*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 6 November 2013

ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုး ထုံးစံ မရှိသော်ငြား ထိုးတက်သွားသည့် မီတာခနှုန်းထားနှင့် ပြည်သူ့ ဆန္ဒ သဘောထား

 
မီတာခ တက်သည့်ကိစ္စအပေါ် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေနှင့် ရင့် ကျက်စွာတွေး ဆဝေဖန် ပြောကြား မှုများ ကို တာဝန်ရှိသူများအနေဖြင့် လက်သင့် ခံ ကြိုဆိုသင့်ေ ကြာင်း နိုင်ငံ့ဝန်ထမ်း  ဟောင်းတစ်ဦးက ဆို သည်။ နှစ်ပေါင်းငါး ဆယ်ကျော် ကျင့်သားရလာသော အ ထက်မှ အမိန့်ကိုသာ သတင်းကြေညာ ထုတ်ပြန်လေ့ရှိသည့် အစိုးရ ဌာနဆိုင် ရာ ကြေညာချက် သဘာဝကို အစိုးရ သစ် သက်တမ်းတစ်ဝက် သာသာ မှာ စတင်ပြောင်းလဲဖို့ အခွင့်ကောင်းဟုပင် သင်ခန်းစာ ယူနိုင်ကြောင်း ၄င်းက ဆို သည်။
ထွက်ပြီး ဆင်စွယ် ပြန်ဝင်ရိုး ထုံး စံမရှိဆိုသော်ငြား လူထုလူတန်းစား အ သီးသီး၏ ဆန္ဒသဘော ထားတွေကို ကိုယ်စားပြုနိုင်မည့် စကားသံတစ်ချို့ကို တောင်းခံဖြစ်ရာ-
 


   ”ခုကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ ကိုယ်တိုင်ကစပြီး ဒီမိုက ရေစီ၊ ဒီမိုကရေစီဆိုပြီးတော့ ကျွန်တော် တို့ တွင်တွင် ပြောနေကြတယ်။ ဒီခေတ် မှာ ခေတ်စားလာ တဲ့ စကားပေါ့။ ပွင့် လင်းမြင်သာမှုဆိုတဲ့ စကားတွေအသိုင်း အဝိုင်းကြားမှာ ကြားနေရတယ်။ မသိရင်တော့ ကျွန်တော်တို့ အသိုင်းအ ဝိုင်းထဲမှာ ဒီမိုကရေစီကြီး ရရှိပြီးတော့ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့် အဝ ခံစားနေရသလိုလို၊ တကယ်ပဲ ပွင့် လင်းမြင်သာမှုတွေ ရှိနေသလိုလို၊ အရင် က မရှိတာတွေရှိလာသလိုလိုပေါ့။  ရှိ တဲ့ဟာတွေ လည်း ရှိလာ တယ်။ အဲလို ခံစားမိပေမယ့် နိုင်ငံတကာစံနဲ့ ပြန်ချိန် တော့ ပြီးခဲ့တဲ့ အပတ်က ဂျာနယ်တွေ မှာ ပြန်ဖတ်ကြည့်တော့ ကျွန်တော်တို့ တိုင်းပြည်က ပွင့်လင်းမြင် သာမှု အနည်း ဆုံးစာရင်းထဲမှာပါနေတုံးပဲ၊ စီးပွားရေး လုပ်ရကိုင်ရတာ အခက်ဆုံးတိုင်းပြည် ဆိုတဲ့အထဲမှာ ပါနေတုံးပဲ။  
 
 အမေစုနိုင်ငံ ခြားတွေ ထွက်ရင် ပြောလေ့ ပြောထ ရှိ တဲ့ စကားလေးတစ်ခု ရှိတယ်။ သိပ်အ ကောင်းမမြင်ဘူး တဲ့။ ဒါအပြင်ပန်း ကြည့်ရင်တော့ အကောင်းမမြင်ဘူးဆို တဲ့ စကားက လူတွေမကြိုက်ဘူးလေ။ အကောင်း ပဲမြင်စေချင်တာကိုး။ ဒါပေ မဲ့အကောင်းမြင်လွန်းအား မကြီးဖို့ သ တိပေးတာလို့ပဲ ဒါ ကျွန်တော် သွား တွေ့ တယ်။ ခုကိစ္စမှာလည်း ဒီလိုပဲ ကျွန် တော်ထင်ပါတယ်။ ကျွန်တော်   ရောက် ဖူးသမျှ တိုင်းပြည်ထဲမှာတော့ မီးလာ ရင် ‘ဟေး’လို့ ဝိုင်းအော်တာ ကျွန်တော် တို့ တိုင်းပြည် တစ်ခုပဲရှိတယ်။ အဲ့တော့ ဘယ်မှာမှ မီးပုံမှန်မရခဲ့ဘူး။ နောက်ပိုင်း မီးလေးပုံမှန်ရတော့ ပြည်သူတွေလည်း ဝမ်းသာတယ်။ အစိုးရကိုလည်း ကျေး ဇူးတင်တယ်။ 
 
