*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 2 September 2013

Save Myanmar In Malaysia..

Photo: ကျနော်မှားသွားရင်၊ မဟုတ်တာရှိရင်ဝင်ပြောပါနော်။ 

ကျနော်တို့အခုမလေးမှာ အလုပ်လုပ်နေသူတွေဟာ ဈေးဝယ်ဖို့တောင်အပြင်မထွက်ရဲပါဘူး။ 

ပြီးတော့ ဖမ်းတဲ့သူတွေက ရဲတွေရှိမယ်။ လဝကတွေ ရယ် ၊ ရေလာဆိုတဲ့ စွမ်းအားရှင်အဖွဲ့တွေရှိတယ်။ သူတို့တွေဖမ်းတော့မယ်ဆို တွေ့သမျှ အကုန်သိမ်းကျုံးပြီးကားပေါ်တင်သွားတာပါ။ တရားဝင်တာရော တရားမဝင်တာရောပေါ့ဗျာ။ 

ဘာလို့အဲလိုလုပ်လဲဆိုတော့အရင်ကဆိုအလုပ်သမားတွေအတွက်ကဒ်ပြားလေးတွေထုတ်ပေးတယ်။ အခုကအဲလိုကဒ်ပြားလေးတွေမထုတ်ပေးတော့ဘူး။ နိုင်ငံကူးစာအုပ် (ပတ်စပို့စ်) မှာ ဗီဇာလိုမျိုး အပြာရောင်စာရွက်လေးကပ်ပေးတယ်။ နိုင်ငံကူးစာအုပ်ကတော့သိတဲ့အတိုင်းပဲ။ အတော်များများ ၉၀ % လောက်ကအလုပ်ရှင်တွေသိမ်းထားတာလေ။ အလုပ်ရှင်တွေက ကာလာမိတ္တူလေးပဲပေးထားတော့ အဲဒါပြလည်းဖမ်းတာပဲလေ။ အနည်းဆုံးတော့ရဲစခန်းမှာစစ်လို့မပြီးမချင်းတစ်ပါတ်လောက်တော့ကြာတာပေါ့။ အချုပ်ဆိုတော့လည်းသိတဲ့အတိုင်းလေ။ ကိုယ်ချင်းစာကြည့်ပေးပါဗျာ။ 

ပြီးတော့ အရင်ကသိထားတာပေါ့နော်။ (အခုတော့သေချာမသိပါ)။ တရားမဝင်အလုပ်သမားတွေမိသွားရင် အနည်းဆုံးအချုပ်ထဲမှာ ၂ လ ၃ လလောက်နေရပါတယ်။ ပြီးရင် အပြင်ကအသိတစ်ယောက်ယောက်ကနေ ရင်းဂစ် ၂၀၀၀၊ ၃၀၀၀ လောက်ပေးပြီးလာရွေးပေးရင်ပြန်လွှတ်ပေးပါတယ်။ အကယ်၍ မပေးနိုင်ရင်ရဲတွေက မလေး-ထိုင်းနယ်စပ်မှာ ထိုင်းငါးဖမ်းလှေတွေဆီမှာသွားရောင်းစားပစ်ကြပါတယ်။ တံငါသည်တွေပေါ့ဗျာ။ 

အဲလိုရောင်းစားခံခဲ့သူတွေဟာ မိန်းကလေး ယောင်္ကျားလေး မရွေးပါဘူး။ အရောင်းစားခံရသူတွေအဖို့ကအတော်များများဟာ ပြန်လမ်းမရှိကြပါဘူး။ ယောက်ျားလေးတွေအဖို့ကတော့ အဲဒီလှေတွေပေါ်မှာ သူတို့တွေမလုပ်ခြင်တဲ့အလုပ်တွေအကုန်လုပ်ရပါတယ်။ တစ်ပြားမှမရပါဘူး။ ဘယ်သူနဲ့မှအဆက်အသွယ်မရပါဘူး။ အကယ်၍မလုပ်နိုင်ရင် ပင်လယ်ထဲမှာ အစွန့်ပစ်ခံကြရပါတယ်ဗျာ။ 

