*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 30 September 2013

ဧ ရာ ဝ တီ { ကဗျာ }

                                                  Online Photos
 
ငါ့ကိုမလိမ်ပါနဲ့ ဧရာဝတီ
မျက်ရည်တသွင်သွင်နဲ့
အဆုံးမဲ့ခရီးချိုးကွေ့ဝင်ခဲ့

တစ်ခါတစ်ရံ အပြင်းအထန်
ငါကြားနေရတဲ့မင်းငိုသံ
လှိုင်းပုတ်သံလို့ပဲထင်ခဲ့တယ်

ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်၂ ခုကို အာမေးနီးယန်းလူမျိုး တစ်ယောက်ကသိ



ဗဟုသုတ ဟင်းပေါင်းအိုးကြီး


ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်
မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက် ရှိတဲ့ ရေ တွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေ တစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယား လူမျိုး ဒီအက်စ်အပရမေ ကပြောကြား ခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက် အရ သိရှိရပါတယ်။

ကျောက်တုံး ကို လက်နက် အဖြစ် သုံးတဲ့ မြန်မာ မျိုးရင်းမျောက်မြီးရှည်

ကျောက်တုံးကို လက်နက်အဖြစ်သုံးတဲ့ မြန်မာမျိုးရင်းမျောက်မြီးရှည် 

 ကျောက်ခေတ် လူသားများ ကဲ့သို့ ကျောက်တုံး ကို လက်နက် အဖြစ် အသုံးချနေသော မြန်မာ မျိုးရင်း အမြီး ရှည်မျောက် တစ်မျိုးသည် ထိုင်းနိုင်ငံ လအယ်စွန် အမျိုးသား ဥယျာဉ်ဒေသ ၌ မွေးမြူထားသော တိရစ္ဆာန် များနှင့် ခွေးများ အတွက် ခြိမ်းခြောက် အန္တရာယ်ပေးနေကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စာစောင် တွင် ရေးသားဖော်ပြ ထားသည်။
ထိုမျောက်ကို စင်ကာပူနန်ယန်းတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ မိုင်ကယ်ဒီဂူးမက် ဦးဆောင်သော ပညာရှင်များက ထိုင်းနိုင်ငံ လအယ်စွန်အမျိုးသားဥယျာဉ်ဒေသတွင် သုတေသနပြုခဲ့ကြပြီး ထိုမျောက်မျိုးသည် ရှားပါးသောမျောက်မျိုးဖြစ်ကာ ကမ္ဘာပေါ်တွင် မြန်မာနှင့်ထိစပ်သည့် ထိုင်းနိုင်ငံနယ်စပ်တွင်သာ  တွေ့ရသည်ဟုဆိုသည်။
အဆိုပါဒေသတွင် ထိုမျောက်မျိုး ၁၉၂ ကောင်ခန့်ရှိသည်။ ထိုအထဲမှ အရွယ်ရောက်အကောင်ရေ ၈၈ ရာခိုင်နှုန်းက ကျောက်တုံးများကို လက်နက်သဖွယ်သုံးပြီး ကဏန်းနှင့် ကနုကမာများကို ခွာစားနေသည်ကို ပညာရှင်များက တွေ့ခဲ့ကြသည်။
“ဒီမြန်မာမျောက်မြီးရှည်က အာရှမှာ ကျောက်တုံးကို လက်နက်လိုသုံးတဲ့မျောက်ပါ။ အဲဒီလို ရှေးဦးမျောက်မျိုးစိတ်တွေက အာဖရိကချန်ပံဇီတွေနဲ့ တောင်အမေရိကက ပူချင်မျောက်တွေမှာပဲ တွေ့ရပါတယ်။အခုလိုကျောက်တုံးကို လက်နက်အဖြစ် အသုံးပြုတာက
ရှေးဦးဘုံမြေခေတ်က တိုးတက်မှုတစ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုရဲ့အစလည်းဖြစ်ပါတယ်။ အဲဒီထုံးစံကို
လေ့လာခြင်းအားဖြင့် တိရစ္ဆာန်တွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို စုံစမ်းသိရှိလာနိုင်မှာပါ”ဟု
ဒေါက်တာမိုင်ကယ်ကပြောကြားသည်။
ထိုမျောက်မျိုးသည် အခြားတိရစ္ဆာန်များကို ခြိမ်းခြောက်နေသော်လည်း သူတို့၏ကျောက်တုံးကို လက်နက်အဖြစ်အသုံးချသော မူလသဘာဝမပျက်အောင် ထိန်းသိမ်းသွားရမည်ဟု သဘာဝပတ်ဝန်းကျင်ပညာရှင်များကဆိုသည်။
မြန်မာမင်းလက်ထက် ဗြိတိသျှစာရေးဆရာအချို့၏ မှတ်တမ်းများအရအဆိုပါမျောက်များသည် မြန်မာနိုင်ငံ မြိတ်ကျွန်းစုတွင်ရှိသည်ဟု ကြားသိရသည့်အတွက်လည်း ပညာရှင်များက မြန်မာနိုင်ငံတွင် အဆိုပါမျောက်များကိုလာရောက်ရှာဖွေလေ့လာကြမည်ဖြစ်ကြောင်း နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်း
သိမ်းရေး စာစောင်တွင် ရေးသားဖော်ပြထားသည်။

ထားထားမြင့်
http://shwenewnews.blogspot.com မှကူးယူတင်ြ့ပပါသည်။
 
 ကျောက်ခေတ် လူသား များ ကဲ့သို့ ကျောက်တုံးကိုလက်နက်အဖြစ် အသုံး ချနေသော မြန်မာ မျိုး ရင်း အမြီး ရှည်မျောက် တစ်မျိုးသည် ထိုင်းနိုင်ငံ လအယ်စွန် အမျိုးသားဥယျာဉ်ဒေသ ၌ မွေးမြူ ထားသော တိရစ္ဆာန်များနှင့် ခွေးများ အတွက်ခြိမ်းခြောက် အန္တရာယ်ပေးနေကြောင်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စာစောင်တွင် ရေးသားဖော်ပြထားသည်။
ထိုမျောက်ကို စင်ကာပူ နန်ယန်းတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ မိုင်ကယ်ဒီဂူးမက် ဦးဆောင်သော ပညာရှင်များက ထိုင်းနိုင်ငံ လအယ်စွန် အမျိုးသားဥယျာဉ်ဒေသတွင် သုတေသနပြုခဲ့ကြပြီး ထိုမျောက်မျိုး သည် ရှားပါးသောမျောက် မျိုးဖြစ်ကာ ကမ္ဘာပေါ်တွင် မြန်မာနှင့်ထိစပ်သည့် ထိုင်းနိုင်ငံ နယ်စပ်တွင် သာ တွေ့ရ သည်ဟုဆိုသည်။
 

Sunday 29 September 2013

နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ကေအင်ယူ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။



 

Sky net ရုပ်သံတွေ ကို ဖုန်းထဲ ကနေ free ကြည့်မယ်



#AndroidApps Sky netရုပ်သံတွေကို ဖုန်းထဲ ကနေfree ကြည့်မယ် (အားကစားလိုင်းတွေကောကြည့်လို.ရနေပီနော်)
 

အလုပ် အကိုင်နှင့် ကျွမ်းကျင် မှု ဖွံ့ဖြိုး တိုးတက်ရေး နည်းဥပဒေ ကို ရေးဆွဲလျက်ရှိပြီး သုံးလအတွင်း အကောင်အထည် ဖော်မည်




အလုပ် အကိုင်နှင့် ကျွမ်းကျင် မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ မူကြမ်းကို စတင်ရေးဆွဲလျက် ရှိပြီး သုံးလ အတွင်း အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦး က ပြောကြားသည်။

 

"အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ မူကြမ်းကို အတည်ပြုပြီး ဖြစ်တဲ့ အတွက် အခုလက်ရှိ မှာ နည်းဥပဒေ ကို ပညာရှင်တွေ နဲ့ စတင်ရေးဆွဲလျက် ရှိပါတယ်။ ပြီးရင်တော့ အစိုးရ အဖွဲ့ကို တင်ပြ သွားမှာ ဖြစ်ပါတယ်။ 

နည်းဥပဒေ ကို သုံးလ အတွင်း အပြီးပြဋ္ဌာန်းနိုင် ဖို့ အကောင် အထည်ဖော် ဆောင်ရွက်သွားမှာပါ" ဟု အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမူ ဖူလုံရေး ၀န်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေ အကြံပေး ဦးသက်နိုင်ဦး က ပြောကြားသည်။