ဟိုတစ်နှစ်က သင်္ကြန်က ဆိုရင် ‘ဟိုဘက်ကမ်းက မီးထိန်ထိန်’ဆို တဲ့ သံချပ်က ဒါကျွန်တော် တို့ ပြည် သူ တွေရဲ့ ခံစားချက်နဲ့ ကွက်တိပဲလေ။ အဲဒီ နောက်ပိုင်း မီးလေးတွေမှန်လာလို့ လူ တွေဝမ်းသာကြ တယ်။ ဝမ်းသာတာမှ မကြာသေးဘူး မီတာခတွေ က ထခုန် တက်လိုက်တော့ စားဝတ်နေရေး ကျပ် တည်းတဲ့ သူတွေမပြောနဲ့ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ အဲကွန်းအဖွင့်အ ပိတ်၊ မီးအဖွင့် အပိတ်ကို ခု သတိထားနေ ရပြီ။ ကျွန်တော်တို့အနေနဲ့ ဆိုရင်တော့ ထိခိုက်မှုတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တောင် သတိထားနေရတဲ့ အနေအထားဆိုရင် တကယ့်စားဝတ်နေ ရေး ကျပ်တည်းတဲ့ သူတွေအတွက်တော့ ဒီကိစ္စက မပြောပလောက်ဘူးလို့ လုံးဝ ပြောလို့မရဘူး။ 
 
ခုနပြောသလို ဘာလုပ် လုပ် အီလက်ထရော နစ်ခေတ်ကြီးထဲမှာ မီးမရှိရင်   နေလို့ မရသလို ဖြစ်တဲ့ခေတ် ကြီးမှာ စားစား၊ သွားသွား ဒီလောက်အ ရေးကြီးတဲ့အချိန်မှာ ဒီလိုမီတာခကြီး တွေ တက်သွားမယ်ဆိုတဲ့ အချိန်မှာ ပြည်သူတွေရဲ့ အသိ စိတ်ထဲမှာကြောက် လန့်ပြီးတော့ ထိတ်လန့်သွားတယ်။ ဘာကြောင့် တက်သွားလဲဆိုတဲ့ Reason  ဘယ်သူကမှ မသိဘူး။ ဆိုလိုတာက ကျွန်တော် ဒီမနက်လည်း ဖတ်ရပါ တယ်။ အမေစု ပြောသလိုပဲ မတက်ရဘူးရယ် လို့လည်း မဟုတ်ပါဘူး။ တိုင်းပြည် အ တွက် လိုအပ်လို့ တကယ်လို အပ်လို့လုပ် ရမယ် ဆိုလို့ရှိရင်လည်း ဒါ ကိုယ့် တိုင်း ပြည် အတွက် ပြည်သူတွေမှာလည်း ဒီ လောက်တော့ အနစ်နာခံရလိမ့်မယ်။ ဒါက တိုင်းပြည်အတွက် ဘာကောင်း ကျိုးဆိုတာကို အဲဒီအသိစိတ်မျိုး အရင် ပေးပြီးမှ တက်တာဆို ရင်တော့ ဒါမြင် သာတာပေါ့။ ခုဟာက ဒီလိုမျိုး ဝုန်းဒိုင်း ဆိုတာကတော့ ပြည်သူတွေရဲ့ စီးပွား ရေးအရရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အ ရရော  ထိခိုက်တယ်လို့ မြင်တယ်။”ဟု ဦးလူမင်း(ဥက္ကဋ္ဌ- ရုပ်ရှင် အစည်းအရုံး) က မီတာခ နှုန်းထား တက်သွားခြင်းအ ပေါ် သုံးသပ်ပြောဆိုပါသည်။

ယင်းသို့ ပြည်သူလူထုအတွင်း ကြားသိနေရသည့် စကားသံများနည်းတူ စက်မှုဇုန်လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ် သလို ဇုန်ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည့် ပုဂ္ဂိုလ်တစ်ဦးက မီတာခ နှုန်းထား ကောက်ခံမည့်အကြောင်း တစ်လ မျှသာ ကြိုတင် ပြောကြားခြင်းအပေါ်

