*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 14 July 2013

Website တွေကို ဘယ်လို ကာကွယ်ကြမလဲ

Website တွေကို ဘယ်လို ကာကွယ်ကြမလဲ

Web developer များအနေဖြင့် website တစ်ခုကို create ပြုလုပ်ရန် ပထမ ဦးစွာ လိုအပ်သည့် software များဖြင့် ဖန်တီး ရပါသည်။ ထိုသို့ ဖန်တီးရာတွင် အားနည်းချက် ရှိသော Software များကို အသုံးပြုမိပါက အလွယ်တကူ Hack  လုပ်ခြင်း ခံရ နိုင်သောကြောင့် Web Developer များသည် အတွေ့အကြုံ ရှိပြီး Software များ၏ အားနည်းချက်များ Vulnerability  ကို သိရှိထားရန် လိုအပ် ပါသည်။

Web Admi များသည် Website တစ်ခု၌ Post များ တင်ရာတွင် အသုံးပြုသော Password များကို 


အလွယ်တကူ အသုံးပြု ကြလေ့ ရှိသည်။ တချို့ Web Admin များသည် ၎င်းတို့  Website များကို နေရာ မျိုးစုံမှ အသုံးပြု နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း ထိုသို့ ပြုမူခြင်းသည် Hacker များကို ဖိတ်ခေါ် နေသကဲ့သို့ ဖြစ်ပြီး  Password တစ်မျိုးတည်း ကိုသာ   အသုံး ပြုခြင်းမှ ရှောင်ကြဉ် သင့်ပါသည်။
လုပ်ငန်းရှင် တစ်ယောက် အနေနှင့် License Software များ အသုံးပြု ပါက ကုန်ကျမှု များနိုင်သောကြောင့် တရားမဝင် OS နှင့် Pravite Software များ အသုံးပြု ကြခြင်းသည်လည်း  အားနည်းချက် တစ်ရပ် ဖြစ်ပါသည်။ မိမိ၏ Website Security အတွက် လိုအပ်သော Firewall များကို ငွေကြေး ကုန်ကျခံပြီး  သုံးစွဲရန် လိုအပ်ပါသည်။   ဥပမာ- Joomla  တွင် အသုံးပြု နိုင်သော Software Firewall  များကို အသုံးပြု သွားရမည် ဖြစ်သည်။
Website တွင် Post လုပ်သူများ အနေနှင့် ၎င်းတို့ အသုံးပြုသော PC ကို Antivirus များ ထည့်သွင်း ထားရပါမည်။ Antivirus ထည့်သွင်း ထားသော်လည်း Update မဖြစ်ပါက Backdoor ဝင်ပြီး Password များ ပါသွား နိုင်ပါသည်။ E-mail , Facebook စသော Password များ ပါသွား နိုင်ပါသည်။ Software Old Version များတွင် အားနည်းချက်များ ပါနိုင်သည့်အတွက် error/Backdoor ပါသော Software များကို သိရှိထားရန် လိုအပ်ပါသည်။
Web Developer များသည် မိမိ Website ကို Control    လုပ်နိုင်ရန်     Write access များကို မည်သူမျှ မသိနိုင်ဘူး အထင်ဖြင့် ခွင့်ပြု ထားခြင်း မျိုးက လည်း အားနည်းချက် တစ်ရပ် ဖြစ်ပါသည်။
Script များကို  Upload ပြုလုပ်နိုင်ရန် ခွင့်ပြု ထားခြင်းသည် Shell များကို ထားရှိ နိုင်သည့် အတွက် ပိတ်ထားသင့်သည်။ Database များ အား ပြုပြင်နိုင်ရန် Database User များကို လိုအပ် သလောက်သာ ခွင့်ပြုရမည် ဖြစ်သည်။
မိမိ Website သည် အမြဲတမ်း အားနည်းချက် ရှိပြီး အတိုက်ခံရနိုင်သည်ဟု တွေးထင်ထားရမည်ဖြစ်ပြီး Web Security သီးခြားထားရှိကာ စစ်ဆေးနေရမည်ဖြစ် သည်။ သို့မဟုတ်ပါက စိန်ခေါ်သလိုဖြစ်ပြီး လူငယ် Hacker များ၏ လက်တည့်စမ်း တိုက်ခိုက်မှု များကို ခံရ နိုင်ပါသည်။ Netsparker, Open VAS, Fiddler များနှင့် အမြဲ စစ်ဆေး နေသင့်ကြောင်း အကြံပြု ရေးသား လိုက်ရပါသည်။      ။
                                                           မြ၀တီ သတင်း မှကူးယူဖေါ်ပြသည်

1 comment:

  1. Nice post which I was waiting for such an article and I have gained some useful information. app development in USA

    ReplyDelete