မိတ္ထီလာမြို့ ကလေး ကစားကွင်း ရှိ ဂိမ်းစက်များ တွင် ၀င်ရောက်ဆော့ကစားရာမှ သိန်းချီ၍ အရှုံးအနိုင်ဖြစ်


မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက် အတွင်း ဖွင့်လှစ် ထားသော ကလေး ကစားကွင်း ရှိ ဂိမ်း ကစားနည်း အချို့ကို ၀င်ရောက်ဆော့ကစား ရာမှ ကျပ် သိန်းကျော် အနိုင် အရှုံး ရှိကြောင်း ၀င်ရောက်ဆော့ ကစားလေ့ ရှိသူများ ထံမှ သိရသည်။

"ကျွန်တော် တို့တော့ နေ့တိုင်း ၀င်ကစား ဖြစ်တယ်။ ငါးမန်း ပစ်တဲ့ ဂိမ်း ဆိုရင် လူငါးယောက် ဆော့လို့ ရတယ်။ ဒိုင် ဆီမှာ ကျပ် တစ်ထောင်ဖိုး ၀ယ်ရင် အကြွေစေ့ ဆယ်စေ့ ရတယ်။ အဲ့ဒီ အကြွေ တစ်စေ့ကို အမှတ် ဆယ်မှတ် သတ်မှတ် တယ်။ 


အဲ့ဒါ နဲ့ဆော့ပြီး အမှတ်များ ရင် နိုင် လာပြီး ရှုံးရင် အမှတ်ကုန်မယ်။ အမှတ် ကုန်ရင် အကြွေစေ့ ထပ် ထည့်ဆော့ပေါ့။ စဆော့ တုန်း ကဆို နှစ်နာရီ အတွင်း နှစ်သိန်း ရှုံးဖူးတယ်။

စိတ်ညစ်နေချိန် မှာ Shopping ထွက် တာ အကောင်းဆုံး ပါပဲ လို့ ယူဆသူလေး ခင်ဝင့်ဝါ



လတ်တလော အနုပညာလှုပ်ရှားမှုအ ကြောင်း။

အခု ညီမ မဂ်္ဂဇင်းနဲ့ ဂျာနယ် Cover တွေအတွက် ဓာတ်ပုံရိုက်ပေးနေပါတယ်။ ပြီးတော့ အင်တာဗျူးတွေ လည်း ဖြေပေး တယ်။ ပြီးရင် ၂၀၁၄ ပြက်္ခဒိန်ရိုက် ဖို့ရှိတယ်။ တိုင်းရင်းဆေး ကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်။

အရင်အေဂျင်စီ နဲ့ ပြဿနာ တက်တယ်ဆို တာက။

သြော် ဟုတ်ကဲ့။ အဲဒီ ကိစ္စက အဆင်ပြေ ပါတယ်။ အခု အေးအေးဆေးဆေးပြီးသွားပါ ပြီ ။Supranational Organization မှာ က အေဂျင်စီ တစ်ခုခုနဲ့ စာချုပ် ချုပ်ထားတာ မရှိရ ဘူး။ ရှိခဲ့ရင် လည်း ဖြတ်ပေးရမယ်။ ပြိုင်ပွဲစည်း ကမ်းမို့လို့ပါ။ သူတို့ အနေနဲ့က Miss နဲ့ Model နဲ့မ တူဘူး ဆိုတာကို ပြောပြချင်တာ။ 


သူတို့ စာချုပ် ကလည်း Miss International တွေကို အေဂျင်စီ၊ အေးဂျန့်တွေ၊ Organization တွေနဲ့ စာချုပ် ချုပ်ထားတာ မရှိ ရဘူး။ ရှိ ခဲ့ရင် လည်း ဖျက်ပေးရမယ် ဆိုတဲ့ အချက် ပါ တယ်။ အဲဒါကြောင့် မို့လို့ ပါ။ Miss Supranational ရ ကတည်းက သူတို့နဲ့ ချုပ်ရတာ။


၁၆ နှစ်အောက် အရွယ် အား အဓမ္မပြုကျင့် ပါက သေဒဏ် ချမှတ် သည့် ဥပဒေ လွှတ်တော်သို့ ထပ်မံတင်ပြမည်ဟု ဦးသိန်းညွန့်ပြော


                                                        Online Photo's
အသက် ၁၆ နှစ်အောက်ကလေးများ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြု ကျင့်ပါက သေဒဏ်ထိချမှတ်နိုင် သည့်ဥပဒေကို အဋ္ဌမအကြိမ် မြောက်လွှတ်တော်တွင် ထပ်မံအ ဆို တင်သွင်းသွားမည် ဟု သင်္ဃန်း ကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

သတ္တမအကြိမ်မြောက် လွှတ် တော် တွင် အထူးဥပဒေ အဖြစ် အ ဆိုပြုခဲ့သော် လည်း ယင်းအဆိုရှုံး နိမ့်ခဲ့သောကြောင့် ယခု အဋ္ဌမအ ကြိမ်မြောက်လွှတ်တော်တွင် ထပ် မံ တင်သွင်းရခြင်းဖြစ်သည်ဟု ဦး သိန်းညွန့်က ပြောသည်။



Saturday 28 September 2013

သိစရာ မှတ်စရာ များ








၁) Facebook ရဲ့ အင်ဂျင်နီယာတွေ ဟာ Like ခလုတ် ကို Awesome ခလုတ် လို့ အစ က နာမည်ပေးချင် ခဲ့ကြတာပါ...
 
၂) သင့် ရှပ်အင်္ကျီ ရဲ့ လက်ထည့် တဲ့ အပေါက်ကို armsaye လို့ခေါ်ပါတယ်...

၃)ယောက်ျားလေးတွေကို ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေ ဟာ    မိန်းကလေး ကိုယ်ဝန်ဆောင် ထားတဲ့ မိခင်တွေ ထက် အစား ပိုစားကြပါတယ်...





ဆော့ဖ်ဝဲ များကို တရားဝင် ဝယ်ယူ အသုံးပြု မှု တွင်ကျယ်စေရန် မှာ ဈေးနှုန်း အဓိကကျ

                                  

 

 ကွန်ပျူတာ ဆော့ဖ်ဝဲ များအား တရားဝင် ဝယ်ယူ အသုံပြုမှု တွင်ကျယ် ရန်အတွက် ဈေးနှုန်း မှာ အဓိက ကျ ကြောင်း နည်းပညာ ကျွမ်းကျင်သူ အချို့ က ဆိုသည် ။  

ပြည်တွင်း တွင် လက်ရှိ အသုံးပြု နေသည့် ဆော့ဖ်ဝဲ များမှာ တရားဝင် လိုင်စင်ဖြင့် ဝယ်ယူ ထားမှု နည်း ပါးပြီး ခိုး ကူး ပုံစံဖြင့်သာ ဝယ်ယူ အသုံးပြုနေကြ ခြင်းဖြစ်သည်။


”လိုင်စင် နဲ့ တရားဝင် မဟုတ်မှန်း သိပေမယ့် ကော်ပီ ဆော့ဖ်ဝဲက ဈေး သက်သာ တယ်လေ” ဟု ဆော့ဖ် ဝဲရေး  သား သည့် ကိုပြည့်က ဆိုသည်။
 

လက်မထပ်ခင် အတူတူနေခြင်း နှင့် ကိုယ်ဝန်ပြဿနာ ...

Online Photos
အခုခေတ် မှာ ယောကျာ်းလေးနဲ့ မိန်းကလေး လက်မထပ်ခင် ဟိုတယ်မှာ အတူတူ သွားနေတာမျိုး .... လူကြီးမိဘ မရှိတဲ့ အခန်း ... သူငယ်ချင်းတွေ အခန်းတွေမှာ အတူတူ နေကြတာ မျိုးတွေဟာ မဆန်းတော့ပါဘူး ... (ကြိုပွိုင့် စနစ်နဲ့ အရစ်ကျ ငွေချေပြီး တိုက်ခန်းဝယ်သလိုပေါ့)

တစ်ခုပဲ ဆန်းတာက ... လက်မထပ်ခင် ကိုယ်ဝန်ယူခြင်း .. မယူခြင်းကိစ္စ




မိန်းကလေး တစ်ယောက်ဟာ ... ကိုယ့်သဘောနဲ့ ကိုယ် ချစ်သူ နဲ့ လိုက်နေတယ် ... လက်မထပ် ဘဲ အတူ တူနေပြီ ဆို ကတည်းက .. ကိုယ်ဝန် ဆိုတဲ့ ကိစ္စကို ခေါင်းထဲ ထည့် ထားရမယ် .. အနောက်နိုင်ငံမှာ Single Mom ဆိုတာ ပြဿနာ မရှိပေမယ့် .. မြန်မာနိုင်ငံ မှာတော့ ... Single Mom ဆိုရင် ပဲ လင်ကောင် မပေါ်ဘဲ ဗိုက်ကြီး သလိုလို .. ပတ်ဝန်းကျင် က ရှုံ့ချကြတယ်။

ယုံချင်ယုံ မယုံချင်နေ


    ယုံချင်ယုံ မယုံချင်နေ...

South China Sea ဟာ ကမ္ဘာပေါ်မှာ
မုန်တိုင်းအန္တ၇ယ်အများဆုံးနှင့် ကြောက်စ၇ာအကောင်းဆုံးပင်လယ်ပြင်တစ်ခုပါ။
တစ်နေ့တော့ Sea Angel ဝေလငါးဖမ်းသဘော်ဟာ အဲဒီတောင်တ၇ုတ်ပင်လယ်ပြင်မှာ
ဝေလငါးအုပ်စုကိုလိုက်၇င်း ပြင်းထန်တဲ့မုန်တိုင်းနှစ်ခုကြားေ၇ာက်၇ှိသွားပြီး ၀မ်းကွဲနှစ်မြုတ်သွားပါတော့တယ်။သဘော်သားအယောက် ၃၀ ထဲကမှ ကပ္ပတိန် နဲ့ ကျန် ၄ ယောက်ဟာ သဘော်မနှစ်မြုပ်မီ ငါးဖမ်း၇ာမှာသုံးတဲ့ဖော့တုံးကြီးတွေမှာ သူတို့
၇ဲ့ လက်တွေကို ခိုင်ခံ့အောင်၇စ်ပတ်ထားနိုင်ခဲ့တာကြောင့် မုန်တိုင်းစဲသွားချိန်မှာ ကံအားလျှော်စွာ အုပ်စုမကွဲ အသက်၇ှင်ကျန်ခဲ့ကြတယ်။
မကြာမီမှာပဲ ကံတ၇ား၇ဲ့ဖေးမမှု့ကြောင့် စိမ်းစိမ်းညို့ညို့ ကျွန်းငယ်လေးတစ်ခုကို သူတို့နဲ့ မနီးမဝေးမှာ ဘွားခနဲတွေ့လိုက်၇တယ်။ခြေကုန်လက်
ပန်းကျအောင်ကူးခပ်ပြီးနောက် ကျွန်းလေးပေါ်ေ၇ာက်လာတဲ့ သူတို့အုပ်စုဟာ အ၇ိုးကွဲ
လောက်အောင်အေးလှတဲ့ ပင်လယ်လေကိုအံတုနိုင်ဖို့ ၇၇ာသစ်၇ွက်ခြောက်တွေနဲ့ မီးဖို
လေးတစ်ခုအမြန်ဖိုကြတယ်။
မီးအ၇ှိန်လေး၇လာတဲ့အချိန်မှာပဲ ကျွန်းလေးဟာ ၇ုတ် တ၇က် သွက်သွက်ခါတုန်ခါသွားပြီးေ၇မှုန်ေ၇မွှားတွေဖွားခနဲ ပန်းထွက်လာတော့
တယ်။သူတို့အုပ်စုလည်း ကျွန်းလေးပေါ်က တလိမ့်ခေါက်ကွေး ပင်လယ်ထဲကို
ပြုတ်ကျသွားကြတယ်။ 
သူတို့ခဏတာကွန်းခိုခဲ့တဲ့ကျွန်းလေးကတော့ '၀ုန်း' ခနဲ ပင်လယ်ထဲကိုနစ်မြုပ်ပျောက်ကွယ်သွားတယ်။အလန့်တကြား မှင်သက်မိနေတဲ့
သူတို့အုပ်စု ငေးကြောင်ကြည့်နေစဉ်မှာပင် နှစ်မြုပ်ပျောက်ဆုံးသွားတဲ့ကျွန်းလေးဟာ
အတော်ဝေးဝေး တစ်နေ၇ာမှာေ၇မှုန်ေ၇မွှားတွေ တဖွားဖွားမှုတ်ထုတ်ပြီး 'အုန်း' ခနဲ
ပြန်ပေါ်လာပြီးေ၇အောက်ကိုပြန်လည်ငုတ်လျှိုးသွားပြန်တယ်။ ပေါ်လိုက်ပျောက်လိုက်နဲ့ တဖြေးဖြေးဝေးသွားတဲ့ကျွန်းလေးကို ကြည့်၇င်းသူတို့နားလည်လိုက်တာက ဒါအ
လွန်အင်မတန်ကြီးတဲ့ဝေလငါးကြီးဆိုတာပါပဲ။သူတို့တွေကို ပင်လယ်ကူးသဘော်ကြီး
တစ်စင်းကတွေ့၇ှိကယ်တင်ပြီး မိခင်နိုင်ငံကိုပြန်ေ၇ာက်တဲ့အခါမှာတော့ ဒီသတင်းဟာ
ကမ္ဘာအနှံကို ပျံ့နှံသွားပါတော့တယ်။
နောက်ဆုံးမှာတော့ ဂျပန်နိုင်ငံအခြေစိုက် အဏ္ဏ၀ါဗေဒ သုတေသနဌာနမှ သိပ္ပံပညာ၇ှင်တွေဟာ အဆိုပါဝေလငါးကြီးကို တွေ့၇ှိဓါတ်ပုံ၇ိုက်
မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အောက်မှာ ဓါတ်ပုံကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
( သူငယ်ချင်းတိုေ၇ ယုံ-မယုံ......လွတ်လပ်စွာသဘောထားကွဲလွဲခွင့်၇ှိပါသည် )

Aye Myozatt
South China Sea ဟာ ကမ္ဘာပေါ်မှာ မုန်တိုင်း အန္တ၇ာယ် အများဆုံးနှင့် ကြောက်စ၇ာ အကောင်းဆုံး ပင်လယ်ပြင်တစ်ခုပါ။ တစ်နေ့တော့ Sea Angel ဝေလငါးဖမ်း သင်္ဘောဟာ အဲဒီတောင်တ၇ုတ် ပင်လယ်ပြင် မှာ ဝေလငါး အုပ်စု ကို လိုက်၇င်း ပြင်းထန် တဲ့ မုန်တိုင်းနှစ်ခုကြားေ၇ာက်၇ှိ သွားပြီး ၀မ်းကွဲနှစ်မြုတ် သွားပါတော့တယ်။ 

သင်္ဘောသား အယောက် ၃၀ ထဲ ကမှ ကပ္ပတိန် နဲ့ ကျန် ၄ ယောက် ဟာ သဘော် မနှစ်မြုပ်မီ ငါးဖမ်း၇ာ မှာ သုံးတဲ့ဖော့ တုံးကြီးတွေ မှာ သူတို့ ၇ဲ့ လက်တွေ ကို ခိုင်ခံ့အောင် ၇စ်ပတ် ထားနိုင်ခဲ့တာကြောင့် မုန်တိုင်း စဲသွားချိန်မှာ ကံအားလျှော်စွာ အုပ်စု မကွဲ အသက်၇ှင် ကျန်ခဲ့ကြတယ်။
 

သင်သိဖို့တော့ လိုပါတယ်


                     

သင့်အမေက သူ့ရဲ့သားအိမ်ထဲမှာ သင့်ကို ၉ လနီးပါးထည့်ထားရပါတယ်တဲ့။ပျို့အန်ချင်စိတ်တွေနဲ့ တစ်လလောက် နေမကောင်းဖြစ်ခဲ့ရပါတယ်။အိပ်မပျော်တဲ့ ညပေါင်းများစွာ ကိုလဲ ဖြတ်သန်းခဲ့ ရပါတယ်။ သင့်ကို ဒီလောကထဲ မွေးထုတ်ပေးတဲ့အချိန်မှာ အလွန်အမင်းနာကျင်မှုကို အံကြိတ်သည်းခံပြီး သင့်ကိုမွေးပေးခဲ့တာပါ လှေကားတွေကို ဖြေးဖြေးတက်ရတယ်။အစားသောက်တွေလဲ ရှောင်ခဲ့ရတယ်။ခံတွင်းတွေပျက်လို့ မစားနိုင်မသောက်နိုင်တဲ့ နေ့တွေဒုနဲ့ဒေး။ သင်မွေးမလာခင်ကတည်း က သင့်ကို ချစ်နေခဲ့ရတာ။ သင့်အမေရဲ့ သွေးတွေနဲ့ သင်အသက်ဆက်ခဲ့ရတယ်။

