*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 20 September 2013

မလေးရှားမှ နေထိုင်ကြကုန်သော ညီအကိုမောင်နှမ များခင်ဗျာ


မင်္ဂလာပါ....

မလေးရှားမှ နေထိုင်ကြကုန်သော ညီအကိုမောင်နှမ များခင်ဗျာ....
မပင်ပန်းရင် ခဏ အချိန်ပေးပြီး ၀င်ဖတ်စေချင်ပါတယ်...ကျနော် ဒီနေ. ကြုံတွေ့တဲံ့  အဖြစ်ပျက်လေးပါ..သိသင့်တယ်ထင်လို. ကျနော် တင်ရတာပါ..ပူဒူးရာယာ မှာ ကောင်တာက ကားလက်မှတ်ရောင်းသူနဲ. အလစ်သုတ် အဖွဲ. ပေါင်းပြီး လုပ်ကြံတာတွေပါ....ကားလက်မှတ်ရောင်းပြီး ..တစ်ခါမှ မစီးဖူးတဲံ့ ပလက်ဖောင်း ၁၃ မှာ သွားစောင့်ပါတဲ့...ကားခုချက်ချင်းထွက်မှာ တဲံ့.....ဆင်းလဲ ဆင်းသွားရော..ကားက ရပ်ထားပါတယ်..၂ စီးတောင် ဒါပေမယ်. ကျနော် စီးရမယ်. ကားမဟုတ်ဘူး ဖြစ်နေတယ်...
 
 .ဖြစ်ချင်တော့ အဲနားမှာ စောင့်နေတဲံ့ ကောင်တွေက အလစ်သုတ် ခါးပတ်နိုက်တွေဖြစ်နေပါတယ်..   သူတို.ပုံစံက အသက် ၂၄ ၀န်းကျင်လောက်ပါပဲ သူတို.ကိုယ်စီမှာ လွယ်အိပ်လေးတွေနဲ. ဖုံးဆော့ချင်ယောင်ဆောင်တဲ့ သူတယောက် ကားကိုစောင့်နေ ချင်ယောင်ဆောင် တဲ့လူက တစ်ယောက် ကျနော် သေချာ စိုက်ကြည့်နေတယ်..ကျနော်ကလဲ လက်တော့အိပ်နဲ.ဆိုတော့ ကပ်ပြီပေါ့..တစ်ယောက် အထာတစ်ယောက်ပေးပြီး ကျနော်နား ကပ်လာတာ အရင် မြင်လိုက်တော့ ကျနော် လွတ်နိင်ရာ လူတွေများတဲံ့ဆီ ခပ်မြန်မြန်လေး လျှေက်သွားလိုက်တယ်..ဖြစ်ချင်တော့...အပေါ်မှာ တစ်ယောက် ကစောင့်နေသေးတယ်..အုပ်စုတွေနဲ.ပါ..
 သူတို.က ကျနော်က စီးနေကျ ပလက်ဖေါင်း ၂၂ ကိုသွားပြီး ကားသွားမေးတော့ နောက်ကနေ ကပ်လိုက်လာတယ်..ကျနော်က မြင်တော့ ၀ယ်ထားတဲံ လက်မှတ် ကိုပြကြည့်တော့ ဒီကားကို မမြင်ဖူးဘူး..ဘာတာဝပ်ဆို ပလက်ဖေါင်း ၂၂ ပဲ များတယ် တဲ့..သိလိုက်ပြီကျနော်က ..ခုံရှိသေးလားလို.မေးတော့ ရှိတယ်တဲံ့..အိုကေ တစ်ယောက် ဘယ်လောက်လဲမေးတော့ ၃၅ ကျပ်..စောနက ကျနော်ဝယ်တာက ၅၀ ပေးရတယ်လို.ပြောတော့ မင်းအလိမ်ခံရပြီတဲံ့..ကျနော်က ကားပေါ်ကိုပဲ အမြန်တက်ချင်တော့တာ ဘာလို.လဲဆိုတော့ တစ်ယောက်က ပတ်လည် ၀ိုင်းပြီး လိုက်ကြည့်နေတာ ကားပေါ်ရောက်တာတောင်....မသွားဘူး..ဖုံးတွေဘာတွေဆက် ကျနော့်ကို စိုက်ကြည့်တာ အကြာကြီးပဲ..
 ကျနော်က မသိချင်ယောင်ဆောင်ပြီး..ပေကပ်နေလိုက်တာ....ကားထွက်တော့မှ ရင်အေး ရတော့တယ်..ဒိနေ. တကယ်ကြုံရတဲ့ အဖြစ်ပျက်တွေပါ...မလေးရှားမှာရှိတဲ့ ညီအကို မောင်နှမများ ခရီးသွားရင် တန်ဖိုးကြီး အသုံးမလိုတဲံ ပစွည်းတွေကို မယူစေချင်ပါဘူး..သတိဝိရိယနဲ. သွားစေချင်တယ်..သူတို.အဖွဲ.ကများတယ် ..ကားကွင်းအောက်ဆုံးထပ်မှာ လုပ်စားနေကြတာ...ဖြစ်နိင်ရင် ညီအကိုမောင်နှများ လက်ဆငိ့ ကမ်းပေးပါလို. မေတ္တာရပ်ခံပါတယ်..အရင်က ကြုံဖူးပါတယ်..ဒိလောက်မဆိုးပါဘူး..ခု က  တောက်လျှောက် လိုက်နေတာ......အားလုံးကို ဘေးကင်းစေချင်လို. ကျနော် ဒိနေ.ကြုံတွေ့တဲံ့ အဖြစ်ပျက်တွေကို တင်ပြရင်း ဆုံးအောင်ဖတ်ပေးတာလဲ ကျေးဇူတင်ပါတယ်.....Fbမသုံးတဲံ့ သူငယ်ချင်းတွေကို လက်ကမ်းမှီသလောက် ပြောပေးပါအုံး..ကျေးဇူးပါ....ဖတ်ပေးလို့.

သတင်းဘုရင်          From..Facebook

No comments:

Post a Comment