*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 9 September 2013

အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း နိုင်ငံတကာ အဆင့်မီ ကားအစီး ၅ဝဝ ဆံ့ ကားပါကင် တည်ဆောက် လျက်ရှိ …


အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း နိုင်ငံတကာ အဆင့်မီ ကားအစီး ၅ဝဝ ဆံ့ ကားပါကင် တည်ဆောက် လျက်ရှိ …
ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေး ကားဝင်းတွင် မော်တော်ယာဉ်ကြီးများ ဝင်ရောက် ထွက်ခွာရာ၌  အဆင်ပြေစွာ သွားလာနိုင် ရန်အတွက် ကားအစီး ၅ဝဝဆံ့ ကားပါကင် ကြီးနှင့် ကားလမ်း ချဲ့ထွင်မှု များကို ပြုလုပ်နေကြောင်း အဝေးပြေး ယာဉ်ရပ်နား စခန်းမှ တာဝန် ရှိသူထံမှ သိရသည်။

အဆိုပါ အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်တွင် ယခင်နှစ်များက ခရီးသွား ရာသီတွင်း ကာလများတွင် မော်တော် ယာဉ်အဝင် အထွက်များ မှုကြောင့် ယာဉ် ကြောများပိတ်ဆို့ နေသောကြောင့် ခရီးသွား ပြည်သူများ အချိန်တစ်နာရီခန့် ယူပြီး သွားလာ စောင့်ဆိုင်း နေရသော အခြေ အနေများ ကို ဖြေရှင်း ရန် ထိုသို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အပြင် အဝေး ပြေးယာဉ်များ ဆိုက်ရောက် ထွက်ခွာ ကားဂိတ်များ ဖွင့်လှစ်ခြင်းလည်း ဖြစ်သည်။


အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းအတွင်း ခရီးသွားများ အဆင်ပြေ ချောမွေ့စေရန်အတွက် လမ်းညွှန် ပန်းဖလက် များကို အလွယ်တကူ ရယူနိုင်ရန်လည်း စီစဉ် ဆောင်ရွက် ထားပြီး နောက်ပိုင်း တွင် နိုင်ငံတကာ အဆင့်မီ အဝေးပြေး ကားဝင်းကြီးများ ဖြစ်လာ ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းမှ ပွင့်လင်း ရာသီများနှင့် နိုင်ငံတော် ရုံးပိတ် ရက်ရှည် များတွင် ထိုကွင်း အတွင်းသို့ မော်တော်ယာဉ် နေ့စဉ် တစ်သောင်းကျော်အထိ ဝင်ရောက်ကြောင်း သိရသည်။ ထိုမော်တော်ယာဉ် ပိတ်ဆို့မှု များကို ယခုနှစ် ခရီးသွားရာသီ အမီ ဖြေရှင်းနိုင်ရန် စီစဉ် ဆောင် ရွက်နေကြောင်း သိရသည်။ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းကို နိုင်ငံတကာ အဆင့်မီ ဖြစ် လာစေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဘတ်ဂျက်နှစ် အလိုက် တင်ပြ ဆောင်ရွက် နေကြောင်း သိရသည်။

 Written by  စကားဝါ
 မြ၀တီမှ မျှဝေဖေါ်ပြသည်..

No comments:

Post a Comment