*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 12 August 2013

ကျွန်တော် ငယ်ငယ်


ကျွန်တော် ငယ်ငယ်

ကျွန်တော့် အကြောင်းကိုကျွန်တော် ပြန်အမှတ်ရစေဖို့ ဒိုင်ယာယီသဖွယ် ပြုစုမယ်လို့ ရည်ရွယ်ခဲ့တာ
ခုထိပဲဆိုပါတော့ မရေးဖြစ်သေးဘူး ဒီနေ့ ဘလော့ဂါတစ်ယောက်ရဲ့ ဆိုဒ်မှာ သူ့အကြောင်းဖော်ပြထားတာတွေ့
တော့ ကျွန်တော်လည်းကိုယ့်အကြောင်းကိုယ်ရေးဖို့ စတင်တော့တာပဲ . ဒါက အစပဲ.
ကျွန်တော်က ခုမှသာ ကွန်ပြူတာကို လက်နဲ့ ရင်းနှီးနေတာ ငယ်ငယ်ကနေ ဘွဲ့ရတဲ့အထိ ကွန်ပြူတာကို မကိုင်ဖူးဘူး သေချာ လည်း မမြင်ဖူးဘူး . ဘာပဲဖြစ်ဖြစ် ခု ဒီလို စာလေး ရေးနိုင်တယ်ဆိုတော့ ဂုဏ်ယူမိတယ် .ဘာပဲဖြစ်ဖြစ် အကြောင်းအရာ ထူးထူးခြားခြား ရှိရင် ရေးချင်တဲ့ စိတ်က ဖြစ်နေလေတယ်လေ ငယ်ငယ်က အကြောင်းလေးတွေကိုပေါ့ . သတိတရ ရှိချင်တာပါ …
ကျွန်တော်ငယ်ငယ်က လုပ်ခဲ့ဖူးတာတွေ ပြောအုံးမယ် . ငယ်ငယ်က ကျောင်းတက်လို့ အပြီး နွေကျောင်းတွေ 



