*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 7 November 2013

မြန်မာ ငွေကြေးဖောင်းပွနှုန်း ခုနစ်ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာ


n8
စားသောက်ကုန်ဈေးနှုန်း နှင့် အိမ်ခြံမြေဈေးနှုန်း မြင့်မားမှုကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်း မြင့် တက်လာပြီး ၂၀၁၃ နှစ်ဝက်အတွင်း ခုနစ်ရာခိုင်နှုန်းကျော် ရှိလာကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန် သည့် မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်ရေး နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
 
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုများ လာပြီး ဆန်ဈေးနှုန်းများမြင့်တက်လာခြင်းသည် ငွေကြေးဖောင်း ပွမှုနှုန်း တက်လာရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် မစ္စတာ Khwima Nthara က ဆိုသည်။ငွေကြေးဖောင်းပွမှု မြင့်တက်လာတာဟာ ဆင်းရဲတဲ့သူတွေအပေါ် ပိုမိုနစ်နာစေတာကြောင့် စိုးရိမ်ဖို့ကောင်းတဲ့အချက် ဖြစ်ပေမယ့် အကူးအပြောင်း ကာလကို ဖြတ်သန်းနေတဲ့ နိုင်ငံတိုင်းဟာ ငွေကြေးဖောင်းပွမှုတွေ နဲ့ ရံဖန်ရံခါ တွေ့ကြုံရတတ်ပါတယ်”” ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ဒေါ်မေဇင်သက်က ပြောသည်။

ဆက်လက်၍ ဒေါ်မေဇင်သက်က ““မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဟာ ဆယ်ဂဏန်းအောက် ရှိနေဆဲဖြစ် တဲ့အတွက် စိုးရိမ်စရာမရှိသေးပါဘူး။ ဒါပေမဲ့လည်း အစိုးရတာဝန်ရှိသူတွေအနေနဲ့ လက်ရှိအနေအထား ကို သေသေချာချာ အနီးကပ် စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်”” ဟု ဆိုသည်။
ပြီးခဲ့သည့် မိုးတွင်းကာလအတွင်း တရုတ်နိုင်ငံမှ ၀ယ်လိုအားများခဲ့သဖြင့် ပြည်တွင်းစပါးဈေးနှုန်းမှာ ဧည့်မထ အုပ်စုဝင် စပါး တင်းတစ်ရာလျှင် ကျပ် ငါးသိန်းထိဖြစ်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြင့် ဆုံးဈေးနှုန်း ဖြစ်ခဲ့သည်။

““ငွေကြေးဖောင်းပွမှုများနေရင် အလုပ်သမား၊ လယ်သမားတွေ ကိုဘယ်လောက် ပဲ ချေးငွေ ထောက် ပံ့ပေးပေး တိုက်စားသွားမှာပဲ”” ဟု စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာမောင်မောင်စိုး က Current Economic Issue of Myanmar ဟောပြောပွဲတွင် ပြောကြားခဲ့သည်။ပြည်တွင်းငွေကြေးဖောင်းပွမှုသည် အလုပ်လက်မဲ့နှုန်းနှင့် ချိတ်ဆက်နေသည့်အပြင် ငွေကြေးဖောင်းပွမှုနှုန်းကိုမှီသည့် လုပ်ခလစာများ မပေးနိုင်ခြင်းကလည်း အဂတိလိုက်စားမှုများကို တိုးပွားလာစေကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။

““ငွေကြေးဖောင်းပွမှုက ဆင်းရဲသား ပြည်သူတွေကို ဒုက္ခရောက်စေတဲ့အတွက် ဆင်းရဲမွဲတေမှုလျှော့ ချရေး ကြွေးကြော်သံကို စိန်ခေါ်နေသလိုပဲ”” ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ဆိုသည်။
မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုများမှာ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်း မြင့်တက်လာခြင်း အခြေခံစားကုန်ဖြစ်သော ဆန်၊ ဆီဈေးများ လွန်ကွဲစွာမမြင့်သော်လည်း ဟင်းသီးဟင်းရွက်၊ စက်သုံးဆီ၊ လျှပ်စစ်မီတာခများ မြင့်တက်ခြင်း၊ နိုင်ငံတော်၏ ဘတ်ဂျက် လိုငွေပြမှုရှိနေခြင်း၊ စီးပွားရေးကျပ် တည်းပြီး ငွေကြေးလည်ပတ်မှု မကောင်းသေးသော်လည်း ငွေလုံးငွေရင်း အသုံးစရိတ် စီမံကိန်း များကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင်များက မှတ်ချက်ပြုသည်။

အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာ ယခင်နှစ် နှင့် နှိုင်းယှဉ်လျှင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၅၀ မှ ၈၀ ကြား ဈေးမြင့်လာသည်။ ယခင် နှစ်က အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ ၀န်းကျင်ရှိ ခဲ့ရာမှာ ယခုနှစ်တွင် ကျပ် ၉၅၀ ၀န်းကျင်တွင် ရှိနေသည်။

ယခုနှစ် ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာလည်း ယခုနှစ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ ၁၀ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ဈေးတက်လာသည်။ စက်သုံးဆီဈေးနှုန်းမှာလည်း တစ်ဂါလန်လျှင် ပျမ်းမျှ ကျပ် ၂၀၀ မှ ၅၀၀ ကြား ဈေးမြင့်လာကြောင်း စီးပွားရေးပညာရှင်အချို့က ရှင်းပြသည်။
 
Credit: 7DAY DAILY
From...Search Myanmar
 

No comments:

Post a Comment