*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 1 September 2013

ကိုယ်လုပ်ချင်တာပဲ လုပ်မယ်ဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ဖို့လိုတယ် မာရဇ္ဇ




အောင်မြင်နေတဲ့ မြူးဇစ်လမ်းမပေါ်မှာ လမ်းဆက်မလျှောက်ဘဲနောက်ထပ်လမ်းသစ် တစ်ခုကို ထပ်ဖောက်ခဲ့တဲ့ မာရဇ္ဇ။ ကိုယ်သွား ချင်တဲ့ လမ်းကြောင်းကိုပဲခေါင်းမာမာ နဲ့ရွေးချယ် ပြီး ရွက်လွှင့်ခဲ့တဲ့ သူတိုင်းအခက်အခဲ ကတော့ ကြုံရစမြဲပါ ။မာရဇ္ဇလည်း ကြုံခဲ့ရတာပါပဲ။”ဒီအတွက် စိတ်ဓာတ်ကတော့ ကြံ့ခိုင် ရမှာပါ။ ကိုယ်လုပ်ချင်တာတွေ လုပ်ပြီး ပရိသတ်နဲ့မတည့်တော့တဲ့ အခါကျတော့ တစ် ခါတလေ အစ်ကိုလည်း ညစ်တာပဲလေ။ နောင်တဆိုတာတော့ မရပါဘူး။ ဒါပေမဲ့ ငါ ဘာလုပ်ရင်ကောင်းမလဲ၊ ငါမှားနေပြီလား ဆို ပြီးတစ်ခါတစ်ခါ အမြဲတမ်း သုံးသပ်မိပါတယ်။ သုံးသပ်ပြီးသွားပြန်တော့လည်း နောက်ဆုံး ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ဖို့အတွက်ပဲ ရှေ့ ကို ပြန်ေ လျှာက်မိတာပါပဲ” လို့ မာရဇ္ဇက ကိုယ် လုပ်ချင်တဲ့ အနုပညာအတွက် ဘယ်လောက် ပဲ ခက်ခဲခဲ့ပါစေ ၊နောက်မပြန်ဆုတ်ခဲ့ဘူး ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။
 
 လွန်ခဲ့တဲ့ ၁ဝ စုနှစ်ကာလတုန်းက လူငယ်တွေရဲ့ ပါးစပ်ဖျား မှာအမြဲတမ်း ဆိုညည်းနေကြတဲ့’ ဆွဲအား’သီချင်း ရဲ့ ဖန်တီးရှင် မာရဇ္ဇက အခုချိန်မှာ ဒီလိုသီချင်း မြူးဇစ်ပုံစံမျိုးသာ ထပ်လုပ်မယ်ဆိုရင်  မှန်ပေမယ့်လည်း သူဒီမြူးဇစ်ကို ထားခဲ့ပြီး ‘ဆယ့်နှစ်လက်မတစ်ပေ’ သီချင်းမြူးဇစ် ပုံစံ အသစ်တစ်ခုဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ”ဆွဲအားလို သီ ချင်းမျိုးကို အစ်ကိုက ၁၆နှစ်သားတုန်းက ရေးခဲ့တာဖြစ်တဲ့အတွက် အခုချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ 

လူ တစ်ယောက်က မြစ်တစ်ခုမှာရေတစ်ခါပဲ ချိုးလို့ရတ ယ်။ ရေနှစ်ခါချိုးလို့မရဘူး။  ဒါကို ထပ်လုပ်မယ်ဆိုရင် အတုပဲဖြစ်မှာပဲ။ ဒီသီချင်း ပုံစံမျိုးကိုပဲ တည်ပစ်မယ်ဆိုရင် ကိုယ့်ကိုယ် ကိုယ်လည်း မရိုးမသား မလုပ်ချင်ဘူး ။ဒါေ ကြာင့် ကိုယ်ကြိုက်တဲ့မြူးဇစ် ပုံစံကို ထပ်တွေ့တဲ့အတွက် ကိုယ်ပြောင်းပြီး လုပ်ခဲ့ တာပါ”လို့ပြောပါတယ်။ ကိုယ်ကြိုက်တဲ့ မြူးဇစ် ထဲကနေ ရုန်းထွက်ပြီး၊ လူနည်းစု ပဲကြို က်သေး တဲ့ မြူးဇစ်ပုံစံအသစ် တစ်ခုကို တိုးဝင်ခဲ့တဲ့ မာရဇ္ဇက ဒီလူနည်းစု ပရိသတ်တွေနဲ့ပဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရှေ့ဆက် သွားမယ်လို့ သူရဲရဲဝင့်ဝင့် ဆိုခဲ့ပါတယ်။” ကြိုက်တဲ့ လူငယ်တွေလည်း အများကြီး ရှိပါတယ်။ အဲဒီလိုမျိုးမှ မရှိဘူးဆိုရင်တော့ ကိုယ်လုပ်တာမှားနေပြီပေါ့။ 