   ”အမှန်တော့ လုပ်ငန်းတစ်ခု လုပ် တယ်ဆိုတာ ခုလုပ်၊ ခုဖျက်လို့ မရဘူး။ အရှုံးအမြတ်ကအစ အလုပ်သမား ခ၊ ကုန်ကြမ်းစရိတ်၊ လျှပ်စစ်စသည် ဖြင့် ကြိုတွက်ရတယ်။ မကိုက်ရင် ကြိုပြီး တစ်မျိုးစီစဉ်ရတယ်။ မီတာခတွေ တက်မယ်ဆိုတာ အနည်းဆုံး သုံးလ လောက်ကြိုပြောသင့်တယ်။ တစ်ယူ နစ်ကို မီတာခ ၇၅ ကျပ်နဲ့ တွက်ပြီး လက်ခံ ထားတဲ့သူဆို ဘယ်လိုလုပ်မလဲ။ လုပ်ငန်းတစ်ခု လက်ခံရင် အနည်းဆုံး သုံးလလောက်တော့ ကြိုလက်ခံရတယ်။ မီတာခက ဒီကြားထဲတက်တော့ သူတို့ ကို ဘယ်လို သွားပြောမလဲ။ ကုန်ထုတ် လုပ်တဲ့နေရာမှာ ပြည်ပနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတယ်။ တစ်လလောက်ကြိုပြောရုံ နဲ့တော့ အချိန်မရှိတော့ဘူးလေ။”ဟု စက်မှုလုပ်ငန်းကြီးများ၏ သဘော သဘာဝနှင့် စပ်လျဉ်းပြီး သုံးသပ်ပြော ဆိုပါသည်။ လူထု လူတန်းစား အသီး သီး၏ ခံစားချက် အမြင်သဘောထား များက လျှပ်စစ်မီတာခနှုန်းထား ထိုး တက်သွား မည့်အပေါ် ကြုံတွေ့နေသည့် လူမှုဒုက္ခအသီးသီးနှင့် ဝင်ငွေပြဿနာ အပေါ် အခြေခံကာ ပွင့်အံလာမှုများစွာ လည်း ရှိနေပါသည်။ သို့ ဖြစ်၍ လူထု၏ ဆန္ဒသဘောထားများ ကို ဆွေးနွေးကြ မည့် အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်အဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် မျိုးဆက်သစ်လူငယ်များGW အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ကိုမိုယ်းသွေးက-

 ”ကျွန်တော်တို့နိုင်ငံက ပြည်သူကို လျှပ်စစ်ရောင်းတယ်။ အခုဈေးတက် တယ်ပေါ့။ လျှပ်စစ်က ပုဂ္ဂလိက ကလုပ် နေတာတွေရှိတယ်လို့လည်း ပြောတယ်။ အဲဒီကုမ္ပဏီတွေနဲ့ အစိုးရက ဘယ်လို တွေလုပ်နေလဲ၊ လုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်နေလဲဆိုတာကျွန်တော် တို့ပြည်သူတွေက မသိရဘူး။ ဝန်ကြီး ဌာနကလည်း ဘယ်နေရာမှာ ရှုံး တယ်၊ ဘယ်နေရာ မှာမြတ်တယ် ဆိုတာ ပြည်သူ တွေက မသိရဘူး ။ ပြည်သူတွေက အ များကြီး ဒွိဟဖြစ်ရတယ်။ တီဗွီမှာတော့ ဆည်တွေဆောက်တာ၊ ဓာတ်ငွေ့ စီမံကိန်းတွေ မီးရှို့တာတို့ပြနေတာပဲ။ ဒေသ တွင်း နိုင်ငံတွေမှာ ကျွန်တော်တို့နိုင်ငံ လောက် သယံဇာတထွက်တာ ကျွန်တော် တို့ နိုင်ငံပဲရှိတယ်။ 
 
လျှပ်စစ်ထုတ်နိုင်တဲ့ သဘာဝ ဓာတ်ငွေ့ ထွက်တယ်။ ရေအား လျှပ်စစ်တွေရှိတယ်။ ရေနံထွက်တယ်။ ဒါတွေကို တခြားနိုင်ငံတွေကိုလည်း ရောင်းတယ်။ ပြည်သူကို ကျတော့ အ ချိန်မှန်လျှပ်စစ် မပေးနိုင် ဘူး။ အဲဒီတော့ ကျွန်တော် တို့နိုင်ငံက မီတာခတက်တဲ့ ကိစ္စမှာတင် ဒီမိုကရေစီနဲ့ မညီတာမ ဟုတ်ဘူး။ အစိုးရတစ်ခုလုံး လည်ပတ် နေတဲ့ ပုံစံကိုက ဒီမိုကရေစီစံနဲ့မညီတာ။ အဲဒါကို တကယ်ပြောင်းလဲချင်ရင် အစိုးရ၊ အုပ်ချုပ်တဲ့သူတွေက ရိုးရိုးသားသားနဲ့ ပြည်သူကို တင်ပြနိုင်ဖို့လိုတယ်။ ကျွန် တော်တို့တော့ ရှုံးတယ်။ ပြည်သူတွေ ဘယ်လို   ဖြစ်စေချင်လဲစဖြင့် ပြည်သူကို တင်ပြဖို့ လိုတယ်။” ဟု ဝေဖန်ပြောကြား ပါသည်။

”ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်လည်း ပြောသွားတယ်ဆိုတဲ့ကိစ္စ ဟာ မီတာခတွေတိုးမြှင့်ကောက်ခံ လိုက် တဲ့ ကိစ္စပေါ့။ ကောင်းအောင် လုပ်တာ လည်း ဖြစ်ပါလိမ့် မယ်။ ဒီအရင် ရှိခဲ့ပါ သေးတယ်။ ဒီမိုကရေစီ အစိုးရ မတက် ခင်မှာ ဓာတ်ဆီဈေးနှုန်းတွေတက် လိုက်တယ်။ လောင်စာဆီဈေးနှုန်းတွေ တက်လိုက်လို့ ခု ပွင့်လင်းလူ့အဖွဲ့အ စည်းဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား များ ဦးဆောင်ပြီးတော့ လမ်းလျှောက် ဆန္ဒပြတာတွေ ဖြစ်လာတယ်။ အဲဒီက နေ အဖမ်းဆီးခံရပြီးမှ နိုင်ငံရေးအကျဉ်း သားတွေ ကို ထောင်ထဲမှာ အကျဉ်းကျခံ ရပြန်ရော။ ခုတစ်ခါလည်းဒီလိုပဲ မီတာ ခတွေ ဈေးတက်တော့မယ်။”ဟု ထင်ရှားသည့် အနုပညာရှင် အကယ်ဒမီ ဦးဇင်ဝိုင်းက သူ့အမြင်ကို   ဆွေးနွေးပြော ကြားပါသည်။ 
 
ဆက်လက်၍ ၄င်းကပင် ” မကြာခဏ ကြားနေရတဲ့ စကားရှိပါ တယ်။ ဒီမြို့ပတ်ရထားတွေဆိုတာ အရှုံးခံပြီး ပြေးဆွဲပေး နေတာပါ။ ရှုံးနေ တယ်တဲ့၊ ရှုံးနေရင်းနဲ့ ပြေးဆွဲပေးနေတာ ပါတဲ့၊ ဟုတ်ပြီ အဲတော့ ကျွန်တော်က မြင်တာတစ်ခုက ဘာလဲဆိုတော့ အဲဒီ ကိစ္စတွေကို ရှင်းတိုင်းရှင်းတိုင်းမှာ တာ ဝန်ရှိသူများ၊ အာဏာပိုင်များက နိုင်ငံတကာ၊ နိုင်ငံတကာဆိုတဲ့ စကားကို အမြဲထည့်ပြောလေ့ရှိပါတယ်။ နိုင်ငံ တကာမှာ မီတာခ တစ်ယူနစ်ကို ဘယ်နှ ဒေါ်လာ၊ မြန်မာပြည်မှာ ခုဒီေ လာက်ဘဲ ရှိသေးတယ်။ အများကြီး နည်း တယ်။ နိုင်ငံတကာမှာ ဓာတ်ဆီ တစ်ဂါလန်ကို တစ်လီတာကို ဘယ်နှစ် ဒေါ်လာ။ အခုသတ်မှတ် လိုက်တဲ့ ဈေးနှုန်းက အများ ကြီး သက်သာနေ ပါသေးတယ်။ လျှော့ ပေါ့တဲ့ဈေးနှုန်းနဲ့ လုပ်တာပါ။ 
 
