*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 13 December 2013

ကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်း ၁၄သန်းထိ ရှိလာ

 

ကမ္ဘာပေါ် မှာ ​ကင်ဆာရောဂါဖြစ်ပွား မှုနှုန်း နဲ့ ​ကင်ဆာရောဂါကြောင့် ​သေဆုံး သူတွေ ​သိသိ သာသာ များ လာ တယ် လို့ ​ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ က ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် အတွင်း မှာ ​ကင်ဆာေ၇ာဂါ ဖြစ်ပွားသူနှု န်း ဟာ ​၁၄သန်းကျော် ရှိပြီး ​ကင်ဆာရော ဂါကြောင့် ​သေ ဆုံး သူ ​၈ ​သန်းကျော် ရှိတယ်လို့ ​ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ ​ထုတ်ပြန်ကြေညာချက် ထဲမှာ ​ဖော်ပြ ထားပါတယ်။



ခန့်မှန်းခြေ အနေနဲ့ ​ကင်ဆာရောဂါတွေ ဟာ ​အမျိုးပေါင်း ​၂၈မျိုး ရှိပြီးတော့ ​နိုင်ငံပေါင်း ​၁၈၄ ​နိုင်ငံ ကနေ ​စစ်တမ်း ​ကောက်ယူ ထားတာဖြစ်တယ် လို့ ​ဆိုပါတယ်။ ​ပြီးခဲ့တဲ့ ​၂၀၀၈ ​ခုနှစ် တုန်းက ​ကင်ဆာရော ဂါ ​ဖြစ်ပွား သူနှုန်း ဟာ ​၁၃သန်း နီးပါးရှိပါတယ်။

လူတွေ အဖြစ်များဆုံး ​ကင်ဆာရောဂါ အမျိုးစား ကတော့ ​အဆုတ် ကင်ဆာရောဂါဖြစ်ပြီး ​၂၀၁၂ခုနှစ် အတွင်း မှာ ​ဖြစ်ပွားနှုန်း ​၂ ​သန်း ​နီးပါး ​(၁.၈ ​သန်း) ​ရှိပါတယ်။ ​ပြီးတော့ ​ရင်သား ကင်ဆာနဲ့ ​အူမကြီး ကင်ဆာ ကတော့ ​ဒုတိနဲ့ ​တတိယ ​အဖြစ် များဆုံး ​ကင်ဆာရောဂါ ​ဖြစ်ပါတယ်။

အဲဒီ ထဲမှာ ​အဆုတ် ကင်ဆာ၊ ​အသည်း ကင်ဆာနဲ့ ​အစာအိမ် ကင်ဆာ ​ရောဂါတွေ ဟာ ​သေဆုံး မှုနှုန်း အများ ဆုံး ​ဖြစ်တယ် လို့ဆိုပါတယ်။

ကမ္ဘာပေါ် က ​အမျိုးသမီးတွေ ​အဖြစ် အများဆုံး ​ကင်ဆာရောဂါ ကတော့ ​သားအိမ် ကင်ဆာရောဂါဖြစ် ပြီး ​နှစ် စဉ် ​သားအိမ် ကင်ဆာရောဂါဖြစ်ပွားနှုန်း ဟာ ​ငါးသိန်းကျော်လောက် ရှိတယ်လို့ ​ဆိုပါတယ်။

 

ABC Radio Australia

From...Thit Htoo Lwin -

 


 

No comments:

Post a Comment