*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 16 October 2013

Trader ဗုံးခွဲသူ တရားခံ မိပြီ

သတင်း, ဖောက်ခွဲမှုများ

 

ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံ ကို ဖော်ထုတ် ရရှိထားကြောင်း သက်ဆိုင်ရာမှ သိရသည်။

အဆိုပါပုဂ္ဂိုလ်မှာ ပေါက်ကွဲမူမဖြစိပွားမှီ နောက်ဆုံးတည်းခိုခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း မှတ်ပုံတင်နံပါတ် ၃ /ဖပန (နိုင်) ၀၂၂၅၇၆ ဖြစ်ကာ အမည်မှာ စောမြင့်လွင် (ဘ) ဦးကိုညွန့် ဖြစ်ကြောင်း သက်ဆိုင်ရာမှ လတ်တလော စုံစမ်းချက်များအရသိရသည်။
 


" သူက ဖောက်ခွဲ ရေးပစ္စည်းတွေ ထားပြီး Taxi ကို ခုနှစ်သောင်းပေးပြီး လစ်တာ Taxi ပေါ်မှာ သူမှတ်ပုံတင်ကျန်နေခဲ့တယ်။ " ဟု တာဝန်ရှိသူ အရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ သံသယရှိသူ အနေဖြင့် သာကေတ နှင့် အလုံမြို့နယ်တို့ တွင်တွေ့ ရှိသည့် ဖောက်ခွဲ ရေးပစ္စည်း များနှင့်လည်း ဆက်စပ်နေနိုင်ကြောင်း ရန်ကုန်မြို့ လုံခြုရေးတာဝန်ယူထားသူ တပ်မတော် အရာရှိ တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိ အချိန်တွင် အခင်းဖြစ်ပွားရာ ကုန်သည်ကြီးများဟိုတယ်၏ အလွာ ၉ တစ်ထပ် လုံးပြောင်းရွေ့ ထားကြောင်း ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီး၏ ကလေးနှစ်ကို အခန်းပြောင်းရွေ့ကာ စောင့်ရှောက် ထားကြောင်း ဟိုတယ်လုံခြုံရေး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ အမေရိကန်ဇနီးမောင်နှံ၏ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များမှာ PP 488927770 နှင့် PP 488932812 ဖြစ်ကာ ယနေ့ နေ့လည် ၁ နာရီ တွင် ယင်းဟိုတယ်တွင် စတင်တည်းခိုခြင်းဖြစ်ကြောင်း ဟိုတယ်စာရင်းများအရ သိရသည်။

From: people power
Nay Min
www.mmdailystar.com မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment