*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 11 September 2013

အလုပ်မှာ ပျော်စေရန် နည်းလမ်း



ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆို တာ ဖြစ်နိုင်ချေ အများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှ လူဆိုတာ က လည်း  ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာ မပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင် ကလည်း မတိုးတက် သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

1.    Surround yourself with people who love their work
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေ နဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှိ နေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုး လာစေမှာ ဖြစ်ပါတယ်။

 
2.    Work to improve your strengths and talents
Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ် ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။

3.    Identify the impact you want to have on the world
အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူး အနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့ လိုပါမယ်။ ဒါမှ မိမိကိုယ်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။

4.    Learn as much as you can about the life you want
ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။

5.    Try, and try again
ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိ ထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့ မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက် အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
Ref:entrepruner.com
အောင်ခမ်း (International news for myammar)                       From...Myanmar Latest News

No comments:

Post a Comment