*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 29 December 2013

ကောင်းမွန်သော အနာဂတ်













ဤလူ့ဘောင်လောကတွင် သားသမီးများ၏ ကောင်းမွေဆိုးမွေကို မိဘများကအထိုက်အလျောက် တော့ ခံစားရသည်မှာ ဓမ္မတာပင်ဖြစ်လေသည်။ ထိုသို့ခံစားကြရသည့်သားသမီးများ ၏ ကောင်းမွေဆိုး မွေ များ ဖြစ်ပေါ်လာမှုအများစုတွင် တစ်စိတ်တစ်ဒေသသည် မိဘများနှင့်ပတ်သက်နေသည်ဟုဆိုလျှင် မှန်ကောင်း မှန်မည်ထင်ပါသည်။


အဘယ်ကြောင့်ဆိုလျှင် "ငါ့အဖေကြောင့် ငါစိတ်ညစ်တယ်ကွာ၊ ငါဒီလောက် ဘောလုံးကန်ချင် တာကို ပေး မကန်ဘူး" 'ဘာဖြစ်လို့လဲကွ' "ကျောင်းသားဟာဒီအချိန်မှာ ဒါတွေအာရုံမစိုက်ရဘူး လို့ပြောတယ်"။ နေ့လယ် ဘက် ကျွန်မ စာအုပ်တစ်အုပ် ဖတ်နေချိန် အိမ်ရှေ့ခပ်လှမ်းလှမ်းမှ ကလေးနှစ်ယောက်၏ အပြန်အလှန် စကားပြောဆိုသံ ကြားမိ၍ဖြစ်ပါသည်။

 "အေးကွာ မင်းအဖေကလည်း ဘာမှန်းမသိပါဘူး။ မင်းကဒီလောက်ဘောလုံးကန်တော်တာ၊ မင်းပါရင် ငါတို့ အတန်းနိုင်ဖို့ သေချာသလောက်ပဲ၊ ငါတို့လည်း အားတက်တာပေါ့ကွ"။ ကျွန်မသည် ကလေးငယ်နှစ်ယောက် ၏ စကားကိုနားထောင်ပြီး စိတ်ဓာတ်ကျ နေသည့်ဟန်ဖြင့် ထိုင်နေသော ကလေးငယ်၏မျက်နှာကိုကြည့်၍ ဟိုးလွန်ခဲ့သည့် အနှစ် ၂၀ ဝန်းကျင် က ကျွန်မ၏အဖြစ်ကို ပြန်ပြီးမြင်ယောင်မိပါတော့သည်။ ထိုစဉ်က ကျွန်မ ၁၀ တန်းကျောင်းသူတစ် ယောက်ဖြစ်ပြီး ဝါသနာပါရာ သီချင်းဆို၍ ရုပ်ရှင် မင်းသမီးဘဝကို အလွန်ဖြစ်ချင် သူဖြစ်ပါသည်။

 ကျောင်းပွဲများတွင် သီချင်းဆို၊ ကပြဖျော်ဖြေပွဲများ၌ အမြဲပါဝင်ပါသည်။ ဆုတွေလည်းရ ဖူးပါသည်။ ဝါသနာ လွန်ကဲ၍ တစ်နေ့ သတင်းစာထဲမှာ မင်းသမီးအလိုရှိသည် ကြော်ငြာကြောင့် မိခင်ကိုပူဆာမိပါ သည်။
"အမေ သမီးကိုလိုက်ပို့ပါ၊ သမီးသွားပြိုင်ချင်တယ်" "ဟယ် အပိုတွေပြောမနေနဲ့၊ မင်းသမီးဖြစ်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ နင့်ပုံနဲ့မဖြစ်ပါဘူးအေ၊ စာကို ပဲကြိုးစားစမ်းပါ"။ ကျွန်မလည်း အဲဒီတုန်းက ယခု ကလေးလိုပင် စိတ်ဓာတ်အကြီးအကျယ်ကျခဲ့ဖူးပါသည်။ 

