*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 20 September 2013

သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ချပ်ဝတ်တန်ဆာ များထိန်းသိမ်းရေး ဂျပန်က နည်းပညာ ကူညီပေးရန်ကမ်းလှမ်း



မြန်မာ ဘုရင်သီပေါမင်း ၏ ချပ်ဝတ်တန်ဆာ ဒုယင်တော်နှင့် မိဖုရားခေါင် ကြီး စုဖုရားလတ်၏ မဟလ္လတာ ချပ်ဝတ်တန်ဆာ ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံမှ နည်းပညာ ကူညီ ပံ့ပိုးပေး မည်ဖြစ် ကြောင်း သိရသည်။အဆိုပါ ချပ်ဝတ်တန်ဆာများ သည် အမျိုးသားပြတိုက်တွင် ထား ရှိခြင်းဖြစ်ပြီး ယင်းတို့အား ထိန်း သိမ်းစောင့်ရှောက် နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း အမျိုးသားပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်နုမြဇံက ပြောသည်။ 
 
''အမျိုးသားပြတိုက်မှာ ရှိတဲ့ ရတနာပုံခေတ် သီပေါမင်း၊ စုဖုရား လတ်တို့ရဲ့ မဟလ္လတာ တန်ဆာကို ဂျပန်နိုင်ငံက ထိန်းသိမ်းစောင့် ရှောက်ပေးဖို့ ကမ်းလှမ်းထားပါ တယ်။ ချပ်ဝတ်တန်ဆာတွေကို ထိန်းသိမ်းသန့်စင် တဲ့အခါ လက် ဝင်ပါတယ်။ အမှားလဲ မခံနိုင်ပါ ဘူး။ ဂျပန်နိုင်ငံက စေတနာ့ဝန် ထမ်းအဖြစ် လာရောက်ပြီး ထိန်း သိမ်းစောင့်ရှောက်တဲ့ နည်းတွေ ကို ပေးသွားမှာဖြစ်ပြီး ဒီမှာရှိတဲ့ ပြတိုက် က တာဝန်ရှိ သူတွေ ပြ တိုက်မှူးတွေ အတွက် ပညာတွေ ရရှိလိမ့်မယ်လို့ ထင်ပါတယ်''ဟု ယင်းက ပြောသည်။

အဆိုပါ ချပ်ဝတ်တန် ဆာ များကို အမျိုးသားပြတိုက်တွင် ပြ သထားပြီး ဂျပန်နိုင်ငံမှ ပညာရှင် များက မြန်မာပညာရှင် များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကမ်း လှမ်းထားခြင်းဖြစ်ပြီး ယင်းသို့ ပူး ပေါင်းဆောင် ရွက်ခြင်းဖြင့် မြန်မာ နိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ် များကို ကမ္ဘာမှ သိရှိလာနိုင် မည် ဖြစ်ကြောင်းသိရသည်။
 
''အဲဒါမျိုးက အစောကြီး ကတည်းက လုပ်ရမှာပါ။ နိုင်ငံတ ကာ ပူးပေါင်းဆောင်ရွက်မှု ပေါ် လစီတွေကို ချမှတ်ပြီး ဆောင်ရွက် ရမှာပါ။ လာပြီး ထိန်းသိမ်းပေးတဲ့ နိုင်ငံတကာက ပညာရှင်တွေဆီ မှာလဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေရှိပြီး ကမ္ဘာက သိရှိ လာနိုင်မယ့် အကျိုးတွေ ရရှိမှာ ဖြစ်သလို နိုင်ငံတကာက နည်းပ ညာတွေကို မြန်မာရှေးဟောင်း သုတေသန ပညာရှင်တွေလဲ ရရှိ နိုင်မယ် ထင်ပါတယ်''ဟု နိုင်ငံတ ကာရှေးဟောင်း သုတေသနအဖွဲ့ များနှင့် သွားရောက် တူးဖော်ခဲ့ သော မြန်မာရှေးဟောင်း သုတေ သနပညာရှင် ဦးသူရအောင်က ပြောသည်။

ယင်း ချပ်ဝတ်တန်ဆာများ ကို ထိန်းသိမ်းစောင့်ရှောက်မည့် ဂျပန်အဖွဲ့ဝင်များမှာ အောက်တို ဘာတွင် မြန်မာနိုင်ငံသို့ ရောက် ရှိကာ လုပ်ငန်း စတင်နိုင်မည်ဖြစ် ကြောင်း သိရသည်။မန်မာတို့၏ နောက်ဆုံး ဘုရင် သီပေါမင်းနှင့် စုဖုရားလတ် တို့၏ ချပ်ဝတ်တန်ဆာများကို အ မျိုးသားပြတိုက် မြေညီထပ်၊ ရတ နာပုံခေတ်ပြခန်းတွင် ပြသထား ကြောင်း အမျိုးသားပြတိုက်မှ သိ ရသည်။ 

[ သူသူထက်လွင် ၊ ရန်ကုန် ၊ စက်တင်ဘာ ၁၉ ]
From...Facebook

No comments:

Post a Comment