ဘ၀မှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်


၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း သူတပါးအလုပ်ကို ၀င်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။
၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်မွေးမြူနိုင်အောင် ကြိုးစားပါ။

၃။ လိုချင်စိတ်တော့ထားပါ။ သို့သော် ငတ်ကြီးမကျမိအောင်ကိုယ့်လောဘကို ထိမ်းနိုင်အောင်ကြိုးစားပါ။

၎။ တဖက်သားအပေါ်မနာလိုဝန်တိုစိတ် မဖြစ်မိစေရန် ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။

၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ ရနိုင်မည်ဆိုသည့်အသိမျိုးကို အမြဲပျိုးထောင်ပေးထားပါ။

သားနှစ်ယောက်ရဲ့ ဝါသနာကို ပြောပြတဲ့ မျိုးကြီး


 


လက်ရှိ မြန်မာပြည် ရော့ခ်လော ကမှာ အအောင်မြင်ဆုံး ရော့ခ်ကာ တွေထဲက တစ်ဦး ဖြစ်တဲ့ မျိုးကြီးဟာ ခုလို အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ ခရီးလမ်းမှာ သေချာ စနစ် တကျ သင်ကြားပြသမှု မရှိခဲ့ပေမယ့် ကိုယ်တိုင် လက်လှမ်းမီရာ အားထုတ်မှုတွေ၊ ပါရမီ တွေနဲ့ ဖြတ်သန်း ခဲ့တာဖြစ်ပါတယ်။ သူတို့ ခေတ်တုန်းက သင်တန်းကျောင်း တွေ ရှားပါးပုံ ကို မျိုးကြီးက အနည်းငယ် ပြန်ပြောပြတာက “သင်တန်း လေးတွေတော့ ရှိတယ်။ ဂစ်တာ သင်တန်း၊ အဆို သင်တန်းလေးတွေ စသဖြင့် လက်လှမ်းမီ သလောက် လေ့လာ ရတယ်။ 
 

မြူးဇစ် ဆိုတာ ကိုယ်တိုင် သင်ယူရတဲ့ ပညာပဲ { အငဲ }



မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ ဂီတ သင်တန်းကျောင်း Legacy Music Academy ကျောင်းဖွင့်ပွဲကို ဂီတလောကမှ အတော် များများတက်ရောက် ဂုဏ်ပြု ခဲ့ကြတာကို တွေ့ရသလို IC ဝိုင်းတော် သားများကို စုံစုံလင်လင် တွေ့ခဲ့ရပါ တယ်။  IC အဖွဲ့သား တစ်ဦး ဖြစ်သလို၊ မြန်မာ့ ရော့ခ်ဂီတ လောကမှာ မပါ မဖြစ် တေး သံရှင် တစ်ဦး ဖြစ်တဲ့ ရော့ခ် အဆိုတော်ကြီး အငဲလည်း ပွဲကိုတက်ရောက် လာတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံတွင် ပထမဆုံး လူမှုပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် အစ္စရေးနှင့် ဆွေးနွေးနေ



မြန်မာနိုင်ငံတွင် ပထမဆုံး လူမှုပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် အစ္စရေးနှင့် ဆွေးနွေးနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ဖွင့်လှစ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူငယ်အများစုမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်ဖြန့်ကြက်နိုင်မှု နည်းပါးနေခြင်းနှင့် ပြည်တွင်း လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပါဝင်နိုင်မှု အားနည်းနေ ခြင်းတို့ ရှိနေသည့်အတွက်ဖြစ်ကြောင်း သိရသည်။

လိပ်စာကတ် အလုပ်ကတ် စသည်ဖြင့် ကတ်ပေါင်းစုံလုပ်ဖို့အတွက်

Mojosoft BusinessCards MX 4.89 For All Win 87 MB
==========================

ဒါကတော့ လိပ်စာကတ် အလုပ်ကတ် စသည်ဖြင့် ကတ်ပေါင်းစုံလုပ်ဖို့အတွက်
ဒီဇိုင်းအစုံအလင်ကိုပါရှိပါတယ် လိုအပ်သူများကတော့ ဒေါင်းထားပေါ့ 

http://www.zwmnna.com/2013/09/mojosoft-businesscards-mx-489-for-all.html
Mojosoft BusinessCards MX 4.89 For All Win 87 MB
==========================

ဒါကတော့ လိပ်စာကတ် အလုပ်ကတ် စသည်ဖြင့် ကတ်ပေါင်းစုံလုပ်ဖို့အတွက်
ဒီဇိုင်းအစုံအလင်ကိုပါရှိပါတယ် လိုအပ်သူများကတော့ ဒေါင်းထားပေါ့
 
မောင်(စွယ်စုံကျမ်း)   From...Facebook

iPhone 5s ပိုင်ရှင်များ Touch ID လက်ဗွေလုံခြုံရေးစနစ်ကို အသုံးမပြုသင့်ကြောင်း Chaos Computer Club ပြောကြား


 Touch ID လက်ဗွေလုံခြုံရေးစနစ်အား ထိုးဖောက်နိုင်ကြောင်း သရုပ်ပြနေစဉ်

Apple ဟာ မျိုးဆက်သစ် iPhone 5s မှာ လက်ဗွေလုံခြုံရေး စနစ်ကို ထည့်သွင်း ပေးထားခဲ့ပေမဲ့ Official Release လုပ်ပြီး ၂ရက် အတွင်း မှာ Chaos Computer Club (CCC) ရဲ့ biometrics hacking team ဟာ ၄င်း လက်ဗွေလုံခြုံရေး စနစ်ကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။

Internet Download Manager v6.17 Built 11 Final Fully Activated

Photo: Internet Download Manager v6.17 Built 11 Final Fully Activated

Internet Download Manager v6.17 Built 11 လေးအသစ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ Acivated လုပ်ပြီးသားမို့ key ထည့်ရန် patch လုပ်ရန်မလိုတော့ပါ။ Install ပြီးတာနဲ့ Full အသုံးပြုလို့ရပါပြီ။ Key မထည့်တတ်သော သူငယ်ချင်းတွေအထွက် အဆင်ပြေအောင် Fully Activated ကိုတင်ပေးလိုက်ပါတယ်။
 စိတ်ဝင်စားပါက အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
http://www.zwmnna.com/2013/09/internet-download-manager-v617-built-11.html

ဇော်မင်းသန်း
www.zawminthan.com

Internet Download Manager v6.17 Built 11 လေးအသစ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ Acivated လုပ်ပြီးသားမို့ key ထည့်ရန် patch လုပ်ရန်မလိုတော့ပါ။ Install ပြီးတာနဲ့ Full အသုံးပြုလို့ရပါပြီ။ Key မထည့်တတ်သော သူငယ်ချင်းတွေအထွက် အဆင်ပြေအောင် Fully Activated ကိုတင်ပေးလိုက်ပါတယ်။
စိတ်ဝင်စားပါက အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

http://www.zwmnna.com/2013/09/internet-download-manager-v617-built-11.html

ဇော်မင်းသန်း
www.zawminthan.com

အမျိုးသမီးများ မုဒိန်းကျင့်ခံရမှုမှ ကင်းဝေးစေဖို့ မှတ်စရာများ


မုဒိမ်းမှု ကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်း သမားတွေကို အင်တာ ဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုc.်..တဲ့ အချက်အ လက်  တွေကိုလေ့ လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်းဖြစ်ပါတယ်… 
(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင် ပုံစံပါ။ နောက် ဆံပင် ကို အရင်းပိုင်းစုစည်းပြီး ဆံပင် အရှည်ချထားတဲ့ ပုံစံ၊

မိန်းကလေးများ မဖြစ်မနေဖတ်ပေးပါ





အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတစ်ပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍ ကနေ ပြန် လည် ဖော်ပြပေး လိုက်ပါ တယ်။ အခုခေတ် မှာ လူတိုင်းနဲ့ ရင်းနှီး ကျွမ်းဝင်နေ ပြီဖြစ် တဲ့ အင်တာ နက် ရဲ့ ကောင်း ကျိုး တွေ ကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာ ကို တွေ့ရပါတယ်။ 
အင်တာနက် နည်း ပ ညာ တိုး တက် လာတာ နဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေ လဲ မခွဲမခွာတွဲပါ လာတာ ကိုလဲ မြင်နေရ ပြန်ပါ တယ်။ ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေ ကို မပြောလိုပါဘူး။