မိန်းကလေးတွေအရောင်းစားခံရပြီဆိုရင်တော့ လိင်အလုပ်သမားအဖြစ် အဓမ္မအကျင့်ခံရတော့တာပါပဲ။ စိတ်ပါပါ မပါပါပေါ့ဗျာ။ စဉ်းစားကြည့်ပါဗျာ။ ကိုယ့်နိုင်ငံသားချင်းကိုယ်ချင်းစာပေးပါ။ 

ကျနော်တို့ဒီမှာအလုပ်လာလုပ်နေတာ ကျနော်တို့ဘဝအတွက်အလုပ်လာလုပ်နေတာပါ။ ရှိတာလေးပေါင်နှံရောင်းချပြီးထွက်လာခဲ့ရတာပါ။ အခုလဲအဖမ်းအဆီးကလဲကြမ်းဆိုတော့ တရားဝင်ရော တရားမဝင်ရောက အရင်ဆုံးအဖမ်းခံကြရတာပါပဲဗျာ။ 

အခုမျှော်လင့်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် တတ်နိုင်သလောက်လေးကူညီပေးပါအုံးဗျာ။ အခုဆိုရင် ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ အစရှိတဲ့နိုင်ငံမှတာဝန်ရှိသူတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးထိရောက်စွာဆွေးနွေးပြီး တတ်နိုင်သမျှ အသက်ဆုံးရှုံးမှုနည်းစေရန်၊ အနှိပ်စက်ခံရမှုနည်းစေရန်၊ ဖမ်းဆီးလွှတ်ရက်ရောက်ပါက မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်လက်မှတ်အခက်အခဲများကို ဖြေရှင်းပေးပါလို့မလေးရှားမှသူများကိယ်စားမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

credit : Kyaw Thu Soe


ကျနော်မှားသွားရင်၊ မဟုတ်တာရှိရင် ဝင်ပြောပါနော်။

ကျနော်တို့အခုမလေးမှာ အလုပ်လုပ်နေသူတွေဟာ ဈေးဝယ်ဖို့တောင်အပြင်မထွက်ရဲပါဘူး။

ပြီးတော့ ဖမ်းတဲ့သူတွေက ရဲတွေရှိမယ်။ လဝကတွေ ရယ် ၊ ရေလာဆိုတဲ့ စွမ်းအားရှင်အဖွဲ့တွေရှိတယ်။ သူတို့တွေဖမ်းတော့မယ်ဆို တွေ့သမျှ အကုန်သိမ်းကျုံးပြီး ကားပေါ်တင်သွားတာပါ။ တရားဝင်တာရော တရားမဝင် တာရောပေါ့ဗျာ။


ဘာလို့အဲလိုလုပ်လဲဆိုတော့ အရင်ကဆို အလုပ်သမားတွေအတွက် ကဒ်ပြားလေးတွေ ထုတ်ပေးတယ်။ အခုက အဲလိုကဒ်ပြားလေးတွေ မထုတ်ပေးတော့ဘူး။ နိုင်ငံကူးစာအုပ် (ပတ်စပို့စ်) မှာ ဗီဇာလိုမျိုး အပြာရောင်စာရွက်လေးကပ်ပေးတယ်။ နိုင်ငံကူးစာအုပ် ကတော့သိတဲ့အတိုင်းပဲ။ အတော်များများ ၉၀ % လောက်က အလုပ်ရှင်တွေ သိမ်းထားတာလေ။ အလုပ်ရှင်တွေက ကာလာ မိတ္တူလေးပဲပေးထားတော့ အဲဒါပြလည်း ဖမ်းတာပဲလေ။ အနည်းဆုံးတော့ ရဲစခန်းမှာ စစ်လို့မပြီးမချင်း တစ်ပတ်လောက်တော့ ကြာတာပေါ့။ အချုပ်ဆိုတော့လည်း သိတဲ့အတိုင်းလေ။ ကိုယ်ချင်းစာကြည့်ပေးပါဗျာ။

