*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 11 September 2013

ကားအရောင်း စင်တာများတွင် ၂၀၀၈ မော်ဒယ်နှင့်အထက် အိမ်စီးကားနှင့် ၂၀၀၃ မော်ဒယ်နှင့် အထက် လုပ်ငန်းသုံးကားများ အပ်ကုန်စနစ်ဖြင့် တင်သွင်းရောင်းချ ခွင့်ပြုမည်


8.1.1

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ကားအရောင်း ပြခန်းတစ်ခုကို တွေ့ရစဉ်

ကားအရောင်း စင်တာများတွင် ၂၀၀၈ မော်ဒယ်နှင့်အထက် အိမ်စီးကားများနှင့် ၂၀၀၃ မော်ဒယ်အထက် လုပ်ငန်းသုံး ကားများကိုပါ အပ်ကုန်စနစ်ဖြင့် တင်သွင်းရောင်းချခွင့် ပြုပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

လက်ရှိတွင် ကားအရောင်းစင်တာ Car Sale Center များအား ယာဉ်အိုယာဉ်ဟောင်း လဲလှယ်အပ်နှံပြီး ပြန်လည်တင်သွင်းခွင့် ပြုပေးထားသည့် ၁၉၉၇ မော်ဒယ်မှ ၂၀၀၇ မော်ဒယ်အထိ ကားများကိုသာ ရောင်းချခွင့် ပြုထားသည်။

ယခု ၂၀၀၈ မော်ဒယ်နှင့်အထက် ကားများအားလုံး တင်သွင်းရောင်းချခွင့် ပြုမည်ဖြစ်၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသူ များအပြင် လူတစ်ဦးချင်း တင်သွင်းလိုသူများလည်း ကားအရောင်း 
စင်တာများတွင် ၀ယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။


ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှု ပမာဏမှာ နည်းပါးလာခြင်း၊ လူတစ်ဦးချင်း တင်သွင်းခွင့် ပြုထားသည့် ၁၃၅၀ စီစီအောက် ကားများ၏ တန်ဖိုးမှာ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ပြီး ပြန်လည်တင်သွင်းခွင့် ပြုထားသည့် ကားများထက် တန်ဖိုးသက်သာခြင်း တို့ကြောင့် ကားအရောင်း စင်တာများသည် ရောင်းအားကျဆင်းမှုနှင့် ရင်ဆိုင်ရလျက် ရှိသည်ဟု သိရသည်။

ထို့အတွက်လည်း ယခုကဲ့သို့ အိမ်စီးကား၊ လုပ်ငန်းသုံးကားများကို Consignment Basis စနစ်ဖြင့် စိတ်ကြိုက်တင်သွင်း ရောင်းချခွင့်ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ တင်သွင်းရောင်းချခွင့် ပြုလိုက်သည့် အတွက် တင်သွင်းလိုသူ လူတစ်ဦးချင်း အနေဖြင့် ငွေစာရင်းဖွင့်ခြင်း၊ နိုင်ငံခြားငွေဖြည့်ရခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ခြင်း၊ ပြည်ပမှ မော်တော်ယာဉ်အား လေလံဆွဲဝယ်ယူရခြင်း၊ ဆိပ်ကမ်းမှ ကားထုတ်ရခြင်း အပါအ၀င် အဆင့်ဆင့်သော ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် မလိုအပ်တော့သည့် အတွက် အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာမည်ဟု သိရသည်။

အရောင်းစင်တာများသို့ တင်သွင်းရောင်းချခွင့် ပြုရာတွင် အိမ်စီးကားများ ဆိုပါက ၂၀၀၈ မော်ဒယ်နှင့်အထက် (၁၃၅၀ စီစီ အောက် ကားများအပါအ၀င်)၊ ဘတ်စ်ကားများ ဆိုပါက ၂၀၀၃ မော်ဒယ်နှင့် အထက်ကားများ)၊ Express Bus များဆိုပါက ၂၀၀၈ မော်ဒယ်နှင့် အထက်ကားများ၊ ကုန်တင်ယာဉ် အုပ်စုဆိုပါက (Pick Up 2Door, Box Truck, Freezer Box Truck အပါအ၀င် ၂၀၀၃ မော်ဒယ်နှင့်အထက် ထုတ်လုပ်ခဲ့သည့် ကားများ ပါဝင်ကြောင်းလည်း သိရသည်။

ဘတ်စ်ကားများ အားလုံးကို ဘယ်မောင်း၊ ညာမောင်း ခွဲခြားခြင်း မပြုဘဲ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ အိမ်စီးကား၊ လုပ်ငန်းသုံးကား မည်သည့်ကားမဆို တင်သွင်းရာ၌ လက်ရှိ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ သတ်မှတ်ထားသည့် CIF တန်ဖိုးများဖြင့် တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

အရောင်းစင်တာများအား ယခုအမျိုးအစားကားများ တင်သွင်းခွင့် ပေးပြီးပါက ဆက်လက်၍ ကားအသစ် သီးသန့်တင်သွင်း ရောင်းချမည့် ကားအရောင်းပြခန်း Car Show Room များအား ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်းနှင့် ဘယ်မောင်းသီးသန့် ကားသစ်များအား တင်သွင်းရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း၊ အနိမ့်ဆုံး သုံးနှစ်အတွင်း ထုတ်ထားသည့် မော်တော်ယာဉ် သစ်များကိုသာ တင်သွင်းရောင်းချခွင့် ပေးရန် စီစဉ်နေသည်ဟု သိရသည်။

 Created on Monday, 09 September 2013 22:39           From....Serach MYANMAR

No comments:

Post a Comment