*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 4 October 2013

မလေးရှားရောက် မြန်မာနိုင်ငံသားများအား လူမျိုးဘာသာမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား


မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူမျိုးဘာသာ မခွဲခြားဘဲ အကာအကွယ်ပေး ရန် စောင့်ရှောက် ရန် လိုအပ်ကြောင်းနှင့် နိုင်ငံသားများ၏ လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံ သို့ ရောက်ရှိစဉ် ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၂ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား သတင်း ဖော်ပြချက်အရ သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ သံမှူးကြီးဦးကျော်စွာ၊စစ်သံမှူး
ဗိုလ်မှူးချုပ်ဝင်းမောင် တို့ဦး ဆောင်သည့်သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့
ဆုံစဉ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့မှာကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ပတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ 
တာဝန် ထမ်းဆောင်နေကြသည့် ၀န်ထမ်းများသည် နိုင်ငံအတွက်အရေးကြီးသည့်တာဝန်ကိုထမ်းဆောင်
နေကြသူများ ဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရာတွင်သံတမန်များ ၏အခန်းကဏ္ဍသည်
အရေးကြီးသည့် အတွက်အမှားမရှိအောင် ဂရုစိုက်ကြရန်လိုအပ်ကြောင်းနှင့် တပ်မတော်အနေဖြင့်
ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင်မှန်ကန်စွာရပ်တည် ဆောင်ရွက်
လျှက်ရှိသည် ဟု ပြောကြားခဲ့ကြောင်းသတင်းတွင် ဖော်ပြခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို င်သည်မလေးရှားနိုင်ငံဘုရင်
ကပေးအပ်သည့် ဘွဲ့တံဆိပ်ရယူရန် စက်တင်ဘာ၃၀ရက်က ရောက်ရှိနေခြင်း ဖြစ်ပြီး အောက်တိုဘာ
၂ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

From: Eleven

www.mmdailystar.com မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment