*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 11 September 2013

ကပ္ပိတိန် ဂျက်စပဲရိုး(Captain Jack Sparrow) ခေါင်းပေါ်က မြန်မာ့ ငါးပြားစေ့



Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော်  ပင်လယ်ဓားပြကြီး ကပ္ပိတိန်ဂျက်စပဲရိုးCaptain Jack Sparrow  (Jonny Deep) နဖူးပေါ်မှာ တွဲလောင်းဆွဲထားတဲ့
သူ့ရဲ့အဆောင်လေးကိုလည်း မိတ်ဆွေတို့ သတိထားမိမှာပါ


 


အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက်Jack Sparrow's piece of eight လို့ခေါ်ပါတယ်
ဒဂါ င်္းလေးတစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ် Jack ပထမဆုံး ဓါးပြတိုက်ခဲ့တဲ့ ပြင်သစ် သင်္ဘောက ရရှိတာဖြစ်ပြီး ဒဂါ င်္းလေးကို ကံကောင်းစေတဲ့ အဆောင်အဖြစ် Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့ ။

ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့သူ့ရန်သူတွေဟာ အဲ့သည့် အဆောင်လေးကို မရမက လိုက်လုပါတယ် Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ်
ဒါပေမယ့် သူမရခဲ့ပါဘူးနောက်ဆုံးတော့ At World's End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa က ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီးရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ် ။
ဒါက piece of eight အကြောင်းပါ

စကားမစပ်!!!
မိတ်ဆွေတို့ သတိထားမိပါသလား
သေချာကြည့်ကြည့်ပါ
အဲ့သည့် ဒဂါ င်္းလေးဟာ
၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်ခင်ဗျာ ။




ကျွန်တော်လည်း တစ် လောက HD ကြည့်မိမှ သတိထားမိတာပါ ဒါနဲ့ internet မှာရှာကြည့်ပါတယ်
Disney က ဘာပြောထားသလဲဆိုတော့ ဒဂါ င်္းလေးက ထိုင်းက ရှေးဟောင်း ဒဂါ င်္လေးဖြစ်ပြီး
ပုတီးစိလေးတွေ ကတော့ မော်ရိုကိုကဖြစ်ပါတယ်တဲ့ ။

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယား ဒဂါ င်္းတွေ ရှာကြည့်ပါတယ် ပုံစံတူလုံးဝ မရှိပါခင်ဗျာ ။
သူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ် ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာ တိုက်ကြည့်ပါ ။
ဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်  ။



  
 ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီးမြန်မာ့ငါးပြားမရှိတော့တဲ့ အတွက် သူကံဆိုးသွားရတာဖြစ်ကြောင်း ပြောပြရင်း
ငါးပြားရှင် မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်း တင်ဆက် လိုက်ရပါတယ်ခင်ဗျာ ။


ကိုဆေး 


Ko Ko Oo

.လေ့လာရန်လင့် > http://pirates.wikia.com./wiki/Jack_Sparrow%27s_piece_of_eight
လေလွင့်နေတဲ့ လူ မျှဝေပါသည်။

No comments:

Post a Comment