရက် မဖွံ့ဖြိုးရင် အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ ရွေးချယ်ထားတဲ့ အော်ပရေတာတွေကိုလည်း ဘယ်နှစ်အတွင်း ဘယ်ဧရိယာကို နက်ခ်ဝပ်ဘယ်လောက်ရောက်အောင်လုပ်ရမယ် ဆိုတာရှိတယ်။ တချို့ဧရိယာတွေကတော့ ကျန်ကောင်းကျန်နေဦး
မှာပေါ့” ဟု သုံးသပ်ပြောကြားသည်။
                                               မဇ္ဈိမ သတင်းမှ မျှဝေဖေါ်ပြသည်

No comments:

Post a Comment