*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 22 November 2013

နူးညံ့သောနှလုံးသား ပိုင်ရှင် (သို့) ကမ္ဘာကျော် ဦးသန့်


Photo

 နိုင်ငံတိုင်း ရဲ့သမိုင်း မှာတော့အထင်ကရ လူတွေ၊ ကျော်ကြားသူတွေ ရှိစမြဲပါပဲ။ တောင်သာသား လေး တို့နိုင်ငံ မှာလည်း များစွာ ရှိခဲ့ဖူးပါတယ်။ သူတို့တွေ ထဲ ကမှ ၁၉၆၁ခုနှစ် ပတ်ဝန်းကျင်က ကုလသမ္မ ဂ အတွင်းရေး မူးချုပ်ဖြစ် ခဲ့ဖူး တဲ့ ဦးသန့် အကြောင်းလေးကို ပဲ တတ်စွမ်း သရွေ့ပြောပြ ချင်ပါတယ် ။ 

 မြန်မာ နိုင်ငံ ရဲ့သမိုင်း မှာကော ကမ္ဘာ့ရဲ့သမိုင်းမှာ ပါ ထွန်းပြောင်ခဲ့သူ တစ်ယောက်ပါ။ သူဟာ ၁၉၀၉ခုနှစ် ဇန်န၀ါရီ(၂၂)ရက် နေ့မှာ မြန်မာနိုင်ငံ ရဲ့ မြို့ငယ်လေး တစ်ခုဖြစ်တဲ့ ပန်းတနော်မြို့လေးမှာ မွေးဖွားခဲ့သူပါ။ 

သူဟာ ကလေး ဘ၀ကတည်းက ကလေး အချင်းချင်းကပင်  လေးစား အတုယူ စံထားရတဲ့ ကလေးငယ် တစ်ဦးဖြစ်တယ် ဆိုတာ ကိုတော့ သူရဲ့သမိုင်းတွေက သက်သေပြနေမှာပါ။ 


ဦးသန့် မှာ ညီအကို (၄)ယောက် ရှိပြီးတော့ ဦးသန့် အသက် ငယ်ငယ်ရွယ်ရွယ် အချိန်မှာ သူရဲ့ မိသားစုက မပူမပင် မကြောင့် မကြနေနိုင်တဲ့ မိသားစုလေးပါ။ 

 အသက်(၅)နှစ်ပြည့်တဲ့ အချိန်မှာတော့ ဦးသန့်ရဲ့မိဘတွေက စာသင်ကျောင်းမှာ ပညာ သင်ကြား စေ ပါတယ်။ သူဟာ မိဘတွေသာ မက ဆရာ/ဆရာမတွေ ကပါ ချစ်ခင်မြတ်နိုး သလို စာကြိုးစားတဲ့ လူမွန် လူချွှန်လေး ဖြစ် ခဲ့တာပါ။ 

၁၉၂၀ခုနှစ်မှာတော့ ၀ိုင်အမ်ဘီအေ ကျောင်းကို ပြောင်းလဲတတ်ရောက် ခဲ့ပြီးတော့ အင်္ဂလိပ်ဘာသာ စကား ကို စတင် ဆည်းပူး သင်ယူခဲ့တာပါ။ သူ့ရဲ့ အဖေကတော့ ဒီလိုလေး တွေးခဲ့တာပါ။”လူတွေ အားလုံးဟာ အင်္ဂလိပ် ဘာသာစကား ကိုသာ သိမယ် ဆိုရင် ကမ္ဘာ့ပတ်လို့ ရတယ် လို့” သူ့သားတွေ ကို တဖွဖွ ပြောပြာနေ ခဲ့ တာပါ။ 

ဦးသန့်ဟာ ကလေးဘ၀ကတည်းက စာဖတ်ခြင်းတွေ ပန်ချီဆွဲ ခြင်းတွေကို ၀ါသနာထုံခဲ့သူပါ။ သူအသက် (၁၂)နှစ်အရွယ်မှာတော့ ရှိတ်စပီယားရဲ့အင်္ဂလိပ်စာအုပ်တွေကို ကောင်းကောင်းမွန်မွန် ဖတ်တတ်နေပါပြီ။ အသက်(၁၄)နှစ်အရွယ် ကိုယ်ရင်ငယ် ဘ၀လေးပိုင်ဆိုင်ခွင့် ရခဲ့သော် လည်း အဲ့ဒီ ပွဲပြီးတဲ့နောက်မှာတော့ သူရဲ့အခိုင်အမာဆုံး တံတိုင်းကြီး တစ်ခု ပြိုကွဲခဲ့တာပေါ့။ အဲ့ဒါ ကတော့ သူရဲ့ ဖခင်တစ်ယောက် သူချစ်တဲ့ မိသားစုတွေ ကို နုတ်ဆက် သွားပြီလေ။ 