ကျွန်မတို့ခေတ်အခါက မိဘကိုကြောက်ရ သောခေတ်။ မိဘစကားကို ကောင်းသည် ဆိုးသည်၊ မည်း သည် ဖြူ သည် အတွန့်မတက်ရဲ၊ မိဘက တစ်ခွန်းဆိုလျှင် အဲဒီတစ်ခွန်းကိုမြေဝယ် မကျလိုက်နာရ သည့် ခေတ် အချိန်အခါမို့ မိဘစကားကို ကြိုက် ကြိုက် မကြိုက်ကြိုက် စောဒကမတက်ရဲပါ။ အဓမ္မလည်းဇွတ် လုပ်ဖို့ စိတ်မကူးရဲ။ ထို့ကြောင့် ကိုယ် ဝါသနာပါသော အလုပ်ကိုမလုပ်ရဘျဲ အချိန်ကုန်လွန်ခဲ့ပါသည်။ 

သူငယ်ချင်းအပေါင်းအသင်းများ အလယ်တွင်"ဟာနင့်အသံအရမ်းကောင်းတာပဲ၊ နောက်တစ်ခေါက်လောက် ဆိုပြပါ" ဟုနာမည်ရ သော ကျွန်မ၊ ဆရာမများကလည်း "သမီး သီချင်းသရုပ်ဖော်တာ အရမ်းကြည့် လို့ကောင်း တာ ပဲ၊ ရုပ်ရှင် ရိုက်လို့ သရုပ်ဆောင်နေတဲ့အတိုင်းပဲ" စသည်ဖြင့် ချီးကျူးသည့်အသံတွေမှာ ထိုဝန်းကျင် တစ်ခဏတာ ကျော်ကြားခဲ့ရပါသည်။ ကျွန်မဖြစ်ချင်သည့် ကိုယ်တတ်သည့် အနုပညာဖြင့် လူအများကိုစိတ်ခံစားမှု၊ ပျော်ရွှင်မှု၊ ကောင်းသည့်ကိစ္စရပ်များကို အတုယူစေမည့် အသိရသကိုပေးစွမ်းနိုင်မှု စသည်တို့ကိုလုပ် ဆောင်နိုင်သော ထူးချွန်၍အောင်မြင်ကျော်ကြားသည့် အနုပညာသည် တစ်ယောက် ဘဝကို မူ ဖြစ်ခွင့် မရရှိခဲ့ပါ။

ကျွန်မနည်းတူ သူငယ်ချင်း တစ်ယောက်၏ အစ်ကိုသည်လည်း အပါအဝင်ဖြစ်ပါသည်။ တစ်နေ့ကိစ္စ တစ်ခုဖြင့် သူငယ်ချင်းအိမ်သို့ ကျွန်မရောက်ခိုက် နေ့ခင်းကြောင်တောင် ပုလင်းထောင်၍ သောက်နေ သော သူငယ်ချင်း၏ အစ်ကိုဖြစ်သူကိုတွေ့၍ အပြစ်တင်မိပါသည်။

'ဟယ် နင့်အစ်ကို ကလည်း ဒီအချိန်ကြီးကို အရက်သောက်ရတယ်လို့'၊ ထိုအခါ သူငယ်ချင်းက 'နင့် ငါ့ အစ်ကိုအကြောင်းသိရင် မပြစ်မြင်မှာမဟုတ်ဘူး' လို့ပြောသည်။ ကျွန်မက 'ဘာဖြစ်လို့ ငါကအပြစ်မမြင် ရမှာလဲပြောပါဦး' လို့ပြောတော့ သူက 'ငါ့အစ်ကိုက သနားစရာကောင်းပါတယ်ဟာ၊ သူဖြစ်ချင်တာ မဖြစ်ရလို့ ခုလိုဖြစ်နေရာတာ' လို့ ပြောသည်။ ကျွန်မက 'သူကဘာဖြစ်ချင်လို့လဲ' လို့မေးတော့ 'သူက စစ်ဗိုလ် သိပ်ဖြစ်ချင်တာ၊ ငယ်ငယ်ကတည်းက အရူးအမူးပဲ၊ ဒါပေမယ့် ငါ့မိဘတွေက ခွင့်မပြုဘူး၊ စစ်သားလုပ် ရင် မြန်မြန်သေရတယ်လို့ပြောပြီး အပြင်းအထန်ကန့်ကွက်တယ်လေ၊ ဒါ့ကြောင့် ငါ့အစ်ကို ကစစ်ဗိုလ်မဖြစ် ရလို့ စိတ်ဓာတ်အကြီးအကျယ်ကျပြီး အားရင်အရက်ပဲသောက်နေတာ၊ သူ့ သူငယ်ချင်း စစ်ဗိုလ်အရာရှိတွေ ခွင့်ရလို့အိမ်လာလည်ရင် ပိုဆိုးတယ်။ 

