*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 14 December 2013

ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ ဝေဖန်နေကြတာကို ဦးရဲထွဋ်က အခုလို တုံ့ပြန်ထားပါတယ်

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကြီးကို ထည်ထည်ဝါ၀ါ လုပ်နိုင်တာဟာ တရုတ်နိုင်ငံက နည်းပညာတွေ အကူအညီယူတဲ့အပေါ် ဝေဖန်နေကြတာကို သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန်ထားပါတယ်။
 နေပြည်တော် ဆီးဂိမ်း ဖွင့်ပွဲ၊ ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသံ၊ မီး နဲ့ မီးရှုး မီးပန်း များနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရ ပါတယ်။ 

မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရ က လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ 


ဒါ့ကြောင့် ဒီပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ခမ်းနားစွာဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့နည်းပညာမှန်သမျှ အသုံးပြုမှာ ပဲဖြစ် ပါတယ်။ 


အသံ၊ မီး၊ နဲ့ မီးရှုးမီးပန်းများနဲ့ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာ ကို အသုံးပြုခဲ့သလို ရုပ်သံ ရိုက်ကူး ထုတ်လွှင့်ရေးနဲ့ပတ်သက်ရင် အမေရိကန်နိုင်ငံက Grass Valley ကုမ္ဗဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ 


ဒီလိုပါပဲ ရိုက်ကူးရေးဝန်ထမ်းများကို လေ့ကျင့်ပေးဖို့ အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီပေးခဲ့ပါတယ်။ 


ဘာတွေ လုပ်နိုင်ခဲ့တယ်ဆိုတာကို အသိအမှတ်မပြုနိုင်ပဲ ဘယ်သူလုပ်တာ ဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူ များ လန်ဒန်အိုလံပစ်မှာ လည်း တရုတ်နည်းပညာများ သုံးခဲ့ကြောင်း အောက်ပါ လင့်ခ် များမှာ လေ့လာ ကြည့်စေလိုပါတယ်။ 


China-made fireworks light up London Olympics |Industries |chinadaily.com.cn

http://www.chinadaily.com.cn/business/2012-07/28/content_15625669.htm


London Olympic Games made in China Anne McClain

http://www.ministryoftofu.com/2012/08/london-olympic-games-made-in-china/

China-made fireworks to light up London Olympics

http://www.thaindian.com/newsportal/sports/china-made-fireworks-to-light-up-london-olympics_100633895.html


မသိတဲ့ လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောက က ပုဂ္ဂိုလ်များက ပြောတာကိုတော့ သူတို့ ၀မ်းစာ မပြည့်မှု အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ 




From...
ဧရာဝတီ Facebook / ဧရာဝတီ Twitter
.

No comments:

Post a Comment