ကား ချောဆီ အကြောင်း သိကောင်းစရာ



စက်ဆီ၊ချောဆီ ဆိုတာမျိုးကလည်း ကားမှာ အရေးကြီးပါတယ်။ သူမပါရင် ကားမောင်းလို့ မရပါဘူး။ မောင်းလို့ ရလည်း နာရီပိုင်းတောင် မကြာပါဘူး။ ကားပျက်ကိုပျက်ပါတယ်။ ဘာကြောင့်ပါလဲ။


ချောဆီ နှင့်ရည်ရွယ်ချက်

- အင်ဂျင်နှင့် စက်အစိတ်အပိုင်းများအား အအေးခံရန်
- စက်ပစ္စည်းများ ပွန်းပဲ့မှု ကင်းဝေးစေရန်
- သံချေးတက်ခြင်းနှင့် အခြားပျက်ဆီးမှုများမှ ကာကွယ်ရန်
- စက်ပစ္စည်းများ လည်ပတ်ရန်ထောက်ပံ့ခြင်း

Friday 27 September 2013

တလည်းသီးဖျော်ရည် တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်




အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင် သူတွေက အကြံပြုထားပါတယ် ။
တလည်း သီးဖျော်ရည် ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြ
ီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။

အချင်းချင်း မုဒိန်းကျင့် မှု မကြာခဏ ဖြစ်ပွားနေသည့် ဒုက္ခသည်စခန်းတွင် အမျိုးသမီး တစ်ဦး ပဟေဠိဆန်စွာ သေဆုံး



ပဟေဠိ ဆန်စွာ သေဆုံးနေတဲ့ ဒုက္ခသည် ကရင်အမျိုးသမီး (ဓာတ်ပုံ –
Zerodahdoh Htoo / Facebook)ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းက အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦး ၂ ရက်ကြာ ပျောက်ဆုံးနေရာ က ဒီနေ့မနက်ပိုင်းမှာ ဒုက္ခသည်စခန်း အပြင်ဘက် ကားလမ်းဘေးက တောအုပ်ကြားကနေ သူ့ အလောင်းကို ပြန်လည် တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပြပါတယ်။

"လွန်လွန်းတာကိုး"



ရဲအရာရှိတစ်ယောက်...မိသားစုနဲ့အတူ ပင်လယ်ကမ်းခြေဘက်ကို အပန်းဖြေခရီးထွက်မယ်လို့ စီစဉ်ပြီးကာမှ ရုံးကအရေးပေါ်ကိစ္စတခုပေါ်လာလို့ ခေါ်ခိုင်းပါလေရောဒါနဲ့ မိန်းမနဲ့ ကလေးတွေကို အရင်သွားခိုင်းလိုက်ရတယ်သူက တစ်ပတ်လောက်နေမှ နောက်ကလိုက်သွားရတာကမ်းခြေက ဟိုတယ်ရောက်ရောဆိုပါတော့...မိန်းမနဲ့ မတွေ့ရတာလည်း တစ်ပတ်လောက်ကြာပြီဆိုတော့ တွေ့တွေ့ခြင်း ချစ်တင်းနှောဖို့ ကြိုးစားတယ်မိန်းမက လက်မခံဘူး... 
 

Wednesday 25 September 2013

ဇာဂနာပြောတဲ့ မြန်မာ့ရုပ်ရှင် အစည်းအရုံးအကြောင်း




ဇာဂနာပြောတဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးအကြောင်း
============================
၂၀၀၄ ခုနှစ် မှာ ဦးခင်ညွန့် နဲ့  အပေါင်းပါတွေ အဖမ်းခံကြရ၊အဖြုတ်ခံကြရတော့ ကုန်သွယ်ရေး ဒု ၀န်ကြီးလုပ်နေတဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးလုပ်ခိုင်းလိုက်ရော။ဒီမှာတင် မျက်လှည့်ပြတော့တာပဲ။မှတ်မှတ်ရရ ရုပ်ရှင်လောကသားတွေ မှတ်မိအုံးမှာပါ။သိမ်ဖြူလမ်းက ပြန်ကြားရေးအဆောက်အဦကြီးမှာ လောကသားအားလုံးနဲ့ ဝန်ကြိးနဲ့မိတ်ဆက်ပွဲပေါ့။အမှန်ကတော့ ပြဇာတ်ပါ။ဒီပွဲမ
တိုင်ခင် ရုပ်ရှင်လုပ်ငန်းက ညွှန်မှူး ဦးသိန်းထွန်းအောင်တို့  နဲ့  ရုပ်ရှင်လောကသားတချို့  M3 စားသောက်ဆိုင်မှာ ချိန်းချိန်းတွေ့ပြီးလက်ရှိ ဦးစိန်တင် နဲ့ ကျော်သူ သားအဖကို အစည်းအရုံးက ဖြုတ်ချရေးကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပေါ့။အိမ်ကြက်ချင်းအိုးမဲသုတ်ပေးတာ။ဒီတော့ ၀န်ကြီး ရှေ့လဲ ရောက်ရော(ဦးစိန်တင်၊ဦးမြင့်နိုင်၊ကျော်သူ)တို့ ကိုအစည်းအရုံးအား၁၂နှစ်လုံးလုံးအပိုင်သိမ်းခဲ့မှုနဲ့  စွဲချက်တွေတင်ခဲ့တာလေ။ဒီတုန်းက တဟေးဟေး တဟားဟား နဲ့ ရုပ်ရှင်လောကသားတွေ လက်ခုပ်လက်ဝါးတီးပြီးသဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။အဘ ၀န်ကြီးကပဲ ခုချက်ချင်းရုပ်ရှင်လောကကို မိုးပေါ်ရောက်အောင်ပို့ ပေးမလို ပြောတာတွေကို သဘောတွေကျခဲ့ကြတာ မေ့သွားကြပြီလား။
မှတ်မိပါတယ်။ဒီပွဲအပြီး ဦးအောင်လွင်၊ဦးကျော်ဟိန်း၊ဦးသန်းစိုး(ဟေမာန်ဦး)တို့ နဲ့ စကားပြောဖြစ်တော့ရုပ်ရှင်လောက ဒုက္ခရောက်ပြီ လို့  ကျနော်မှတ်ချက်ပေးခဲ့ပါတယ်။ပြောချင်တာက ရုပ်ရှင်လောကသားတွေ ရဲ့  ၀န်ကြီးအပေါ်မှီခိုချင်စိတ်၊ကိုယ့်အချင်းချင်းပြန်နင်းချင်စိတ်တွေ သိတ်များခဲ့တယ်။ဒါကလဲ စစ်အစိုးရရဲ့ဗျူဟာပေါ့။ဒီဖက်ခေတ်ရောက်ပြန်တော့ ဦးမြင့်သိန်းဖေလက်ထဲက အစည်းအရုံးကို ပြန်ယူဖို့  SS စားသောက်ဆိုင်မှာ ကြိတ်ဝိုင်းတွေလုပ်ပြီး တိုက်ခဲ့ကြတာပဲလေ။ဒါပေမဲ့ဒိတုန်းက လောကသားအများစု စုစည်းကြတယ်။မှတ်မိသေးတယ်။အစည်းအရုံးအပေါ်ထပ် မှာ ရုပ်ရှင်အရေးတက်ကြွသူများနဲ့  ဦးမြင့်သိန်းဖေ ခေါင်းဆောင်တဲ့  အမှုဆောင်အဖွဲ့ တွေ့ဆုံပွဲပေါ့။အဲသည်မှာကိုဇင်ဝိုင်း ကရုပ်ရှင်လောက တိုးတက်လာရေးဆွေးနွေးချိန်မှာ အနားက ဦးဝင်းကို(ဟိန်းဝေယံ ရဲ့ အဖေ)က လက်ကိုင်ဖုန်း နဲ့  စကားတွေ ပြောနေလို့ ကိုဇင်ဝိုင်းက သူ ဖုန်းပြောပြီးမှ ကျနော် တင်ပြပါ့မယ် လို့ ငေါ့ခဲ့တော့ ဦးမြင့်သိန်းဖေ က ဖုန်းပိတ်ထားဖို့ပြောရတယ်။ပြောချင်တာကEthicပဲ။ပြောမှသိတယ် ဆိုတာ လူကြီးလူကောင်းအလုပ်မဟုတ်ဖူး။ဒီအချိန်တုန်းက ဦးဝင်းကိုဟာ အစည်းအရုံးအမှုဆောင်ဆိုတာတော့ မမေ့သင့်ဖူး။ခုအစည်းအရုံးအသစ် သက်တန်း ၂နှစ်ပဲရှိသေးတယ်။အမှုဆောင်အဟောင်းတွေကသောင်းကျန်းကြပြန်တယ်။ဒါဆို လာမဲ့ လေးလ ပိုင်း ၂၀၁၄မှာရွေးကောက်ပွဲလုပ်လို့အဖွဲ့ အသစ်တက်လာရင်ကော ဒီလိုပဲ ကိုယ်နဲ့ မတူတာတွေ့ရင် သပိတ်မှောက်ကြ အဘ၀န်ကြီးတွေဆီသွားတိုင်ကြ လုပ်ကြဦးမှာလား။ဒီသံသရာ က လွတ်အုန်းမှာလား။ကိုယ့်အချင်းချင်းညှိကြ နှိုင်းကြပေါင်းလုပ်ကြဆိုတာမျိုးမရှိကြတော့ဖူးလား။တစ်ခါ အများပိုင်ကုမ္မဏီ ကိစ္စလဲ ရေးနေပြောနေကြပြန်ရော။နိုင်င့တော်က ထုတ်ပြန်ထားတဲ့စာတွေ ဥပဒေ တွေကို မဖတ်ပဲ စိတ်ထင်ရာလျောက်ပြောနေကြတာတွေ ဖတ်နေရတယ်။ကုမ္မဏီကြီးတော်တော်များများ ဘာလို့ အများပိုင်လုပ်နေကြတာလဲ။အများပိုင်ဖြစ်ခဲ့ရင် ရုပ်ရှင်လောက ဘာတွေ အားသာလာမလဲ။ဒါကို မစသ်းစား မဆင်ခြင်ပဲ အစည်းအရုံးကပေးတဲ့ဆန် ၃ ပြည်တောင် ရမှာ မဟုတ်တော့ဖူး။အများပိုင်ဆိုတာနဲ့  လူတစ်စုလက်ထဲ ရုပ်ရှင်လောကကြီးထိုးအပ်လိုက်ရတော့မယ် ဆိုတဲ့ တော၇မ်းမယ်ဖွဲ့ တွေ စာမျက်နှာပေါ်တက်ပြောလိုပြော။ရူးလိုက်ကြတာ။
ဗိုလ်ချုပ်စကားငှားပြောရရင် အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပြင်ကြဖို့လိုပြီ။

