*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 12 December 2013

ရက်ရော ၊ ပေးကမ်း မှု မြန်မာ ဒုတိယ အဆင့်

December 12, 2013


 

ကမ္ဘာပေါ်မှာ စစ်တမ်း အချက်အလက်များ ကို အမျိုးမျိုး ကောက် ယူနေကြပါ၏ ။ 
ဥပမာ – အချမ်းသာ ဆုံးနိုင်ငံ များ ၊ အဆင်းရဲ ဆုံးနိုင်ငံများ ၊ ခြစားမှု အများဆုံးနိုင်ငံ များ စသည် တို့ဖြစ်ကာ ယခု ကမ္ဘာပေါ် တွင် ရက်ရောမှု – ပေးကမ်းမှု နိုင်ငံ များ စာရင်း – The World Giving Index 2013 ကို Charities Aid Foundation ( CAF ) က ထုတ်ပြန် လိုက်ပါသည်။

၎င်း စာရင်းတွင် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ် တွင် ဒုတိယမြောက် ရက်ရော ပေးကမ်း မှု အများဆုံး နိုင်ငံ အဖြစ် ဖော်ပြထား၏ ။ ယင်းမှ မြန်မာနိုင်ငံ သားတို့ ၏ အကျင့်စရိုက် ၊ စိတ်နေ စိတ်ထား ကို ခန့်မှန်းနိုင်ရန် အခွင့် အလမ်း တစ်ခုပင် ။


 မြန်မာနိုင်ငံ သည် အဆင်းရဲ ဆုံးနိုင်ငံ အဖြစ် လည်းကောင်း ခြစားမှု များသည့် နိုင်ငံ အဖြစ် လည်းကောင်း ၊ ပြည်တွင်း စစ် ပဋိပက္ခ အရှည်ကြာဆုံး နိုင်ငံ တစ်ခု အဖြစ်လည်း ကောင်း ၊ မကြာ ခဏ ဖော်ပြ ခံရသလို တစ်ချိန် တည်းမှာ ရက်ရော မှု ပေးကမ်း မှု အများဆုံးနိုင်ငံ အဖြစ် သတ်မှတ် ခံရသည်မှာ မြန်မာနိုင်ငံသား များ အနေဖြင့် မှု အလွန် နားလည်ရ ခက်သည့် ကိစ္စမဟုတ်ပါ။

ပုဂံခေတ် က သာမညောင်ည မုဆိုးမ များ တည်ခဲ့သည့် စေတီ ပုထိုးများ ယခု တိုင် တွေ့နိုင်ပြီး “တစ်မူးရှိ လို့ တစ်ပဲ လှူ  ဒို့ ရှမ်းတောင် သူ လှူနိုင်ရိုးလား” ဆိုသည့် မြန်မာနိုင်ငံသား များ၏ စရိုက် ကို အမေ လူထု ဒေါ်အမာ က “ ဒီလို ပေးကမ်း လှူဒါန်း တဲ့ စရိုက် ရှိတဲ့ ဒို့လူမျိုးတွေ ဟာ ဘယ်တော့မှ မတိမ်ကော ဘူး” ဟုပင် ပြောသွားခဲ့ဘူး ပါတယ်။

LYT
Credit:Popular Myanmar News Journal

From...Myanmar Latest News


No comments:

Post a Comment