*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 19 December 2013

ဂုဏ်

မနေ့ ကပွဲ ကျောနံပတ် 7 သန်းသန်ထွေးအရမ်းတော်တာနော ကွင်းအပြည့်

ကန်ချက်ကလည်းပြင်း အပြေးလည်းမြန် ရုပ်လည်းချော.သဘောတူရင် (y)
အနိုင်ရသူထက်
အနိုင်မခံ အရှုံး မပေးခဲ့သူရဲ့ စိတ်ဓာတ်က
ပိုပြီး ဂုဏ်ကြီးတယ်။

မင်း . . .မေ့နေသလား
ညီမလေး၊
ငါတို့ဟာ
မြန်မာ။

ကမ္ဘာ့ အလယ်မှာ
မျက်နှာငယ်ရင် ငယ်ဖူးမယ်။
ဒါပေမဲ့
ဇာတိမာန် မငယ်တာ
အားလုံး အသိ။
အထူးသဖြင့်
ငါတို့ရဲ့ ဇာတိဂုဏ် ဇာတိသွေး
သမိုင်းထဲမှာ ရေးပြီးပြီ ။

မငိုနဲ့တော့
ညီမလေး ။ ။

မောင်လှမျိုး (ချင်းချောင်းခြံ)
 
2013-Dec-19
2:40(a-m)

[ မြန်မာအမျိုးသမီး ဘောလုံအသင်းအား ၊ ဤကဗျာဖြင့် ၊ ဂုဏ်ပြုပါသည် ]

( မှတ်ချက် (၁) ။ ။ နှလုံး ရောဂါ ရှိပါလျက် ၊ ကျွန်တော် ဘောလုံးပွဲ ကြည့်ခဲ့ခြင်း ဖြစ်ပါသည် ။ အကယ်၍ ၊ ကျွန်တော် သေသွားခဲ့သော် အသေကန်ခဲ့သူတို့အား ၊ အသေခံပြီး ၊ ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း )
 
{ မှတ်ချက် (၂) ။ ။ အမျိုးသား ဘောလုံးအသင်း ၊ မပါ ။ }

Copy From- Hla Myo Aung.




No comments:

Post a Comment