*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 9 October 2013

ဒေါ်လာ တစ်ရာတန် ငွေစက္ကူသစ်


  ဒေါ်လာ တစ်ရာတန် ငွေစက္ကူသစ် အမေရိကန်မှာ ဒီကနေ့ ဖြန့်ပါမယ် တဲ့။
 ဖရန်ကလင်ရဲ့ပုံနဲ့ပါပဲ။

ကဲ ... အသစ်မှာ ဘာတွေ ပါမလဲ ကြည့်လိုက်ကြရအောင်။

ရှေ့ဘက်






ဖရန်ကလင်ရဲ့ညာဘက် အ၀ါကွက်မှာ USA, 100 စသဖြင့် ရေးထားပါတယ်။ 
ဘယ်ဘက်မှာ မှင်အိုးပုံတခု ထင်ထင်ရှားရှား   ရိုက်နှိပ်ထားတယ်၊ မှင်အိုးပေါ်မှာ ခေါင်းလောင်းပုံ တွေ့ရပါမယ်။
ဖရန်ကလင် နဲ့ မှင်အိုးကြားထဲမှာတော့ လုံခြုံရေးကြိုး ရှိပါမယ်။ ကြိုးပေါ်မှာ ခေါင်းလောင်းပုံတွေ 100 ဆိုတဲ့ ဂဏန်းတွေ တွေ့ရပါမယ် တဲ့။

မှင်အိုးအထက်မှာ ခပ်ရေးရေးတွေ့ရမှာကတော့ ငှက်တောင်တခုပါ။ ငှက်တောင် ဆိုတာ ကလောင်တံတို့၊ ဘောပင်တို့အစား သုံးခဲ့ဖူးတဲ့ ပစ္စည်းပါပဲ။
အမေရိကန်ခေါင်းဆောင်တွေ လွတ်မြောက်ရေးကြေညာစာတမ်းကို အဲဒါနဲ့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။


နောက်ဘက်





လေထဲ ထောင်ကြည့်ရင် ဖရန်ကလင်ကို ခပ်ရေးရေး တွေ့မယ်။
မှန်ဘီလူးနဲ့ကြည့်ရင် United States of America, USA 100, ONE HUNDRED USA, 100 ဆိုတာတွေကို ခပ်သေးသေး တွေ့ရမယ်။
စက္ကူမှာ အပြာ၊ အနီစတွေ ထည့်ထားတယ်။
အလွယ်တကူ မြင်သာတဲ့ ရွှေရောင်စာလုံးကြီးနဲ့ 100 ဆိုပြီး ရေးထားသေးတယ်။

ဒီတော့ ... ဒေါ်လာ အတုလုပ်သူတွေ ခေါင်းကိုက်စေမယ့် ငွေစက္ကူသစ် ဖြစ်ပါလိမ့်မယ်။
ဒေါ်လာအတုက တကမ္ဘာလုံးမှာ လုပ်နေကြတာပါ။ မြန်မာပြည်သားတဦးလည်း ဒေါ်လာအတု သံသယနဲ့ ထိုင်းမှာ အဖမ်းခံခဲ့ရဖူးပါတယ်။ ဒီအကြောင်း
http://burma.irrawaddy.org/%E1%81%80_usa/2012/12/24/28903.html မှာ ဖတ်နိုင်ပါတယ်။

ဒေါ်လာအသစ်အကြောင်း ဆက်ရရင် ... ပုံထဲက ပိုက်ဆံမှာ SPECIMEN ဆိုတဲ့ စာလုံးကို ခပ်ရေးရေး ခပ်ကြီးကြီး တွေ့ရမှာပါ။
နမူနာ လို့ အဓိပ္ပာယ်ရတဲ့ အဲဒီစာလုံးကို ငွေစက္ကူမှာ တကယ် ပုံနှိပ်ထားခြင်း ရှိမယ် မဟုတ်ပါ။
 ငွေစက္ကူထွက်ရင် ဒီစာလုံးရိုက်ထည့်ပြီးမိတ်ဆက်လေ့ရှိမယ်လို့ ယူဆရပါတယ်။


ဆက်စပ်



အတုဟု ယူဆရသော အမေရိကန် ဒေါ်လာ ၄ သိန်းခွဲ မြန်မာနိုင်ငံသားထံမှ ဖမ်းမိ
http://burma.irrawaddy.org/%E1%81%80_usa/2012/12/24/28903.html




ဧရာဝတီ Facebook / ဧရာဝတီ Twitter
.

No comments:

Post a Comment