သူတို့ဆောင်းတဲ့အရာရှိဦးထုပ်တွေကို မှန်ရှေ့မှာဆောင်းကြည့်၊ ကိုင်ကြည့်နဲ့ဟာ၊ ငါ့အစ်ကိုကို ငါမြင်ရတာ စိတ်မချမ်းသာပါဘူး' တဲ့။ ကျွန်မ လည်း အရမ်းသနားမိသွားပြီး သူငယ်ချင်းနည်းတူ စိတ်မကောင်းဖြစ် ရပါ သည်။

တစ်မြန်နေ့က စာပုံနှိပ်တိုက် (သူ၏မိဘများအလုပ်) မှပြန်လာသော သူငယ်ချင်း၏အစ်ကိုနဲ့အတွေ့ "ဟော အစ်ကို ပုံနှိပ်တိုက်ကပြန်လာပြီလား၊ မောနေတာလား" ဟု ကျွန်မကမေးတော့ "ဟင် အေး လူပင်ပန်းတာ ထက် စိတ်ပင်ပန်းတာက ပိုပါတယ်ဟာ" တဲ့။

ထိုအခါ ကျွန်မလည်း ငါ့ခွင်တော့ ဝင်လာပြီဟု စိတ်ကထက်ပြီး "ဟာအစ်ကိုကလည်း ကိုယ်အလုပ် သမားမှ မဟုတ်တာ သူဌေးပဲ၊ ဒီလောက်ပင်ပန်းမယ်မထင်ပါဘူး။ စစ်သားတွေဆို ဘယ်လိုလုပ်မလဲ၊ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ အရမ်းပင်ပန်းတာ၊ အခန့်မသင့်ရင်သေဦးမယ်" လို့ လွှတ်ခနဲ ပြောမိပါ တယ်။ ထိုအခါ သူငယ် ချင်းအစ်ကိုမှာ ချက်ချင်းမျက်နှာကြီးနီပြီး စိတ်ဆိုးသွားကာဖြင့် "အဲဒီလိုသာ တွေးရင် ငါတို့တိုင်းပြည်မှာ စစ်သား ဆိုတာရှိပါဦးမလား။ အဲလိုသာစဉ်းစားရင် ငါတို့တိုင်းပြည်မှာ စစ်သားဆိုတာရှိပါဦးမလား။ 

အဲလိုသာစဉ်းစားရင် ငါတို့တိုင်းပြည်ရဲ့ အသက်ပေးသွားတဲ့ အာဇာနည် တွေ၊ သူရဲကောင်းတွေ၊ တပ်မတော် သားတွေနဲ့တကွ ငါတို့လူမျိုးတွေ၊ မိသားစုတွေကို ဒီလိုစိတ်ချမ်း သာစွာ၊ လွတ်လပ် စွာနေထိုင်နိုင်အောင်၊ လွတ်လပ်ရေးရအောင် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ မျိုးချစ်ခေါင်းဆောင် ကြီးတွေကို နင်အားမနာဘူးလား၊ သူတို့မျက်နှာကို မထောက် တော့ဘူးလား၊ နင်မို့ပြောထွက်တယ်။ သူတို့တွေ ကိုငါတစ်သက်လုံးအားကျပြီး ကြီးပြင်းလာတာ၊ အောင်ဆန်းသူရိယဘွဲ့လို တိုင်းပြည် ရဲ့အမြင့်ဆုံး သူရဲကောင်းဘွဲ့ကို ပေးအပ်ချီးမြှင့်နိုင်အောင် သတ္တိ ထွန်းပြောင်းခဲ့ကြတဲ့ ဗိုလ်မှူးအေးချိုတို့လို၊ ဗိုလ်တိုက် ချွန်း တို့လို ဖြစ်ချင်ခဲ့တာ၊ သူတို့တွေရဲ့ အတ္ထုပ္ပတ္တိ တွေဖတ်ပြီး ငါအားကျခဲ့ရတာ၊ သေရမယ်ဆိုရင်တောင် အဲလိုနာမည်ကောင်းရတဲ့ သူရဲကောင်းတစ် ယောက်လို မြင့်မြတ်စွာနဲ့ သေချင်တာ၊ ခုတော့ ငါ့ဘဝဟာဘာမှ အဓိပ္ပာယ်မရှိဘူး"။