( ဦး ) ဇာဂနာ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
 
 ၂၀၀၄ ခုနှစ် မှာ ဦးခင်ညွန့် နဲ့  အပေါင်းပါတွေ အဖမ်းခံကြရ၊ အဖြုတ်ခံကြရတော့ ကုန်သွယ်ရေး ဒု ၀န်ကြီးလုပ်နေတဲ့ ဦးကျော်ဆန်း ကို ပြန်ကြားရေးဝန်ကြီးလုပ်ခိုင်းလိုက်ရော။ဒီမှာတင် မျက်လှည့်ပြတော့ တာပဲ။မှတ်မှတ်ရရ ရုပ်ရှင်လောကသားတွေ မှတ်မိ အုံးမှာပါ။သိမ်ဖြူလမ်း က ပြန်ကြားရေး အဆောက်အဦး ကြီးမှာ လောကသားအားလုံးနဲ့ ဝန်ကြိးနဲ့ မိတ်ဆက်ပွဲပေါ့။အမှန်ကတော့ ပြဇာတ်ပါ။ဒီပွဲမ
တိုင်ခင် ရုပ်ရှင် လုပ်ငန်းက ညွှန်မှူး ဦးသိန်းထွန်းအောင်တို့  နဲ့  ရုပ်ရှင်လောကသားတချို့  M3 စားသောက်ဆိုင်မှာ ချိန်းချိန်းတွေ့ပြီးလက်ရှိ ဦးစိန်တင် နဲ့ ကျော်သူ သားအဖကို အစည်းအရုံးက ဖြုတ်ချရေးကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပေါ့။

လောင်းကစားဒိုင်ဖမ်းမိတဲ့ စင်္ကာပူကို နိုင်ငံတကာရဲတပ်ဖွဲ့ ချီးကျူး


(၂၀၁၀ ဇူလိုင်လ စင်္ကာပူမှာ ဖမ်းမိတဲ့ လောင်းကစားလုပ်ငန်းသုံး ပစ္စည်းပစ္စယနဲ့ငွေကြေးများ။ ကမ္ဘာ့ဖလားကာလအတွင်း အာရှဒေသ တရားမ၀င် ဘောလုံးပွဲလောင်းမှု တိုက်ဖျက်ရေးကာလအတွင်း ဖမ်းဆီးရာက သိမ်းလိုက်တာတွေပါ။ ဓာတ်ပုံ - Reuters)

ဒေါ်လာသန်းပေါင်းများစွာလည်ပတ်စီးဆင်းနေမယ်လို့ ယူဆရတဲ့ ကမ္ဘာ့အကြီးဆုံး ဘောလုံးလောင်းကစား လုပ်ငန်းကို နောက်ကွယ်က ကြိုးကိုင်နေသူ အဖမ်းခံရပါပြီ တဲ့။

အဖမ်းခံရသူဟာ စင်္ကာပူ နိုင်ငံသား Tan Seet Eng ဖြစ်ပါလိမ့်မယ်။ ဖမ်းလိုက်တဲ့ စင်္ကာပူထောက်လှမ်းရေး အဖွဲ့တွေကို လည်း နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပို က ဒီကနေ့ ချီးကျူးလိုက်ပါတယ်။

iOS 7 ဖုန်းများအတွက် သတိထားဖို့ရန်


iOS 7 ဖုန်းများအတွက် သတိထားဖို့ရန်

iOS 7 တင်ထားသော ဖုန်းအဟောင်းအား လာရောင်းသည်ဖြစ်စေ မိမိဝယ်လိုသည်ဖြစ်စေ

သင်ဝယ်ယူမည်ဆိုပါက ထိုဖုန်းအဟောင်းတွင် Apple အကောင့် ဝင်ထားလျှက်ရှိနေလားဆိုတာ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြပါ

Apple အကောင့်ရှိနေပါက ထိုဖုန်းအားဖော်မက်ချလို့မရပါ ထိုအကောင့်၏ Password အားတောင်းပါလိမ့်မည် ။
iTunes ဖြင့် iOS ဖန်ဝဲပြန်တင်မည်ဆိုပါကလဲ မရပါ ထိုရှိနေသော အကောင့်ရဲ့ Password အား တောင်းပါလိမ့်မည် ။

ထို့ကြောင့် iOS 7 တင်ထားသောဖုန်းအဟောင်းအား ဝယ်တော့မည်ဆိုပါက ဖုန်းစက်တင်ထဲမှာရှိနေသော ထိုApple မကောင့်အား လော့အောက်လုပ်၍ ဖျက်ပြီးမှသာ ဝယ်ယူကြပါရန် ။

iPhone ကောက်ရသူ ခိုးသူများ ရောင်းချမရအောင် Apple မှ iOS7 တွင် ထိန်းချုပ်ပေးလာခဲ့ခြင်းပါ။

လက်ရှိတွင် Apple အကောင့်ရှိနေသော iOS 7 အား အကောင့် Password မသိပဲ အသစ်တဖန်ရရှိဖို့ရန် Restore လုပ်ဖို့ရန် ဖောက်ထွင်းနိုင်ခြင်း မရှိသေးပါ ဝယ်မိပါက အလှကြည့်ဖို့ရန်သာ ရှိပါတယ် ။

Post By : Djjoe Man (MMF)


iOS 7 တင်ထားသော ဖုန်းအဟောင်းအား လာရောင်းသည်ဖြစ်စေ မိမိဝယ်လိုသည်ဖြစ်စေ

သင်ဝယ်ယူမည်ဆိုပါက ထိုဖုန်းအဟောင်းတွင် Apple အကောင့် ဝင်ထားလျှက် ရှိနေလားဆိုတာ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြပါ

နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲ သို့မဟုတ် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ


ရန်ကုန်မြို့တွင် ဘတ်စ်ကားစီး အခြေခံ လူတန်းစားမှစ၍ ကိုယ်ပိုင်ကားစီး ချမ်းသာကြွယ်ဝသော လူတန်းစားအဆုံး လူတန်းစား အမျိုးမျိုး ယခုအများဆုံး ရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲ တစ်ရပ်မှာ ကားလမ်းများ အဆမတန် ပိတ်ဆို့နေပြီး နေရာတစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ သွားလာနိုင်ခြင်း မရှိဘဲ ခက်ခဲနေရခြင်းပင် ဖြစ်သည်။

မလေးရှားမှ အိုဗာစတေးသမားများ ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်ရန်ပြန်လည်စတင်