ပြီးတော့ အရင်က သိထားတာပေါ့နော်။ (အခုတော့သေချာမသိပါ)။ တရားမဝင်အလုပ်သမားတွေ မိသွားရင် အနည်းဆုံးအချုပ်ထဲမှာ ၂ လ ၃ လလောက်နေရပါတယ်။ ပြီးရင် အပြင်က အသိ တစ်ယောက်ယောက်ကနေ ရင်းဂစ် ၂၀၀၀၊ ၃၀၀၀ လောက်ပေးပြီးလာရွေးပေးရင်ပြန်လွှတ်ပေးပါတယ်။ အကယ်၍ မပေးနိုင်ရင် ရဲတွေက မလေး-ထိုင်းနယ်စပ်မှာ ထိုင်းငါးဖမ်းလှေတွေဆီမှာ သွားရောင်းစားပစ်ကြပါတယ်။ တံငါသည်တွေပေါ့ဗျာ။

အဲလိုရောင်းစားခံခဲ့သူတွေဟာ မိန်းကလေး ယောင်္ကျားလေး မရွေးပါဘူး။ အရောင်းစား ခံရသူတွေအဖို့က အတော်များများဟာ ပြန်လမ်းမရှိကြပါဘူး။ ယောက်ျားလေးတွေအဖို့ကတော့ အဲဒီလှေတွေပေါ်မှာ သူတို့တွေမလုပ်ခြင်တဲ့အလုပ်တွေ အကုန်လုပ်ရပါတယ်။ တစ်ပြားမှမရပါဘူး။ ဘယ်သူနဲ့မှအဆက်အသွယ်မရ ပါဘူး။ အကယ်၍မလုပ်နိုင်ရင် ပင်လယ်ထဲမှာ အစွန့်ပစ်ခံကြရပါတယ်ဗျာ။

မိန်းကလေးတွေ အရောင်းစား ခံရပြီဆိုရင်တော့ လိင်အလုပ်သမားအဖြစ် အဓမ္မအကျင့်ခံရတော့တာပါပဲ။ စိတ်ပါပါ မပါပါပေါ့ဗျာ။ စဉ်းစားကြည့်ပါဗျာ။ ကိုယ့်နိုင်ငံသားချင်း ကိုယ်ချင်းစာပေးပါ။

ကျနော်တို့ဒီမှာအလုပ် လာလုပ်နေတာ ကျနော်တို့ဘဝအတွက် အလုပ်လာလုပ်နေတာပါ။ ရှိတာလေးပေါင်နှံရောင်းချပြီး ထွက်လာခဲ့ရတာပါ။ အခုလဲ အဖမ်းအဆီး ကလဲကြမ်းဆိုတော့ တရားဝင်ရော တရားမဝင်ရောက အရင်ဆုံး အဖမ်းခံကြရတာပါပဲဗျာ။

အခုမျှော်လင့်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံအစိုးရ အနေနဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အတွက် တတ်နိုင်သလောက်လေး ကူညီပေးပါအုံးဗျာ။ အခုဆိုရင် ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ အစရှိတဲ့နိုင်ငံမှ တာဝန်ရှိသူတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံး ထိရောက်စွာဆွေးနွေးပြီး တတ်နိုင်သမျှ အသက်ဆုံးရှုံးမှု နည်းစေရန်၊ အနှိပ်စက်ခံရမှုနည်းစေရန်၊ ဖမ်းဆီး လွှတ်ရက်ရောက်ပါက  မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်လက်မှတ် အခက်အခဲများကို ဖြေရှင်းပေးပါလို့မလေးရှားမှသူများ ကိုယ်စားမေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျာ။


credit : Kyaw Thu Soe 

                             Facebook မှမျှဝေဖေါ်ပြသည်...

No comments:

Post a Comment