ပိတ်တဲ့ အခါမှာဆို ကျွန်တော်တို့ဘက်က တောဘက်ဆိုတော့ လယ်ယာတွေ ကိုင်းတွေနဲ့ ပေါ့ ဒါတွေကို ထွန်ယက်ဖို့ နွားတွေ မွေးရတယ် ခိုင်းနွားတင်မကဘူး နွားအပိုတွေပါ မွေးတာ. အဲ့ဒီတော့ ကျွန်တော်က ယောက်ျားလေးဆိုတော့ အလိုလို အလုပ်တစ်ခု ရသွားတာပေါ့ ဗျာ. အလုပ်က “နွားကျောင်းသား”ဆိုတဲ့ အလုပ်ပဲ …..ကျွန်တော် ငယ်ငယ်က နွားကျောင်းရတာ နေပူထဲ သွားရတာဆိုတော့ လူက မဲလိပ်နေတာပဲ ခုထိ အရောင်က မပြောင်းနိုင်သေးဘူး မဲလိပ်မဲလိပ်နဲ့ သူငယ်ချင်းတွေနဲ့ မိသားစုက . ပြောကြတယ် မင်းက အသားကို ဖြူမလာဘူးတဲ့ . ဟီး ဟီး .. အသားအရေ ကောင်းကြောင်း ကြွားတာနော် ..…ခုဒီအင်တာနက် ကိုသုံးတာလည်း စာဖတ်တာ ဝါသနာပါလို့ စာပေကိုလေးစားလို့ လိုက်ဖတ်နေတာ သူများစာတွေ အားကျလို့ ခု ရေးနေတယ်ဆိုပါတော့ဗျာ. ကျွန်တော် ခုဖြတ်သန်းနေတာမှာ ငယ်ငယ်က မကောင်းတာလား အတိတ်က မကောင်းတာလား မသိဘူး ကံကောင်းတာ ဆိုတာကို မှန်ဘီလူးနဲ့ ကြည့်ယူ၇တယ် … ကြွားတာပါ …
ခု လူက ငမွဲ .. မွဲပေမဲ့ ချစ်သူပေါလားဆိုတော့ ဟီးဟီး မရှိ… အဲ့ဒီလောက်တောင် ပေါများတာ အကြောင်းက ကျွန်တော် ငယ်ငယ်က အကုသိုလ် များတဲ့ ကောင်လေးဗျ . တံငါနား နီးတံငါ မုဆိုးနားနီး မုဆို ဆိုပါတော့ဗျာ ကျွန်တော် နေတာက တောအရပ်ဆိုတော့ သူများအသက်ကလေးတွေကို သတ်ဖို့ရာများ လွယ်လွယ်လေးဗျာ တောထဲက ထွက်တဲ့ အကောင်လေးတွေကို ဟင်းလျာအဖြစ် ကျွန်တော် တို့ တောအရပ်မှာ အသုံးဝင်တယ်ဗျာ့ အဓိက အများစုကတော့ ငါး .. ကြွက် .. ဖား … ငှက် … နဲ့ တစ်ခြား စားရတဲ့ တိရိစ္ဆာန်လေးတွေပဲ . ကျွန်တော် ငယ်ငယ်က ဘာမသိ ညာမသိ သူများအသက် သတ်တယ် အဲ့ဒီအထဲမှာ ကြွက်ဆိုတဲ့ သတ္တဝါ ကို အသတ်များ ဆုံးပဲ ခု ဒီဘက်က အိမ်ကြွက်တွေ လိုတော့ မဟုတ်ဘူး သူတို့က တောထဲမှာ နေတယ် လယ်ကွင်းပြင်ထဲမှာ နေတယ် …..ဘယ်အချိန် ဘယ်လို ခံစားရမယ်တော့ မသိဘူး လုပ်ခဲ့မိတယ် မသိခဲ့တာပေါ့ဗျာ …ငယ်ငယ်က ဘာလို့ အဲ့ဒါကို ဝါသနာပါခဲ့လဲ ဆိုရင် သူက လွယ်လွယ်နဲ့ မရဘူး သူ့ကို ရဖို့ စွန့်စားရတယ် ဗျ . တောကောင်လေးတွေဆိုတော့ သူတို့အသက်ကို ကာကွယ်ဖို့ အမျိုးမျိုး ကြိုးစားကြတာပေါ့ . (သက်ရှိတိုင်း မိမိအသက်ကို မြတ်နိုးကြသည်) သူတို့ ကြိုးစား ထွက်ပြေး တယ် ကျွန်တော် တို့က နောက်က လိုက်တယ် သူတို့ သေရမှာ ကြောက် ရွံ့ နေတဲ့အချိန်မှာ ကျွန်တော် တို့က သွေး ဆူဆူနဲ့ သနားဖို့ အလျဉ်းမရှိ လိုက်သတ်တယ် မရရအောင် သတ်တယ် ဘာရယ်မဟုတ် ဝါသနာက ကို သတ်ချင်နေတာ . (ခုတော့ မှားမှန်းသိပါပြီ … ပြင်လို့ရသမျှ အကုန် ပြင်ဖို့ ရှိပါတယ်) အဲ့ဒီ့  ကြွက်အကြောင်း ပြောအုံးမယ် …ကြွက်ဆိုတဲ့ သတ္တဝါက မြေကြီးထဲမှာ တွင်းတူးပြီးနေတယ် သစ်ပင်တွေပေါ်မှာ အသိုက်ဆောက်တယ် နောက် သစ်ခလောင်းတွေထဲမှာ ဝင်ပြီး အောင်းနေတယ် သူတို့ အသိုက်တွေကို ညဖက်မှာ သစ်ကိုင်းလေးတွေကို ပါးစပ်က သွားလေးတွေနဲ့ ကိုက်ဖြတ်ပြီး တစ်ကိုင်း ချီတစ်ကိုင်း သယ်နဲ့ အုံဖွဲ့ကြတယ် ဒါတွေကိုကျွန်တော် တို့ အဲ့ဒီအချိန်တုံးက စာနာရမှန်း မသိဘူး . သူတို့ လုပ်လက်စ တွေ့တဲ့ အသိုက်တွေ့ပြီဆို ကျွန်တော် တို့ ခေါ်တာက အုံစို လို့ခေါ်တယ် အဓိကကတော့ ကြွက်တွေ နေတာပေါ့ … ဘာရယ်မဟုတ် ဝါသနာက ကို အကုသိုလ်ဘက်ကို ယိုင်နေတော့ စာနာရမှန်းမသိဘူး အုံတွေကို လိုက်ဖွတယ် လေးခွနဲ့ ပစ်တယ် အထဲမှာ ရှိတဲ့ အကောင်က မထွက်ပဲ ဘယ်နေရဲပါ့မလဲ ထွက်လာတာပေါ့ ထွက်လာလေ ဒီက ကောင်က လက်ထဲက လောက်လေးခွလို့ခေါ်တဲ့ လက်နက် နဲ့ ဆော်တော့တာပဲ နေ့တိုင်းလိုလို သတ်စရှိနေတဲ့ လက်တွေဆိုတော့ သိပ်မပစ်ရဘူး မှန်တော့တာပဲ ဗျာ နောက် သေတာပေါ့ …. ဒီလောက် ရိုင်းစိုင်းလာတာ ကို ခုမှ ကျွန်တော် တွေးမိတယ် တော်တော် အသိတရားကင်းမဲ့ခဲ့တာပဲလို … အဲ့ဒီ သတ္တဝါနေရာမှာ ကိုယ်သာဆိုရင် ……. ဆိုပြီး တွေးလိုက်တာ ဘာမှကို အကောင်းမရှိတဲ့ စိတ်နဲ့ လုပ်ခဲ့တာပဲလို့ ကိုယ့်ကိုယ်ကို ခုထိ ယူဆနေတုန်းပဲ(နောင်တ ) ပေါ့ တစ်ခါ အဲ့လို အုံ စို တစ်ခု တွေ့တယ် ကျွန်တော်  သိတယ် ဒီအထဲမှာ အကောင်ရှိတယ် ဒီတော့ လေးခွကို ချိန်လိုက်တယ် ပစ်တယ်ပေါ့ဗျာ ကြွက်က တော်တော်နဲ့ ထွက်မလာဘူး နောက် မနေနိုင်လွန်းလို့ထွက်လာတယ်
ကြွက်က အဝေးကြီး မသွားဘူး အနီးနားမှာပဲ ပတ်ပြေးနေတယ် လေ မကြာပါဘူး လေးခွပစ်ချက်မှန်လို့ သေသွားတာပေါ့ .. နောက် ကျွန်တော်  ကြွက်သေကိုကြည့်လိုက်တယ် … ကြွက်မကြီးဖြစ်နေတယ် နောက် သားတက်မအေလို ပဲ နို့တွေနဲ့ လေ ဒါနဲ့ ကျနော် အပေါ်က အုံစိုကို မော့ကြည့်လိုက်တယ် . အုံအတွင်းထဲမှာ ရွစိ ရွစိနဲ့ ကြွက်နီတာရဲလေးတွေ မျက်လုံးတောင် မပွင့်သေးဘူးဗျာ …….