*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 29 December 2013

ဦးသိန်းစိန်အစိုးရရဲ့ စီမံခန့်ခွဲမှုကို စစ်တပ်က ချီးကျူးလိုက်ပါတယ်။


ဆီးဂိမ်းကို အောင်အောင်မြင်မြင် ကျင်းပခဲ့တဲ့ သမ္မတကြီးဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအတွက် တပ်မတော်က ဂုဏ်ယူပါကြောင်း ၂၄ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ကြော်ငြာ ထည့်ခဲ့တာပါ။


ဆီးဂိမ်းမှာ နိုင်ငံအလိုက် ဒုတိယအဆင့်ရအောင် ကြိုးစားခဲ့တဲ့အားကစားသမားတွေကိုလည်း ချီးကျူးထားပါတယ်။

(အလားတူ ကြော်ငြာတွေကို ၂၇ ရက်နေ့ ကြေးမုံသတင်းစာမှာ အဖွဲ့/ဌာန တစ်ချို့က ထည့်သွင်းထားတာ တွေ့ရမှာပါ။)

ဦးသိန်းစိန်အစိုးရရဲ့ စီမံခန့်ခွဲမှုကို စစ်တပ်က သတင်းစာကြော်ငြာထည့်ပြီး ချီးကျူးစကား ဆိုခြင်းက စစ်တပ် ဟာ ပေါင်းသင်း ဆက်ဆံရေးကောင်းတယ် ဆိုတာကို ပြသတာပဲ လို့ သုံးသပ်သူတွေ ရှိလာနိုင်ပါတယ်။
 

တစ်ချို့ကတော့ ... စစ်တပ်မှာလည်း ဗိုလ်ချုပ်ကြီးတွေ အုပ်ချုပ်တယ်၊ အစိုးရ ထိပ်သီးတွေကလည်း ဗိုလ်ချုပ်ကြီးတွေပဲ ဆိုတော့ ဒီကြော်ငြာက ကြော်ငြာသက်သက်ပါပဲ လို့ မြင်ပါလိမ့်မယ်။

ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိတာက ...
ကချင်ပြည်နယ်ဘက်က တိုက်ခိုက်မှုတွေ ရပ်သွားတဲ့ အခါကျရင် "ငြိမ်းချမ်းရေး လိုလားတဲ့ တပ်မတော် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း)" ဆိုပြီး အစိုးရသတင်းစာထဲမှာ ဦးသိန်းစိန်ကြီး က ကြော်ငြာ ထည့် လာဖွယ် ရှိပါတယ်။

  ဆက်စပ်သတင်း -
 
 From...Search Myanmar

No comments:

Post a Comment