*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 14 November 2013

ပြန်ဆိုမိတဲ့ သီချင်း { ကဗျာ }

                             Online Photo's

.............၁
ဝေဆာမှုရှိသောနေရက်တွေကြား
ချာတိတ် ကလေးတစ်ယောက်ရဲ့ 
အပူမရှိတဲ့ အသိနဲ့ တိုးတိုး ဆိုငြီးကြ ။

..............၂
ခြောက်သွေ့ တဲ့ ရာသီကို
ရေလောင်း ပေါင်းသင်ပေးကြ
အအေးဓာတ်ကို.ရင်ငွေ့ ပေးကြ
တို့ နှစ်ယောက်ကမ္ဘာရဲ့ ဂီတဟာ အရာရာလှပလို့ ပေါ့ ။



..............၃
အဲဒီတုန်းက..ကန်ရေပြင်က လှိုင်းလေးတွေ
အပြေးပြိုင်တာ..နှစ်ယောက်ထိုင်ကြည့်ရင် ပီတိဆုတွေပေးလို့ 
အဲဒီတုန်းက...ရေခဲမုန့်လဲ..အေးမြစေတယ်
နီးနီးကပ်ကပ်..အတွဲတွေတောင် အားကြစေတယ်

..................၎
လေပြေညိမ်သက်လို့ အဆိပ်ခွက်ရထား ဆိုက်ကပ်လာပြီး
မီးကိုဝါးမြိုထားတဲ့ အက်စစ်တစ်ခွက်ဟာ
နှစ်ယောက်ကြားက.မာနကိုအရောင်တင်လိုက်ကြတဲ့.......့အချိန်မှာတော့
ငြီးဆိုသွားတဲ့ သီးချင်းက.(.နောက်ထက်တွေ့ စရာမရှိတဲ့ )

....................၅
ကန်ရေပြင်လဲ..နွံထနေပြီ..ရေခဲမုန့်လဲ အရသာမရှိပြီ
ပတ်ဝန်းကျင်လဲ..အမှိုတ်ပွနေပြီ..မာန
ဓားဒဏ်ရာတွေလဲသွေးကျနေပြီ

................၆
ကျောပေးလမ်းမဟာနှလုံးသားဆုံမှတ်နဲ့ ဝေးကွာသွားခဲ့ ပါပြီလေ
ခု.တော့
မင်းနုတ်ခမ်းက..အသစ်သစ်ပင် ကိုရူရှိုက်နေပြီ
စာမျက်နှာ အသစ်ကိုရေးခြစ်နေပြီ
ငါ့အချစ်တွေကိုလဲ လက်ထိုးအန်ခဲ့ ပြီ
တစ်ချက် မင်းမမြင်တာက
ငါ့ရင်ငွေ့ ဟာပူနွေးတုန်းပဲ
ဆိုတာပါ ။ 


ချစ်မိုးဦး

No comments:

Post a Comment