*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 28 September 2013

သင်သိဖို့တော့ လိုပါတယ်


                     

သင့်အမေက သူ့ရဲ့သားအိမ်ထဲမှာ သင့်ကို ၉ လနီးပါးထည့်ထားရပါတယ်တဲ့။ပျို့အန်ချင်စိတ်တွေနဲ့ တစ်လလောက် နေမကောင်းဖြစ်ခဲ့ရပါတယ်။အိပ်မပျော်တဲ့ ညပေါင်းများစွာ ကိုလဲ ဖြတ်သန်းခဲ့ ရပါတယ်။ သင့်ကို ဒီလောကထဲ မွေးထုတ်ပေးတဲ့အချိန်မှာ အလွန်အမင်းနာကျင်မှုကို အံကြိတ်သည်းခံပြီး သင့်ကိုမွေးပေးခဲ့တာပါ လှေကားတွေကို ဖြေးဖြေးတက်ရတယ်။အစားသောက်တွေလဲ ရှောင်ခဲ့ရတယ်။ခံတွင်းတွေပျက်လို့ မစားနိုင်မသောက်နိုင်တဲ့ နေ့တွေဒုနဲ့ဒေး။ သင်မွေးမလာခင်ကတည်း က သင့်ကို ချစ်နေခဲ့ရတာ။ သင့်အမေရဲ့ သွေးတွေနဲ့ သင်အသက်ဆက်ခဲ့ရတယ်။

သင့်ကိုမွေးပြီးတဲ့ အချိန်မှာ လဲ သင့်အမေကသင့်ရဲ့ ကလေးထိန်းဖြစ်ပါတယ်၊သင့်ရဲ့သူနာ
ပြုဆိုလဲဟုတ်ပါတယ်၊သင့်ကို အစေခံတစ်ယောက်လိုပြုစုရပါတယ်။သင့်ရဲ့ ဆရာဆိုလဲဟုတ်ပါတယ်၊သူငယ်ချင်းဆိုလဲ ဟုတ်၊သင်ဖျော်ဖြေ သမျှကိုလက်ခံအားပေးတဲ့ သင့်ရဲ့အမာခံပရိတ်သတ်ဆိုလဲမမှားပါဘူး။

သင့်အမေဟာ သင့်အတွက် ငိုကြွေးခဲ့ရတယ်၊ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရတယ်၊သင့်အတွက်ဆုတော
င်းခဲ့ ရတယ်၊သင့်အတွက်. . . . . . .

လူတော်တော်များများဟာ ကျွန်တော်တို့ရဲ့ အမေတွေ ကျွန်တော်တို့အတွက်နဲ့ ဘယ်လောက်ပင်ပန်းခဲ့ရလဲဆိုတာကို မသိခဲ့ကြဘူး။
တကယ်လို့ သင့်မှာ အမေရှိနေသေးရင် သင့်အလုပ်တွေနဲ့ အချိန်မရရင်တောင် ဒီတစ်နေ့တော့ သင့်အမေဆီသွားပါ။သင့်အမေအတွက် လက်ဆောင်တစ်ခုမပါရင်တောင် သင်ဟာသင့်အမေအတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။


ယနေ့မှာကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ သင်ချစ်တဲ့သင့်အမေနဲ့ အတူပျော်ရွင်နိုင်ကြပါစေ။

မောင်စိုင်း
                                                
Scientist Myanmar's photo.   မှကူးယူဖေါ်ပြသည်....

No comments:

Post a Comment