*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 17 July 2013

DELL ကုမ္မဏီ“၏ အစီအစဉ်သစ်.........


Dell ကုမ္ပဏီက ဝတ်ဆင်နိုင်သည့် computing device ထုတ်လုပ်ရန် စီစဉ်နေ

  • Thursday, Jul 11 2013
  • Written by 

PC ဈေးကွက်တွင် ရုန်းကန်နေရသည့် Dell ကွန်ပျူတာ ကုမ္ပဏီသည် ဝတ်ဆင်နိုင်သည့် computing device များ ပြောင်းလဲ ထုတ်လုပ်ရန် စီစဉ်နေကြောင်း  သိရသည်။



Dell ၏ PC ဌာနမှ ဒုဥက္ကဋ္ဌဖြစ်သူ sam Burd၏ အဆိုအရ ကုမ္ပဏီအနေဖြင့် ဝတ်ဆင်နိုင်သည့် Computing device ဈေးကွက် အတွက် စိတ်ကူး အကြံဉာဏ်များ ရှာဖွေနေကြောင်း Guardian သတင်းဌာနမှ ဖော်ပြခဲ့သည်။ လူ့ခန္ဓာကိုယ်တွင် ဝတ်ဆင် အသုံးပြုနိုင်သော computing device များအနေဖြင့် Google က ဦးခေါင်းတွင် တပ်ဆင်ကာ သုံးနိုင်သည့် မျက်မှန်တစ်မျိုးကို သုံးစွဲ သူ ထောင်ပေါင်းများစွာထံ စမ်းသပ် အသုံးပြုခွင့် ပေးခဲ့သည်။ ထို့အပြင် ကာလီဖိုးနီးယား ကုမ္ပဏီ Pebble ကလည်း Bluetooth နှင့် ချိတ်ဆက်နိုင်သော စမတ်နာရီ ၈၅၀၀၀ ကျော် ကို ရောင်းချ ခဲ့သည်။
Apple ကုမ္ပဏီကလည်း iWatch ဟု ခေါ်သည့် ထုတ်ကုန် တစ်မျိုးကို မိတ်ဆက်ပေးရန် စီစဉ်နေပြီး Samsung, Foxcom, Sony, LG နှင့် Philips တို့ကလည်း ဝတ်ဆင်နိုင်သည့် device အချို့ကို မိတ်ဆက်ပေးရန် စီစဉ်နေလျက် ရှိသည်။ Dell ကုမ္ပဏီ အနေဖြင့် ဝတ်ဆင်နိုင်သည့် Computing device ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် စီစဉ်နေချိန်တွင် Dell PC ရောင်းချမှုမှာ ကျဆင်းလျက် ရှိသည်။ ဒုတိယ သုံးလပတ်ကထက် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဝင်ငွေ အနေဖြင့် ၆၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကမ္ဘာ့ PC ဈေးကွက်တွင် HP နှင့် Lenovo တို့၏ နောက် တတိယ နေရာ၌သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
နောင်နောင်
Internat Journal
                                               မြ၀တီ နည်းပညာ မှ ကူးယူဖေါ်ပြသည်.......

No comments:

Post a Comment