*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 4 October 2013

ဗိုလ်ချုပ်ပုံသုံးပြီး ဆန္ဒပြရင် ထောင် (၁) နှစ် ကျခံစေမည့် ဥပဒေကြမ်း အတည်ပြု

ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ဆန္ဒပြရင် အရေးယူမယ့်ပုဒ်မပါဝင်တဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။


 
 
၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို ဆန္ဒပြရာမှာ အသုံးပြုရင် အရေးယူမယ့် ပုဒ်မအပါအဝင် ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

 
ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်း အမှတ် များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေ ကို ပြင်ဆင် တဲ့ဥပဒေကြမ်းကို တင်သွင်း ခဲ့တာ ဖြစ် ပါတယ်။

အဲဒီဥပဒေကြမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို ဆန္ဒပြတဲ့နေရာတွေမှာ သုံးစွဲရင် တရားဝင် အသင်း အဖွဲ့မဟုတ်တဲ့ အခြားသူ ဖြစ်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ကျပ်ငွေ ၅ သောင်းထက် မ ပိုသော ငွေဒဏ် ဖြစ်စေ၊  ပြစ်ဒဏ် ၂ ရပ် လုံးဖြစ်စေ ချမှတ်ခြင်းခံရ မှာဖြစ်ပြီး တရားဝင် အသင်း အဖွဲ့ ဖြစ် ရင်တော့ ငွေကျပ် ၁ သိန်းထက် မပိုသောငွေဒဏ် ချမှတ်ခြင်း ခံရမယ်လို့ ပါရှိပါတယ်။
From: DVB

www.mmdailystar.com   မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment