*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 29 August 2013

တောင်ကိုရီးယား နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု လိမ်လည်ကာ လူကုန်ကူးမှု အန္တရာယ် မှ လက်မတင်လေး ကယ်တင်နိုင်ခဲ့




ထိုင်းနိုင်ငံ မဟာချိုင်မြို့ ကီလို12 ဘန်နန်းကြေးရပ်ကွက်မှာ နေထိုင်သူ မောင်မင်းချမ်းအောင် (မြန်မာနိုင်ငံ နေရပ်လိပ်စာ ကတော့ ထားဝယ်မြို့နယ် သရက်တောင်ကြီးရွာ)မှ မဟာချိုင်မြို့အနှံ့ရှိ
မြန်မာနိုင်ငံသားရွေ့ပြောင်း အလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု
ပြောဆိုပြီး တောင်ကိုရီးယား နိုင်ငံ၌ တစ်လလျှင်မြန်မာငွေ ၁၄သိန်းရမည်ဖြစ်ပြီး သွားလာမည့် စရိတ်ငွေကို အရစ်ကျ ငွေပေးရမည်ဟုဆိုကာ စည်းရုံးခဲ့ပါသည်။

ပထမဦးစွာ တောင်ကိုရီးယား နိုင်ငံကို သွားလိုသူများ စာရင်းဖြည့်ပြီးပါက ပထမဆုံး ဘတ်ငွေ ၃၀၀၀ (မြန်မာငွေ ၁သိန်း)ကို လက်ငင်းပေးဆောင်ရပါသည်.။


ထို့နောက် သွားမည့်နေ့တွင် ကားပေါ်တက်သည် နှင့် ဘတ် ငွေ ၁၂၀၀၀ ကို ထပ်မံပေးရမည် ဖြစ်ပြီး။

ကျန်ရှိသည့် ဘတ်ငွေ ၁၅၀၀၀ ကို တောင်ကိုရီးယား နိုင်ငံသို့ ရောက်ပြီးပါက လုပ်ဆပ်ရမည် ဟု ပြောဆိုစည်းရုံးခဲ့ပါသည်။ထို့နောက် တောင်ကိုရီးယား နိုင်ငံ၌ စက္ကူလုပ်ငန်းများနှင့် လက်အိတ် လုပ်ငန်း များ၌ ၀င်ရောက်လုပ်ကိုင်ရမည် ဟု ပြောဆိုခဲ့ပါသည်။

ထို့ပြင် ၄င်းသည် အမေရိကန်နိုင်ငံမှ စစ်မှုထမ်းတစ်ဦးဖြစ်ပြီး တာဝန်အရ ထိုင်းနိုင်ငံသို့
လာရောက်ရသည်ဟုပြောဆိုပြီး ယခင်ကလည်း လူပေါင်း ၇၀၀၀ကျော်ကို ပို့ဆောင်ပေးပြီးဖြစ်သည်
ဟု လိမ်လည်ပြောဆိုစည်းရုံးပြီး ယခုလ 28.5.2013 တွင် တောင်ကိုရီးယား နိုင်ငံကို ပို့ဆောင်ပေး မည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်ကို အမျိုးသမီးများမှာ တရုတ်နယ်စပ်၌ သွားရောက်လုပ် ရမည် ဖြစ်ပြီး အမျိုးသားများကိုမှု မည်သည့်နေရာ၌ သွားလုပ်ရမည်ကို မပြောဆိုပဲ စတင်ထွက်မည့်နေ၌ မိမိတို့နေအိမ်များမှ စောင့်နေဟု ပြောဆိုနေပါသည်။

ထို့သို့ ပြောဆိုနေမှုများကို တောင်ကိုရီးယား နိုင်ငံ၌ သွားရောက်အလုပ် လုပ်ရန်အတွက် စာရင်း လာရောက် ပေးသွင်းသူ နယ်ခံကောင်လေးနှ စ်ယောက်မှ အဆိုပါပွဲစား၏ ပြောဆိုချက်များကို
နားထောင်ပြီး မသင်္ကာသဖြင့် မဟာချိုင်မှ အလုပ်သမားကူညီစောင့်ရှောက်ရေးများ လုပ်နေသူ
မောင်ဟိန်းထက်ဇော်ကို ဆက်သွယ်သတင်းပို့ပေးသဖြင့် ။

မောင်ဟိန်းထက်ဇော်မှ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT သို့
ထပ်မံ ဆက်သွယ်သတင်းပေးပို့ခဲ့ပြီးနောက်။