ယနေ့ မလေးရှားရောက် တရားမဝင် ဖြစ်နေသော မြန်မာနိုင်ငံသားများအတွက် မလေးရှား လဝကမှ ယခင် 6P အတိုင်း မိမိနိုင်ငံသို့ပြန်ရန် Special Pass ပြန်လည်ထုတ်ပေးမှုကို ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်လည်ပြုလုပ်ပေးပြီဖြစ်ကြောင်းသိရသည် ။

ပြီးခဲ့သည့် လများကမူ ၆ လ အောက် ဒဏ်ငွေ ၁၀၀၀ ၊ တစ်နှစ်အောက် ဒဏ်ငွေ ၂၀၀၀ နှင့် တစ်နှစ်အထက် အိုဗာစတေးဖြစ်နေသူများအဖို့ ဒဏ်ငွေ ၃၁၀၀ ဖြင့် တိုးမြှင့်သတ်မှတ်ထားခဲ့သော်လည်း
ပြီးခဲ့သည့် အပတ်မှ စတင်ကာ မည်သည့် နိုင်ငံသားမဆို ဒဏ်ငွေ ၄၀၀ ဖြင့် ပြန်လည်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည် ။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ် (ODA) ၅ ဘီလျံ တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် နှစ် ၄၀ ချေးငွေအဖြစ် ပေးအပ်


ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ် (ODA) ၅ ဘီလျံအား တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ သက်တမ်း ကာလအတွက် ချေးပေးလိုက်သောကြောင့် တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူသည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် နှိုင်းယှဉ်ပါက သိသိသာသာ သက်သာမှု ရှိနေကြောင်း သတင်းရရှိသည်။

မျိုးဆက်ပျောက်ကွယ်တော့မည့် ထရုန်လူမျိုး သုံးဦးသာ ကျန်ရှိ

 
 မြန် မာနိုင်ငံအတွင်း ကချင်မျိုးနွယ် ဝင် ထရုန်မျိုးနွယ်စုများမှာ ယခု လက်ရှိတွင် မောင်နှမသုံးဦးသာ ရှိတော့သဖြင့် မျိုးဆက်ပျောက် ကွယ်တော့မည်ဖြစ်ကြောင်း သိ ရသည်။ ထူးဖောင်ဒေးရှင်း၏ အစီအ စဉ်ဖြင့် ရန်ကုန်သို့ ရောက်ရှိနေသည့် ထရုန်မျိုးနွယ်စုဝင် ဦးဒါဝိတ်အား မေးမြန်းမှုကို တစ်ဆင့်ဖြေဆိုမှုအ ရ ဦးဒါဝိတ်သည် ကချင် ပြည်နယ် မြောက်ဖျားရှိ ဂမ်လမ်ရာဇီရေခဲ တောင်ခြေရှိ ခနောင်းရွာတွင်နေ ထိုင်ကာ ယခုအခါ အသက် ၅၅ နှစ် အရွယ် မျှရှိပြီး အသက် ၆၆နှစ် အရွယ်အစ်မတစ်ဦးနှင့် အ သက် ၅ဝအရွယ် ညီမတစ်ဦးတို့ ရှိကြောင်း၊ အစ်မဖြစ်သူသည် ရဝမ် လူမျိုးတစ်ဦးနှင့် အိမ်ထောင် ပြုထားကြောင်း၊ ဦးဒါဝိတ် တို့အ ပါအဝင် ထရုန် မျိုးနွယ်အစစ်မှာ သုံးဦးသာ ရှိတော့ေ ကြာင်း ယင်းက ပြောသည်။

အသက်အရွယ် အသက်ကြီးလေလေ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။





(၁) အသက်အရွယ်
အသက်ကြီးလေလေ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများလေလေ
ဖြစ်သည်။

(၂) နိုင်ငံဖွံဖြိုးမှု
ဖွံဖြိုးပြီးနိုင်ငံသူ များသည် ဖွံဖြိုးမှု အနည်းဆုံးဖြစ်သော
နိုင်ငံသူများထက် အဖြစ်ပိုများသည်။

ဦးတေဇ နဲ့ ထရုံလူမျိုး ဦးဒါဝိတ်



* ဦးတေဇ နဲ့ ထရုံလူမျိုး ဦးဒါဝိတ် *
====================
သူတို့ ၂ ယောက်က ဘယ်သူတွေလဲ။
၁။ ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ခဲ့တဲ့ နမားဂျွန်ဆင်
၂။ နောက်တဦးက မြန်မာနိုင်ငံမှာ သုံးဦးပဲ ရှိတော့တဲ့  ထရုံလူမျိုးထဲက  ဦးဒါဝိတ်
ဦးဒါဝိတ်က အသက် ၆၀ ရှိပြီလို့ ဆိုပါတယ်။

Ref: ဧရာဝတီ 


"မြန်မာ့သူရဲကောင်း နမားဂျွန်ဆင်နှင့် ထူးခြားထရုံလူမျိုး ဦးဒါဝိတ်အား ထူးဖောင်ဒေးရှင်း ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့"

မြန်မာ-အမေရိကန် ရေခဲတောင်တက်အဖွဲ့ ဂမ်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ရေးအတွက် နောက်တန်းမှ ထောက်ပံကူညီရန် လိုက်ပါခဲ့သော ထူးဖောင်ဒေးရှင်း အဖွဲ့ဝင်များသည် ဂမ်လန်ရာဇီတောင်မှ အပြန်ခရီးတွင် မြန်မာလူမျိုးများထဲမှ ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သော နမားဂျွန်ဆင်နှင့် မြန်မာနိုင်ငံတွင် (၃)ဦးသာ ကျန်တော့သည့် ထရုံလူမျိုးထဲမှ အကိုအကြီးဆုံးဖြစ်သော ဦးဒါဝိတ်ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့ ဗဟုသုတ တိုးပွားစေရန်အတွက် ရန်ကုန်နှင့် နေပြည်တော်အနှံ့ အလည်အပတ်ခရီး ပို့ဆောင်ပေးမည် ဖြစ်သည်။

နမားဂျွန်ဆင်နှင့် ထရုံလူမျိုး ဦးဒါဝိတ်တို့ နှစ်ဦးအား ထူးဖောင်ဒေးရှင်းက …

၁။ မြန်မာနိုင်ငံ မြို့ကြီးများ၏ တိုးတက်နေမှုကို ကိုယ်တိုင်ခံစား သိမြင်ပြီး ပီတိဖြစ် ၀မ်းမြောက်စေရန် 

၂။ မျိုးချစ်စိတ်ဓါတ်ပိုမို ထက်သန်စေရန်နှင့် ဒေသန္တရ ဗဟုသုတ တိုးပွားစေရန်

၃။ ၎င်းတို့ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ကိုယ်တိုင် ဝယ်ယူ၍ ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သုံးနိုင်ရန် 
စသည့် ရည်ရွယ်ချက် (၃)ရပ်ဖြင့် ဖိတ်ကြား ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

From U Tay Za Facebook Page
https://www.facebook.com/pages/U-Tay-Za/266495883384881

သူတို့ ၂ ယောက်က ဘယ်သူတွေလဲ။
၁။ ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ခဲ့တဲ့ နမားဂျွန်ဆင်
၂။ နောက်တဦးက မြန်မာနိုင်ငံမှာ သုံးဦးပဲ ရှိတော့တဲ့ ထရုံလူမျိုးထဲက ဦးဒါဝိတ်

ဦးဒါဝိတ်က အသက် ၆၀ ရှိပြီလို့ ဆိုပါတယ်။

Ref: ဧရာဝတီ

ကန်တားနားကို တာဝန်မှ ရပ်စဲဖို့  ဆုံးဖြတ်လိုက်ကြောင်း


မ နေ့ က ကျင်းပ ပြုလုပ်တဲ့ ကုလသမ္မဂ လူ့ အခွင့်အ ရေးဆိုင် ရာ အစည်းအ ဝေး တစ်ခုမှာ ကန်တားနားကို တာဝန်မှ ရပ်စဲဖို့  ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်..

အမှန်တကယ်တော့ သူ့  တာဝန် သက်တမ်း ခြောက်နှစ်ဟာ လာမယ့် ဖေဖော်ဝါရီလ မြန်မာပြည် နောက်ဆုံး ခရီးစဉ် အပြီးမှာ အဆုံးသတ်မှာပါ
ဒါပေမဲ့ သူ့ သ ဘောထားအမြင် သုံးသပ်ချက်တွေဟာ တဖက်သတ် ဆန်လွန်းတယ် ဆိုတဲ့ စွပ်စွဲချက်တွေ.. ကန့် ကွက်မှု့ တွေ.. မြန်မာပြည်သူတွေ ကမ္ဘာသိအောင် ပြသနိုင် ခဲ့တဲ့နောက်မှာ အ ခြေအ နေ တွေက ပြောင်းခဲ့ရတာပါ..

