*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 9 December 2013

မြန်မာပြည်သား အများအပြား နေထိုင်ရာ စင်ကာပူမှာ တနင်္ဂနွေနေ့က အဓိကရုဏ်းတခု ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပါတယ်။





(အဓိကရုဏ်းဓာတ်ပုံတွေကို ဂူဂလ်မှာ ရှာဖွေရှာမှာ အထက်ပါအတိုင်း တွေ့ရပါတယ်)

မြန်မာပြည်သားတွေ ကတော့ အဓိကရုဏ်းထဲ မပါပါဘူး။ သို့သော်လည်း ကိုယ်နေထိုင်ရာဒေသဖြစ်တဲ့ အတွက် စိတ်ဝင်တစား ဆွေးနွေးနေကြ၊ မှတ်ချက်ပေးကြတာကို အွန်လိုင်းမှာ တွေ့နေရပါပြီ။

သူတို့အမြင်များထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။


 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စင်ကာပူမှာ ခုလေးတင် မကြုံစဖူး နိုင်ငံခြားသားလုပ်သားများနေထိုင် စုဝေးရာ ရပ်ကွက်မှာ အဓိက ရုဏ်းဖြစ်ပြီး ရဲကားကိုပက်လက်လှန် မီးရှို့ပစ်ကြပါတယ် ။နိုင်ငံသားတွေတောင် သည်လို တခါမှ အာမခံရဲပါဘူး ။ သို့  သော်ရဲများသည် အခုထိ လူစုကွဲအောင်ြ့ခိမ်းခြောက် သေနတ်ပစ်ခြင်း မျက်ရည်ယိုဗုံး ခွဲခြင်းများမပြုပဲ ပြည်သူတွေကို အဝေးရှောင်ရှားဖို့သာ အမိန့်ပေးနေပါတယ်။ မဆိုင်သူလုံးဝ မနစ်နာ ရအောင် ကိုင်တွယ်နေတာ သိသာလို့ ချီးကျူးရပါတယ်။

 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 အိန္ဒိယ တွေ လား ???? ဒီ သတင်း ရန်ကုန် ရောက်ရင် ဘင်္ဂါလီ တွေ
လို့  ပြောင်း သွား  လိမ့် မယ်... ဒါ မှ မဟုတ် ကုလား တွေ လို့  ရော ပြော လိမ့် မယ်...းPးDး)...

 

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 

စငိကာပူ စွမ်းအားရှင်အဖွဲ့မရှိတာနာတာပဲ လို့ စင်ကာပူ စစ်တပ်ကပြောနေတယ်
 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အန္ဒိယလူမျိုး ဆိုတာနဲ့  မူဆလင်လို့ ထင်ပလိုက်တာမျိုး ဘင်ဂါလီခေါ်တောလို့  သတ်မှတ်ပလိုက်တာမျိုး ဗဟုသုတ မနည်းသင့် ပေ... အန္ဒိယလူမျိုးများသည် ဟင်ဒီများဖြစ်ကြပါသည်။

လူမျိုးနံမည်၊ ထဲ့ပုတ်ခတ်မရေးသင့်ပါ၊ Singapore နေ FB သုံးစွဲသူ မြန်မာနိုင်ငံသား/လူမျိုးတိုင်း ဆင်ခြင် သုံးစွဲပါမှ မြန်မာပြည်တွင်းနေ ပြည်သူများနှင့် တစ်ခြား ကမ္ဘာအနှံ့နေ မြန်မာပြည်သူများမှ အမှန်ကို ဆင်ခြင်နိုင်ကြ ပါလိမ့်မည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 

Little india မှာ ဖြစ်တဲ့ကိစ္စက မအေးလောက်ဘူးဗျို့...မြန်မာတွေမပါပေမယ့်... စလုံးတွေ ရဲ့ နိုင်ငံခြားသား ဆန့်ကျင်ရေး စိတ်ဓာတ်တွေပိုမြင့်လာမှာ သေချာတယ်။
သူတို့အစိုးရကိုလည်းဖိအားပေးမှာအသေအချာပဲဒီတော့စလုံးအစိုးရကလည်း နိုင်ငံခြားသားလုပ်သားတွေ အပေါ် ပိုလို့ပိုလို့ တင်းကြပ်လာတော့မယ် ခုတောင် နေရစားရ လုပ်ရကိုင်ရတာ တော်တော်ကြပ်နေတာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 

 စလုံးအစိုးရက ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပါလိမ့်မယ်။မြန်မာတွေကို အနည်းအကျဉ်း အဖျားခတ်မယ် ဆိုပေမယ့် india နဲ့ bangla ဦးရေကို အဓိကလျှော့ချသွားမယ်ထင်ပါတယ်။
 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 

Bangla မဟုတ် ပါဘူး india ကုလား ပါ ထစ်ခနဲရှိ မွတ်ဆလင် ကုလား တွေဘဲဆွဲ မထည့်ကြပါနဲ့ သတင်းသေချာမှ ပြောသင့်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 

ကုလားတွေကို အစိုးရက ပို နှိပ်ကွက်ပြီး မြန်မာအလုပ်အသမား %ကို မြှင့်ပေးလိမ့်မယ်၊ အလုပ်ပါမစ် ပိုချပေး လာလိမ့်မယ် ထင်တာပဲ။
 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညက စင်ကာပူမှာ ဖြစ်ခဲ့သော အဓိကရုဏ်နှင့် ပတ်သက်ပြီး မသေချာဘဲ မသိဘဲ မဆီမဆိုင် လူမျိုး ဘာသာ စကားလုံးတွေ သုံးနှုန်းကာ မိမိ အာဘော်တွေပါ ဖြည့်စွက်ပြီး မြန်မာပြည်တွင်းမှာ ဆိုးကျိုးသက်ရောက် မှုများ ဖြစ်လာအောင် မရေးကြစေချင်ပါ။
 

ညက ဖြစ်ရပ်မှာ အိန္ဒိယ အလုပ်သမား ကားတိုက်မိ၍ သေဆုံးခြင်းအပေါ် သူငယ်ချင်းများက ဒေါသဖြစ်ရာက မူးနေကြချိန် ၀ိုင်းဝန်း ဆွမ်းကြီးလောင်းကြရင်း ရဲကား၊ လူနာတင်ကားတွေကိုပါ မီးရှို့ကြခြင်းဖြစ်သည်။

စင်ကာပူရဲက လုံးဝ အကြမ်းဖက် နှိမ်နင်းမှု မပြုလုပ်ဘဲ တန်ဘိုးမရှိသော သက်မဲ့ကားများကိုပဲ ဆုံးရှုံးခံလိုက် သည်။ ဤသည်ကား နမူနာ ယူစရာဖြစ်သည်။ လူမျိုးဘာသာသည် အဓိက မဟုတ်။ ဒေါသ သည်သာ တရားခံဖြစ်သည်။
 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



From...ဧရာဝတီ Facebook / ဧရာဝတီ Twitter 

No comments:

Post a Comment