မြန်မာနိုင်ငံသားများ အဖွဲ့ MAT အဖွဲ့မှ အဆိုပါသတင်းကို ရရှိသည်နှင့် ထိုင်းနိုင်ငံ မြန်မာသံရုံးမှ
မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်းအဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့များ ပူးပေါင်းပြီး ယမန်နေ့
25.5.2013 နေ့လည် 11နာရီ ၀န်းကျင်၌ အဆိုပါ လူမှောင်ခိုကူးသည့် တရားခံနေအိမ်ကို ၀င်ရောက် စီးနင်းရာ တရားခံလင်မယားနဲ့အတူ တောင်ကိုရီးယား နိုင်ငံ၌ သွားရောက်အလုပ် လုပ်ရန်
စာရင်း ပေးသွင်းနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅ဦးပါ ဖမ်းဆီးခဲ့ပါသည်။

ထို့နောက် အဆိုပါ တရားခံကို မဟာချိုင်ရဲဌာနသို့ ခေါ်ဆောင်သွားပြီးနောက်။ တရားခံနဲ့ အတူဖမ်းမိသည့် စာရင်းလာသွင်းသူ အလုပ်သမား၅ယောက် ကိုတော့ ပြန်လွှတ်ပေး ခဲ့ပါသည်။

ထို့နောက် တရားခံလင်မယားမှ ၎င်းတို့ပြန်လည် လွှတ်မြောက်ရန် ထိုင်းရဲများနှင့် ညှိနှိုင်းရာ
ဘတ်ငွေ ၇၀၀၀၀နဲ့ အပေးယူတည့်ပြီးနောက် ပြန်လည်လွတ်မြောက်တော့မည် ဆဲဆဲတွင် အဆိုပါ သတင်းကို ရရှိသည်နှင့် မောင်ဟိန်းထက်ဇော်မှ MATအဖွဲ့နှင့် လူကုန်ကူးမှု တားဆီးရေး လုပ်ဆောင်နေသည့် မဟာချိုင်အခြေစိုက် Labour protection Network(LPN) ဒါရိုက်တာ ဆွန်ဖွန် စခ၀ီကို ဆက်သွယ် သတင်းပေးပို့လိုက်ပါသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးရေး လုပ်ဆောင်နေသည့် မဟာချိုင်အခြေစိုက် Labour protection Network(LPN) ဒါရိုက်တာ ဆွန်ဖွန် စခ၀ီမှ ရဲဌာန အကြီးကဲများထံ အဆိုပါ လူမှောင်ခိုကူး သူကို ထိုင်းရဲများမှ ငွေယူပြီး လွှတ်ပေးတော့မည့် သတင်းကို ချက်ချင်းဆက်သွယ် အကြောင်းပြီး ပေးပို့ခဲ့ သဖြင့် ထိုင်းရဲများမှ ပြန်မလွှတ်ပေးရဲတော့ပါ။

အဆိုပါ လူမှောင်ခိုကူးသူ တရားခံလင်မယားကို လူမှောင်ခိုကူမှု-လိမ်လည်မှု -စာရွက်စာတမ်း များအတုပြုလုပ်မှု စသည့် သုံးမှုဖြင့် တရာဆွဲဆိုမှုများ ပြုလုပ်နိုင် ရန် ဆောင်ရွက်နေ သည်ဟု သိရပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သဖြင့် ဖမ်းဆီးနိုင် ရန် လိုက်လံရှာဖွေနေ သည်ဟု သိရပါသည်။

မြန်မာနိုင်ငံအစိုးရမှ အဆိုပါတရားခံကို လွှဲပြောင်းရယူပြီး မြန်မာနိုင်ငံ၌ ပြစ်ဒဏ်များကို ချမှတ်သင့်ပေသည် အဘယ်ကြောင့်ဆိုသော် ယခုလို ထိုင်း+မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး လူမှောင်ခိုကူးနေမှုကို တိုတ်ဖျက်နေသော်လည် ထိုင်းရဲများမှ ငွေကြေများရယူပြီး တရားခံကို ပြန်လွှတ်ပေးနေမှုများရှိသောကြောင့် မြန်မာအစိုးရမှအဆိုပါ တရားခံများကို လွှဲပြောင်းရယူပြီး မြန်မာနိုင်ငံ၌ ပြစ်ဒဏ်များ ချမှတ်သင့်ပါကြောင်း။။


ပေးပို့သူ-အထောက်တော်လှ သားကြီး

ဓာတ်ပုံများ အပြည့်စုံဆက်လက်ကြည့်ရှုရန်


https://www.facebook.com/media/set/?set=a.490660477671356.1073741925.446125985458139&type=1
From:
www.mmdailystar.com မှမျှဝေဖေါ်ပြသည်..

No comments:

Post a Comment