ကိုယ့်အနေနဲ့ ဒီမြူးဇစ်လမ်းကြောင်းကို ရမ်းသန်းပြီး မျက်စိ မှိတ်လျှောက်နေတာမဟုတ်ဘူး။ ကိုယ်တို့ လုပ်ချင်တဲ့ မြူးဇစ်က ပရိသတ်တွေနဲ့ မတည့် သေးတာပါ။ ဒါပေမဲ့ တစ်နေ့တော့ ဒီမြူးဇစ် နဲ့ တည့်မှာပဲဆို တဲ့ မျှော်လင့်ချက်တစ်ခုနဲ့ လုပ်နေတာပါ။ ဒီမြူးဇစ်ကို ကြိုက်နေတဲ့ လူ ငယ်တွေကိုလည်း စိတ်မပျက်စေချင်ဘူး။ စိတ်ပျက်သွားမှာ စိတ်ပူတယ်။ သူတို့ကြောင့် လည်း ကိုယ်ပိုပြီး ကြိုးစားဖြစ်ခဲ့တာပါ။ နောက် ကိုယ်ရဲ့ပရိသတ်အဟောင်းတွေကို လည်း စိတ်မပျက်စေချင်ဘူး။ ကိုယ်တတ် နိုင်သရွေ့ ညီမျှအောင်လုပ်ပြီး သွားနေတယ်။ ပရိသတ်အဟောင်းတွေကိုလည်း ပစ်ပယ် ထားလို့မရဘူး။ ပရိသတ်အဟောင်းတွေ ဒီ မြူးဇစ်ကို ဘယ်လိုနည်းနဲ့ ကြိုက်လာအောင် မြှူဆွယ်ရမလဲဆိုတာလည်း အမြဲစဉ်း စား နေပါတယ်”။ဒါကတော့ အရင်ပရိသတ် အဟောင်းတွေနဲ့ အခုလက်ရှိ ပရိသတ် အသစ်တွေအပေါ် မာရဇ္ဇရဲ့စကားပါ။

ပရိသတ်ကြိုက်တဲ့ သီချင်းပုံစံ၊ ဂီတအမျိုးအစား ကို ရွေးချယ်ပြီး စင်ပေါ်တက်နိုင်ဖို့လုပ်နေကြတဲ့ အချိန် မှာ စင်ပေါ်တက်ဖို့ ပါမစ်ရပြီးသား မြူးဇစ်ပုံစံတွေကို ဘေးဖယ်ပြီး မြူးဇစ် ပုံစံအသစ်နဲ့ စင်ပေါ်တက်ဖို့ ကြိုးစား နေ တဲ့မာရဇ္ဇ။ကြိုးစားနေဆဲကာလ အတွင်းမှာတော့ မာရဇ္ဇကို ရှိုးတွေမှာ အတွေ့ရကျဲသွားခဲ့တယ်။”အစ်ကို့အနေနဲ့ ပွဲတွေမှာ မဆိုဖြစ်သလောက်ပါပဲ။ ပွဲတွေကို ရှောင်တာ များခဲ့တယ်။ ရှောင်ရင်း၊ ရှောင်ရင်းနဲ့ပွဲလုပ်တဲ့လူတွေနဲ့ အဆက် အသွယ်ပြတ်ပြီးတော့ကိုယ်က ဘေး ထွက်ထိုင်ရသလိုမျိုးဖြစ်နေတယ်။

 ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူ ငယ်ချင်း ပွဲတွေလောက်ပဲဆို ဖြစ်တယ်။ ရှိုးတွေ မှာတော့ အစ်ကို ပျောက်သလောက် ဖြစ်နေပြီ။တီးဝိုင်းတစ်ခုက ငှားမယ်။ ကိုယ်ဆိုပြချင်တဲ့သီချင်းက ဒီလိုမျိုးတွေ ဖြစ် တယ်။ သီချင်းတိုက်ရမှာနဲ့ဘာနဲ့ပေါ့။ အဲဒီတော့ ကိုယ်က ရွေးချယ်တော့ သူတို့က လည်း အစ်ကို့ကိုပြန်ရွေးချယ်တယ်။ဒါကြောင့်  အခု လောလောဆယ် ဆယ်တော့ေ ဘးထွက် ထိုင်နေရတာပေါ့။ထိခိုက်မှုတွေကတော့ရှိ တာပေါ့”လို့ ဆိုခဲ့တဲ့ မာရဇ္ဇကဘယ်လို အခက် အခဲတွေပဲရှိနေပါ စေ၊သူ့ရဲ့ပရိသတ် အတွက်နောက် ထပ်အခွေသစ် ကို စတင်ပြင် ဆင်နေပြီဖြစ်ပါ တယ်။
 
လင်းအက္ခရာ 
                        Popularmyanmar.com မှ မျှဝေဖေါ်ပြသည်..

No comments:

Post a Comment