သူတို့ ကို သနားလိုက်တာဗျာ .. ခုတော့ သူတို့အမေက ကျွန်တော့်ရှေ့မှာ သေသွားပြီလေ ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး ဝမ်းနည်းလိုက်တာ .. ဘယ်သူမဆို ဝမ်းနည်းမိမယ် အဲ့လို ဖြစ်အောင်လုပ်တဲ့သူကို သတ်ချင်နေလိမ့်မယ် … တော်တော် အသိဥာဏ်တရား ကင်းမဲ့ တယ်လို့ ပြောလိမ့်မယ် ဘာလို့လဲဆိုတော့ အဲ့ဒီ ကြွက်ကလေးတွေမှာ သူတို့ နို့စို့နေကြ အမေဘယ်အချိန် ပြန်လာမလဲ စောင့်နေကြလိမ့်မယ် .. နောက် နို့ဆာတဲ့အခါ သူတို့ သူ့အမေကို အော်ခေါ်ကြလိမ့်မယ် . ကျနော် ဘာပြောရမှန်း မသိအောင်ပဲ ဝမ်းနည်းသွားမိတယ် ခုဒီအကြောင်းလေး ရေးနေတဲ့ အချိန်မှာတောင် ကျွန်တော့ ရင်အုံထဲ သူတို့ကလေးတွေရဲ့ အော်သံတွေ စူးရှနေလေရဲ့ဗျာ … ကျနော် အဲ့ဒါမျိုးတွေကို လုပ်ခဲ့ တယ် သတ်ခဲ့တဲ့ အသက်ပေါင်း ထောင်ချီခဲ့တယ် … တစ်ခါမဟုတ်ဘူး … … ငါတော်တော်မိုက်ခဲ့ပါလားလို့လည်း အပြစ်တင်နေမိတယ် … ဒါပေမဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေလို့ သူတို့က ကျေနပ်နေမိမှာမဟုတ်ဘူး ကျွန်တော်  တစ်ခု သတိထားမိတယ် ကျွန်တော် တတ်နိုင်တဲ့ ကုသိုလ်တွေလုပ်မယ် သူတို့ကို အမျှဝေပေးမယ် ကျွန်တော် သေရင်လည်း သူတို့ကိုလုပ်ခဲ့တဲ့ တန်ပြန်အပြစ်တွေ ခံ၇မယ်ဆိုတာ သိတယ် ခံရချင်လည်း ခံရပါစေတော့ ဘာလို့လဲဆိုတော့ လုပ်ခဲ့မိတဲ့ အပြစ်တွေအတွက် ကာယကံရှင် ကျွန်တော်မှ အပ ဘယ်သူမှ မမျှဝေနိုင်လို့ပဲ ခု အသက်ရှင်နေသမျှ ကျွန်တော့ စိတ်တည်ကြည်မှုတွေ ဖြစ်အောင် ထားမယ် ဒါ နဲ့အတူ ကုသိုလ် ပြုမယ် အများကို အထောက်အကူုတွေ ဖြစ်အောင်နေမယ်ပေါ့ .. စိတ်ကူးမိတယ် ယူဆမိတယ် အဲ့ဒီလမ်းခရီးကို ခု တာထွက်ကနေ စနေမိပါတော့တယ် … အတိတ်ကို ပြန်စဉ်းစားရင်း ကျွန်တော် ဝမ်းနည်းမိပါတယ် .. ဘယ်သူမဆို ဘယ်ပြစ်မှု မဆို ဘယ်အကုသိုလ် မဆို မလုပ်မိဖို့ ကျွန်တော် တောင်းပန်ချင်ပါတယ်…. မိမိကိုယ်ကိုယ် ကောင်းအောင်နေကြဖို့ တိုက်တွန်းပါတယ်…. လူ့ဘဝသက်တမ်းတစ်လျှောက်မှာ အမှားကင်းဖို့ ဆိုတာ မလွယ်ပေမဲ့ အမှားနည်းအောင် နေလို့ရတယ်ဆိုတာ မမေ့ပါနဲ့ သူငယ်ချင်း....

သတ္တဝါအပေါင်း ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ …

ဘာနေ ( < --- Credit )ေ၇းမိေ၇း၇ာလေးများမှ မျှဝေဖေါ်ပြသည်....


No comments:

Post a Comment