*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 19 September 2013

ဆီးရီးယားစစ်တပ် ရဟတ်ယာဉ် ပိုင်းလော့ကို သူပုန်တပ်များ ခေါင်းဖြတ်သတ်


Daily Mail သတင်းစာက ရဟတ်ယာဉ် အတွင်းမှ ပိုင်းလော့တစ်ဦးကို သူပုန်များက ဖမ်းဆီးပြီး ခေါင်းဖြတ် ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။ 

တူရကီ လေတပ်က ပစ်ချလိုက်သဖြင့် ပျက်ကျ သွားသော ဆီးရီးယား စစ်ဘက် ရဟတ် ယာဉ်မှ ပိုင်းလော့ ကို ဆီးရီးယား သူပုန် တပ်များ က ခေါင်းဖြတ် လိုက်ကြောင်း သိရသည်။ ယခု သီတင်းပတ် အစော င်း က လေပိုင်နက် ကျူးကျော် လာမှု ကို အတန်တန် သတိပေးနေသည့် ကြားမှ ရှေ့တိုးလာသည့် ဆီးရီးယား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို မိမိတို့ ပစ်ချခဲ့ကြောင်း၊ ယင်းရဟတ်ယာဉ် သည် ဆီးရီးယား ဘက်ခြမ်းတွင် ပျက်ကျ သွားကြောင်း တူရကီက ကြေညာခဲ့သည်။ ဒေသတွင်း သတင်းဌာန အချို့က F-16 တိုက်လေယာဉ် တစ်စင်း၏ ပစ်ချမှုကြောင့် မီးလောင်ပေါက်ကွဲကာ ပျက်ကျသွားသည့် ရဟတ်ယာဉ်ပုံကို ထုတ်လွှင့် ပြသခဲ့ ကြသည်။ ယခုအခါ Daily Mail သတင်းစာက ရဟတ်ယာဉ် အတွင်းမှ ပိုင်းလော့တစ်ဦးကို သူပုန်များက ဖမ်းဆီးပြီး ခေါင်းဖြတ်ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။

ပျက်ကျမှု ဖြစ် ပွားပြီး နာရီပိုင်း မျှ အကြာတွင် လေယာဉ် မှူး အဝတ် အစားနှင့် ဦးခေါင်း မဲ့ အလောင်း တစ် လောင်း ကို စွန့်ပစ် ထားသော ဓာတ်ပုံ များ ထွက်ပေါ်လာပြီး ယင်းနှင့် မနီးမဝေး တွင် ပိုင်းလော့၏ ဦးခေါင်းပြတ် ရှိနေ သည်ကို တွေ့ရသည်။ ဆီးရီးယား သူပုန် အဖွဲ့ထဲမှ တစ်ဦးဦးက ရိုက်ကူးထားသည်ဟု ယူဆရသော ဗီဒီယိုသည် အင်တာနက်ပေါ် ရောက်ရှိလာခဲ့ပြီး ၎င်းသည် တူရကီလေတပ် က ပစ်ချခဲ့ သည့် လေယာဉ် မှူး ဟုတ်မဟုတ် တိတိကျကျ အတည်ပြုရန် ခက်ခဲနေဆဲဟု သိရသည်။

Weasel Zippers ဝက်ဘ်ဆိုက်ကမူ လေယာဉ်မှူးကို သူပုန်များက ဖမ်းဆီးကာ ခေါင်းဖြတ်ခဲ့ခြင်းဟု အခိုင် အမာ ဖော်ပြခဲ့သည်။ ရဟတ်ယာဉ် ပျက်ကျသွားသည့် နေရာနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေသော် လည်း ဆီးရီးယား ရှီ အယ်လ်အက်ရက်ဒ် တောင်တန်း များ အနီး တွင် ဖြစ်နိုင်ကြောင်း သတင်း များက ရေးသား ခဲ့သည်။ တူရကီ ဝန်ကြီးချုပ် ရီဆက်တေယစ်ပ် အာဒိုဂန် ကမူ မိမိတို့ လေတပ်၏ လုပ်ရပ် ကို ကာကွယ် ပြောဆို သွားသည်။ "ကျွန်တော်တို့ လေပိုင်နက် ကို ကျူးကျော် လာတဲ့အတွက် လိုအပ်သလို လုပ်ခဲ့ တာပါ။ တစ်ဖက် နယ်နိမိတ်ထဲ မှာ ဘာတွေဖြစ်တယ် ဆိုတာက ကျွန်တော်တို့ နဲ့ မဆိုင်ဘူး"ဟု အာဒိုဂန်က ဆိုသည်။ ဆီးရီးယား စစ်တပ်ကလည်း တူရကီ၏ F-16 တိုက်လေယာဉ် များသည် မိမိတို့၏ ရဟတ်ယာဉ် ကို ပစ်ချခဲ့ကြောင်း အတည်ပြုခဲ့ပြီး တူရကီ၏ လုပ်ရပ်သည် နှစ်နိုင်ငံကြား နယ်နိမိတ် ပြဿနာကို ပိုမိုတင်း မာအောင် ကြံဆောင်ခြင်းဟု စွပ်စွဲထားသည်။
 
နိုင်ငံတကာသတင်း  
9/19/2013 09:03:00 AM 
Planet Myanmar Netwok               From..Today Myanmar

No comments:

Post a Comment