၁၉၂၆ခုနှစ်မှာတော့ အထက်တန်းပြီးဆုံးသွားတဲ့အတွက် ရန်ကုန်တက္ကသိုလ်ကြီးကို စတင်တတ် ရောက်ခဲ့ပါ တယ်။ သူကိုယ်တိုင်ခံယူထားတာကတော့ တက္ကသိုလ်ကျောင်းသားဘ၀ဖြစ်ဖို့ဆိုတာ မလွယ်ကူ ဘူး။ ဒါပေမယ့် ဖြစ်လာရင်လည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခုကို ရောက်တာပါပဲတဲ့။ 

ဦးသန့် တက္က သိုလ် ဒုတိယနှစ် မှာ အကွပ် မရှိတဲ့တောင်း ပရမ်းပတာဆိုသလို ဖခင် မရှိတဲ့ မိသားစု အခြေ အနေက သိပ် မကောင်း တော့ပါဘူး။ 

အဲ့ဒါကြောင့် ကျောင်းဆက်မတတ်တော့ဘဲ မွေးရပ်ဇာတိမြို့လေးမှာပဲ ကျောင်းဆ ရာလုပ်ရင်း မိခင်ကြီးကို ကူညီခဲ့တာပါ။ 

အဲ့ဒီအချိန်မှာ သူရဲ့အသက်ဟာ (၂၂)နှစ်တင်းတင်းပြည့်နေပါပြီ။ အသက်(၂၆)နှစ်မှာတော့ အိမ်ထောင်ပြုခဲ့ ပါတယ်။ အဲ့အချိန်မှာတော့ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေ မြန်ဆန်လို့နေပါတော့တယ်။ တက္ကသိုလ် မှာ ခင်ခဲ့တဲ့ ဦးနုဟာ နိုင်ငံတော်ရဲ့ပထမဆုံး သမ္မတ အဖြစ်တာဝန်ထမ်းဆောင်နေချိန်လည်းဖြစ်ပါတယ်။ 

ဦးနုဟာ ကျောင်းနေဖက်သူငယ်ချင်းရဲ့ ရိုးသားမှု၊ ကြိုးစားမှုတွေကြောင့် သူရဲ့ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်း ဆောင်စေခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးဦးနုသွားတဲ့ နိုင်ငံတော်တော်များများကိုလည်း သွားရောက်ဖူးတဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ 

၁၉၅၇ခုနှစ်မှာတော့ ကမ္ဘာ့ကုလသမ္မဂတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းသံတမန်အဖြစ် အမှုထမ်း ခွင့်ရ ခဲ့ပါတယ်။ အဲ့ဒီလိုတာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်း ရိုးသားမှု၊ ကြိုးစားမှု၊ ဂျက်ကျကျပြောဆိုနိုင်မှု၊ စသည်ဂုဏ်သတင်းတွေကြောင့်လည်း နာမည်ကြီးလှပါတယ်။ 

တိုက် တိုက် ဆိုင်ဆိုင် ပါပဲ ဒုတိယ အဆက် အတွင်း ရေးမှုးချုပ် ချိန်းတဲ့အချိန် မှာပဲ ဦးသန့် ဟာ မြန်မာ စံတော်ချိန် မနက်(၄) နာရီ နိုဝင်ဘာလ၊ ၁၉၆၁ခုနှစ် မှာတော့ မြန်မာ့သား ဇာနည်တစ်ယောက် ကမ္ဘာကြီး ရဲ့ခေါင်းဆောင် တစ်ဦးဖြစ်လို့နေပါပြီ။ 

သူ့ရဲ့အုတ်ဂူ ကိုတော့ မြန်မာနိုင်ငံ ရဲ့ စီးပွားရေး မြို့တော်လို့ လူသိများတဲ့ မြို့တော် ရန်ကုန်မှာ တည်ဆောက် ထားပါတယ်။ 

U Thant AKA Sithu U Thant Born: 22-Jan-1909 Birthplace: Pantanaw, Burma Died: 25-Nov-1974 Location of death: New York City Cause of death: Cancer - unspecified Remains: Buried, Rangoon University, Rangoon, Burma Gender: Male Religion: 

Buddhist Race or Ethnicity: Asian Sexual orientation: Straight Occupation: Diplomat Nationality: Burma Executive summary: UN Secretary General, 1961-71 Father: U Po Hnit (d.) Wife: Daw Thein Tin High School: National High School, Pantanaw, Burma University: University College, Rangon.

By: အတွေးသစ် အမြင်သစ်
From...Facebook

No comments:

Post a Comment