ဒီဖြစ် ရပ်.. သ ဘောထား.. တွေဟာ အမှန်ပဲလား ဆိုတာ မြန်မာနိုင် ငံဆိုင် ရာ လူ့  အခွင့်အ ရေး အထူးအကြံပေး ကိုယ်စားလှယ် ဗီဂျေ နမ်ဗီးယား ကိုယ်တိုင် ကန်တားနားရဲ့  မ အောင်မြင် တဲ့ ခရီးစဉ် အပြီးမှာပဲ ချက်ချင်း ရောက်လာပြီး စုံစမ်း အတည်ပြု ချက် ယူခဲ့ပါတယ်..

ဒီနေရာမှာ ထူးခြားတာ တစ်ခုက မိတ္ထီလာ ဖြစ်စဉ် အပြီး (24.3.2013) နေ့ တွေမှာ ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူ မစ္စတာ နမ်ဘီးယား ဟာ 969 စနက် မကင်းဘူးလို့  အစောပိုင်းမှာ သံယောင် လိုက် ပြောခဲ့ပါသေးတယ်..
ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့  ကန့် ကွက်မှု့ ကို သေချာသိပြီး နောက်ပိုင်း ယခုခရီးစဉ် အပြီးမှာ လုံးဝ လေသံပြောင်းခဲ့ပါတယ်..

ဒါဟာ မြန်မာပြည်တွင်းရေး ဖြစ်ပါတယ်..
ပြည်တွင်းရေးကို ဘယ်သူမှ ၀င် စွက်လို့  မရသလို ၀င် စွက်ဖက် ရင် လဲ ဘယ်နိုင် ငံကမှ လက်သင့် ခံမှာ မဟုတ်ဘူးလို့  တရားဝင် ပြောကြားခဲ့ပါတယ်..

ဘာပဲဖြစ်ဖြစ် သတင်းကောင်းပါ
ကျွန်တော်တို့  နိုင် ငံသားတွေ အ နေနဲ့ အရာရာကို ခေါင်းငုံ့  မခံပဲ ရဲရဲဝံ့ဝံ့ ကမ္ဘာသိအောင် ပြောကြဖို့  လိုပါတယ်
ဒါဟာ စည်းလုံးမှု့ ရဲ့ အောင် ပွဲပါ....။

ဒီနေရာမှာ ဆရာတော် ဦးနာယက (U.S.A) နဲ့  ကိုလင်းထိန် (U.K) တို့ ကိုလဲ ကျေးဇူး တင်ကြောင်း မှတ်တမ်း တင် လိုပါတယ်.....

Action Times Group
မ နေ့ က ကျင်းပ ပြုလုပ်တဲ့ ကုလသမ္မဂ လူ့ အခွင့်အ ရေးဆိုင် ရာ အစည်းအ ဝေး တစ်ခုမှာ ကန်တားနားကို တာဝန်မှ ရပ်စဲဖို့  ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်..

Tuesday 24 September 2013

အမျိုးသမီးများအတွက် သတိပြုမိစေရန်

********** အမျိုးသမီးများအတွက် သတိပြုမိစေရန် ***********

သားအိမ်ကင်ဆာနှင့် အစားအစာ၊ လေ့ကျင့်ခန်း၊ ကော်ဖီသောက်ခြင်းတို့ ဆက်စပ်မှုရှိ
24 SEPTEMBER 2013  | BY GOOD HEALTH
သားအိမ်ကင်ဆာနှင့် အစားအစာ၊ လေ့ကျင့်ခန်း၊ ကော်ဖီသောက်ခြင်းတို့  ဆက်စပ်မှုရှိလေ့ကျင့်ခန်း လုပ်တာ၊ အစားအစာနဲ့ ကော်ဖီ သောက်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျနိုင် တယ်လို့ သုတေသီတွေက အကြံပြု ထားကြပါတယ်။ သားအိမ်ခေါင်း ကင်ဆာဖြစ်သူတွေ ရဲ့ တစ်ဝက်ကျော်ဟာ ကိုယ်အလေးချိန် လျှော့ချနိုင်တာနဲ့ တက်တက်ကြွကြွ နေထိုင်တာကြောင့် ကာကွယ်နိုင်တယ် လို့ သိရပါတယ်။ နေ့စဉ် လေ့ကျင့်ခန်း ၃၈ မိနစ် ပြုလုပ်ပြီး ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ ခန္ဓာကိုယ် အလေးချိန်ရှိရုံနဲ့ သားအိမ် ကင်ဆာဖြစ်နိုင်ခြေကို ထက် ဝက်ခန့် လျှော့ချနိုင် တယ်လို့ သိရပါတယ်။
သားအိမ် ကင်ဆာဟာ အသက် ၆ဝ ကျော် အမျိုးသမီးတွေမှာ အများဆုံး တွေ့ရှိရ တတ်ပြီး ရောဂါလက္ခဏာအနေ နဲ့ မိန်းမကိုယ်မှ သွေးဆင်းတာ ဒါမှမဟုတ် အဖြူဆင်း တာတွေ ဖြစ်တဲ့အပြင် ဝမ်း ဗကိုေ် အာကပ် ငိုး နာကျငတ်ာ အထူး သဖြင့် လိင်ဆက်ဆံ အပြီးမှာ နာကျင် တာတွေ ဖြစ်တတ် ပါတယ်။ သားအိမ် အမြှေးမှာဖြစ်တဲ့ ကင်ဆာဖြစ်ပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေ ထဲမှာ စတုတ္ထ အများဆုံးလို့ သိရပါတယ်။
လေ့လာမှုအရ နှစ်စဉ် သားအိမ်ကင်ဆာ ဖြစ်မယ့် လူနာ ၃၇ဝဝ ယောက်ခန့်ကို နေ့စဉ် ၃၈ မိနစ် လေ့ကျင့်ခန်း ပြုလုပ် စေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ် အလေးချိန်အတွင်း ရှိစေတာကြောင့် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံမှာ အမျိုးသမီးထုရဲ့ ၅၆ ရာခိုင် နှုန်းသာ တစ်နေ့ကို မိနစ် ၃ဝ နှုန်းနဲ့ တစ်ပတ် ငါးရက် လေ့ကျင့်ခန်းပြုလုပ် ကြတယ်လို့ သိရပြီး ၃၉ ရာခိုင်နှုန်းခန့် သာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိ တယ်လို့ ဆိုပါတယ်။
ကော်ဖီ သောက်တာကြောင့် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ် ဆိုတာကိုလည်း သုတေသီတွေက တွေ့ရှိထားပြီး ဖြစ်ပေမယ့် လေ့လာမှုထပ် မံပြုလုပ်ဖို့ လိုသေးကြောင်း သိရပါတယ်။  

Credit: Good Health

https://www.facebook.com/searchmyanmar
 
သားအိမ်ကင်ဆာနှင့် အစားအစာ၊ လေ့ကျင့်ခန်း၊ ကော်ဖီသောက်ခြင်းတို့ ဆက်စပ်မှုရှိ
သားအိမ်ကင်ဆာနှင့် အစားအစာ၊ လေ့ကျင့်ခန်း၊ ကော်ဖီသောက်ခြင်းတို့ ဆက်စပ်မှုရှိလေ့ကျင့်ခန်း လုပ်တာ၊ အစားအစာနဲ့ ကော်ဖီ သောက်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျနိုင် တယ်လို့ သုတေသီတွေက အကြံပြု ထားကြပါတယ်။ 
 သားအိမ်ခေါင်း ကင်ဆာဖြစ်သူတွေ ရဲ့ တစ်ဝက်ကျော်ဟာ ကိုယ်အလေးချိန် လျှော့ချနိုင်တာနဲ့ တက်တက်ကြွကြွ နေထိုင်တာကြောင့် ကာကွယ်နိုင်တယ် လို့ သိရပါတယ်။ နေ့စဉ် လေ့ကျင့်ခန်း ၃၈ မိနစ် ပြုလုပ်ပြီး ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ ခန္ဓာကိုယ် အလေးချိန်ရှိရုံနဲ့ သားအိမ် ကင်ဆာဖြစ်နိုင်ခြေကို ထက် ဝက်ခန့် လျှော့ချနိုင် တယ်လို့ သိရပါတယ်။