*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 30 August 2013

လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို မျက်စိမှ တစ်ဆင့် သိရှိနိုင်





 သင့်မျက်စိဟာ သင်ရဲ့ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို ပြောပြနိုင်မယ့် ပြတင်းပေါက် ဖြစ်တယ်လို့ သိရပါတယ်။ မြင်လွှာကို ပုံဖော်ကြည့်တာဟာ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို သိရှိနိုင်ပါတယ်။ မြင်လွှာဟာ ဦးနှောက်အတွင်း သွေးကြောတွေရဲ့ အခြေအနေတွေကို ဖော်ပြနိုင်တာကြောင့်ပါ ။ မြင်လွှာကို ပုံဖော်ကြည့်တာ (Retina Imaging) ဟာ ဈေးနှုန်းချိုသာပြီး ခွဲစိတ်မှု မပြုလုပ်ရတဲ့ မြင်လွှာအတွင်း သွေးကြောတွေကို စစ်ဆေးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ သုတေသီတွေက သွေးတိုးရောဂါရှိပြီး လေဖြတ်မခံရဖူးသူ ၂၉၀၇ ယောက်ကို ၁၃ နှစ်ကြာ လေ့လာခဲ့ပါတယ်။ 

 
မြင်လွှာအတွင်း သွေးကြောတွေ ပျက်စီးတာဟာ သွေးတိုးရောဂါကြောင့် ဖြစ်တတ်ပြီး Hypertensive Retinopathy လို့ ခေါ်ပါတယ်။ လေ့လာမှုပြု လုပ်စဉ်မှာ လူနာ ၁၄၆ ယောက်ဟာ သွေးခဲမှု ဖြစ်စဉ်ကြောင့် လေဖြတ်ဝေဒနာ ခံစားရပြီး ၁၅ ယောက်မှာမူ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ်ခံရတယ်လို့ သိရပါတယ်။ Hypertensive Retinopathy အသင့်အတင့် ရှိသူတွေမှာ လေဖြတ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုမြင့်မားပြီး ဆိုးရွားစွာ ရှိသူတွေမှာ ၁၃၇ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီလိုလူမျိုး တွေမှာ သွေးဖိအားကို ဆေးဝါးနဲ့ ထိန်းချုပ်နိုင်ရင်တောင်မှ ဦးနှောက်တွင်း သွေးခဲမှု ဖြစ်နိုင်ခြေဟာ Hypertensive Retinopathy အသင့်အတင့် ရှိသူတွေမှာ ၉၆ ရာခိုင်နှုန်း ပိုမြင့်မားပြီး ဆိုးရွားစွာ ရှိသူတွေမှာ ၁၉၈ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။
                               စွယ်စုံ ဂျာနယ် မှမျှဝေဖေါ်ပြသည်...

1 comment:

  1. ဆီး ၀မ်း သွေး လေ တစ်ခုခုချုပ်နေပြီဆိုရင် အဲဒီလူဟာ လေငန်း လေဖြတ် တစ်ခုခုဖြစ်တော့မယ်လို့သိပါ၊ သွေးတိုး ဆီးချို ရောဂါရှိ သူတွေဆိုရင်တော့ လေဖြတ်သွားနိုင်တယ်ဆိုတာသိကြပါ၊ လေဖြတ် လေငန်းမဖြစ်အောင် သင့် ဆီးဝမ်းသွေးလေ မှန်နေပါစေ ဒါဆိုရင် လေငန်း လေဖြတ် ရောဂါဖြစ်ဖို့ခဲယဉ်းပါတယ်ဆိုတဲ့အကြောင်း ဗဟုသုတ မျှဝေလိုက်ပါတယ်၊။ ဂျူလိုင်မိုးမမ

    ReplyDelete