ကျွန်မကြက်သီးထမိအောင် အံ့သြသွားရပါသည်။ ပြီးတော့ ဝမ်းနည်းသွားရသည်။ ကြက်သီးထမိတာ ကတော့ဖြင့် ကျွန်မဒီအစ်ကို၏ စိတ်ဝမ်းတွင်အဲဒီလောက် စိတ်ဓာတ်ပြင်းထန်မယ်မှန်း၊ ရည်ရွယ်ချက် ကြီးမယ်မှန်း မသိခဲ့လို့ဖြစ်ပြီး ဝမ်းနည်းမိရခြင်းမှာ အဲဒီလိုစိတ်ဓာတ်ကြီးရှိတဲ့ အင်မတန်လေးစား စရာ ကောင်း တဲ့သူကို ကျွန်မကပေါ့ပေါ့တန်တန် သဘောထားကာ ပြောမိခြင်းကြောင့် ဖြစ်လေသည်။

 ထိုထိုသောအကြောင်းတို့ကို လေ့လာဆန်းစစ်ကြည့်ပါက ယနေ့ကျွန်မအပါအဝင် မိဘနေရာသို့ ရောက် ရှိနေကြသောသူများသည် မိမိတို့၏သားသမီးများ အထူးသဖြင့် ဖယောင်းလိုပုံသွင်း၍ကောင်း သော လူငယ် လူရွယ်များကို ဆုံးမသွန်သင်၊ ကောင်းသောလမ်းသို့ရောက်အောင် ပုံသွင်းပေးရင်း ၎င်းတို့၏စိတ်ခံစား ချက် များနှင့်အတူ ကောင်းမွန်သော ပင်ကိုဝါသနာများကိုပါ ထည့်သွင်းစဉ်းစားသင့် သည်ဟု ထင်မြင်မိပါသည်။ 

ယခုကဲ့သို့ တိုးတက်ခေတ်မီနေသော ခေတ်ကြီးတွင် ကိုယ့်စိတ်ဆန္ဒတစ်ခု တည်းသာ ရှေ့တန်းမတင်ဘဲ ကိုယ့်စိတ်နှင့် သားသမီးစိတ်ဆန္ဒ နှစ်ဦးနှစ်ဖက်မျှတကာ ညှိနှိုင်းသင့်ပေ သည်။ သားသမီးများ စိတ်အား ထက်သန်ပြီး ကောင်းမွန်သည့် ဝါသနာများကိုလည်း မျှဝေခံစားပြီး အားပေးနှိုးဆော် တိုက်တွန်းသင့်ပေ သည်။ ထိုမှသာ ဇွဲ၊ သတ္တိ၊ ဝီရိယတရားတို့နှင့်ပြည့်စုံပြီး အားပေးနှိုး ဆော် တိုက်တွန်းသင့်ပေသည်။ 

ထိုမှသာ ဇွဲ၊ သတ္တိ၊ ဝီရိယတရားတို့နှင့် ပြည့်စုံပြီး အဘက်ဘက်မှ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးပြီး ကိုယ်ဝါ သနာပါရာ လုပ်ဆောင်လိုစိတ်ရှိသော ယနေ့ခေတ်လူငယ် မောင်မယ်များအနေဖြင့် ကိုယ်စိတ်သန်ရာကို ကိုယ်ကြိုးစားလုပ်ဆောင်ကြရ၍ ထိုထိုသောအမှုကိစ္စတို့ ၌ ဝမ်းသာပျော်ရွှင်အောင်မြင်ကြပြီး ကျွန်မတို့ ၏နိုင်ငံတော်ကြီးအတွက် အားကိုးအားထားထိုက်သော လူကောင်းလူတော်များ၊ လူရည်ချွန်များ၊ သားကောင်း သမီးကောင်းများနှင့် အနာဂတ်ကို အလှဆင်သူ များအဖြစ်ဘဝကို အကျိုးရှိစွာ ရပ်တည်နေ ထိုင်နိုင်ကြမည်ဖြစ်သည်ကို ခံစားသိရှိရေးသားတင်ပြလိုက် ရပါသည်။      ။


 Tuesday, 24 December 2013
 Written by ရာသက်ပန်
ကြေးမုံသတင်းစာ
ဒီဇင်ဘာ ၂၂၊ ၂၀၁၃
 From...Search Myanmar

No comments:

Post a Comment