ဒီနိုင်ငံ တကာဆိုတဲ့  စကားကတော့ ကျွန်တော် သိချင်တာက ပြည်သူလူထုဆီက အခွန် အတုတ်တွေေ  ကာက်ဖို့ ပြည်သူလူထု အိတ်ထဲက ပိုက်ဆံကို နှိုက်ထုတ်ဖို့ဆိုတဲ့ အခါကျ နိုင်ငံတကာဆိုတဲ့ စကားသုံးရင် ကျွန်တော်တို့လို ပြည်သူလူထုလို့ ခေါ် တဲ့ ကျွန်တော်တို့ အခြေခံ လူတန်းစား တွေကရော နိုင်ငံတကာ စံချိန်စံနှုန်း၊ အခွင့်အရေးတွေရ နေပြီလားလို့ မေး ချင်တယ်။ အခြေခံလူတန်းစား အလုပ် သမားများရဲ့ အနိမ့်ဆုံးလုပ်ခလစာ ဥပဒေ   ပြဋ္ဌာန်းနိုင်ပြီးပြီ လား။ နိုင်ငံ တကာလို ပေးနိုင်လား။ တစ်နာရီကို လုပ်ခ ဘယ်နှစ်ဒေါ်လာဆိုပြီးတော့ ပေး နိုင်လား။ ကျွန်တော်တို့ကို နိုင်ငံတကာ လို အခမဲ့ ဆေးကုသခွင့်   ပေးနိုင်ပြီ လား။ အခမဲ့ ပညာသင်ကြားခွင့် လုပ်ပေးနိုင်ပြီ လား။
 
 ပြည်သူကို လုပ်ပေးရမယ့် ဟာကျ တော့ နိုင်ငံတကာ စကားမပြောဘဲနဲ့ မျက်ကွယ်ပြုနေပြီးတော့မှ ပြည်သူ့ ဆီက အခွန်ကောက်ဖို့တို့၊ ပြည်သူ့ ဝင်ငွေတွေ  ကို အိတ်ထဲက နှိုက်ထုတ်ဖို့ကျတော့ နိုင်ငံတကာ၊ နိုင်ငံ တကာ စကားလုံးပြော နေရင်တော့ ဒါကျွန်တော်လက်မခံဘူး။ ကျွန်တော်ရုပ်ရှင်အနေနဲ့ ပြောတာ မဟုတ် ဘူး။ နိုင်ငံသားတစ်ယောက် ပြည်သူတစ် ယောက်အနေနဲ့ ပြောတာ။”ဟု လည်း ဝေဖန်ဆွေးနွေးပါသည်။ အဆိုပါ လျှပ်စစ်ဓာတ် အား မီတာခ တိုးမြှင့် ကောက်ခံခြင်းအပေါ် ဝေဖန်ပြောကြား သံတွေနှင့် ဆန္ဒဖော်ထုတ်မည့် သတင်း စကားအသံတွေအပေါ်မှာ ရန်ကုန် မြို့ တော် လျှပ်စစ် ဓာတ်အားပေးေ ရး အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်၏ သဘော ထားကို မေးမြန်းရာ ”ကျွန်တော်က အစိုးရဝန်ထမ်း၊ တိုင်းပြည်အတွက် ကိုယ်တတ်နိုင်သလောက် အလုပ်လုပ်ပါ တယ်။

နိုင်ငံရေး ဘာမှမလုပ်သလို စိတ် လည်းမဝင်စားပါဘူး။ နိုင်ငံရေးသမား တွေ သုံးသပ်ပြောတာက သူတို့ အပိုင်း ပါ။ လွတ်လပ်စွာ ပြောဆိုသုံးသပ်နိုင်ခွင့် ရှိပါတယ်။ ဆန္ဒ ထုတ် ဖော်မယ့်သူတွေ လည်း ဒီအတိုင်းပဲ။ သူတို့လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်တာကို ဘာမှထင်မြင် ချက်မပေးလိုပါဘူး။ ကျွန်တော်လုပ်ရ မယ့် အလုပ်ပဲလုပ်တယ်။ မီတာခတိုးမြှင့် ကောက်ခံတာကလည်း ကျွန်တော့်တစ် ဦးတည်း ဆုံးဖြတ်ချက် မဟုတ် ဘူး။ အထက်လူကြီးတွေရဲ့ အဆင့်ဆင့်ဆုံး ဖြတ်ချက်နဲ့ ဖြစ်ခဲ့တာပါ။ ဒါကြောင့် ထွက်ပေါ်နေတဲ့ စကားတွေနဲ့ ပတ်သက် လို့ မှတ်ချက်မ ပေးလိုပါဘူး။”ဟု ဆိုပါ သည်။

Popular Myanmar News Journal
From...Myanmar Online News
 

No comments:

Post a Comment