*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 14 December 2013

တူနှစ်ကိုယ် တဲအိုပျက်မှာ နေပြီး ထမင်းရည်သောက်မယ်ဆိုတာ ရေရှည်မှာတော့ မဟုတ်ဘူး{ ထူးအယ်လင်း }

တူနှစ်ကိုယ် တဲအိုပျက်မှာ နေပြီး ထမင်းရည်သောက်မယ်ဆိုတာ ရေရှည်မှာတော့ မဟုတ်ဘူး ထူးအယ်လင်း 


















မင်းလေးနားလည် သီချင်းနဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားပြီး နောက်ပိုင်း အခွေတွေ ဆက် တိုက်ထွက်ခဲ့ ပါတယ်။ တစ်ခွေ နဲ့ တစ်ခွေအချိန်အနည်း ငယ်ကြာခဲ့ ပေမယ့် ထွက်ရှိလာတဲ့ သီချင်းတိုင်း ဟာ ပရိသတ်တွေနဲ့ ရင်ဘတ်ချင်း ထိခဲ့တဲ့သီချင်းတွေပါပဲ။ 

အခုလည်း အချစ်ဆိုတဲ့ နယ်ပယ်ထဲမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အဖြစ်အပျက်လေးတွေ ကို ရိုးရှင်းသော စာသားလေးတွေနဲ့ လူငယ်ပရိသတ် ထဲကို အရောက်ပို့ခဲ့ တဲ့ အချစ်လို့ခေါ်သလား သီချင်းပိုင် ရှင်ဖြစ်ပြီး (၂၇)ကြိမ်မြောက်အရှေ့ တောင် အာရှအားကစားပြိုင်ပွဲ မှာလည်း တေးရေး လင်းထက်ရဲ့ ရောင်စုံဥယျာဉ် သီချင်းနဲ့ ဆုရခဲ့တဲ့ တေးသံရှင် ထူးအယ်လင်းနဲ့ ခဏတာ တွေ့ဆုံခဲ့ပါတယ်။


Q. လတ်တလောအနုပညာ လှုပ်ရှားမှု...
A. သူများအခွေအတွက်စီစဉ် ပေးနေပါတယ်။ (၈)ရက်နေ့မှာ ဆီး ဂိမ်းအတွက် နေပြည်တော်ကိုသွား မယ်။

Q. ကိုယ်ဆိုတဲ့ သီချင်းက ဆီး ဂိမ်းအတွက်ရွေးချယ် ခံရတဲ့အပေါ် ဘယ်လို ခံစားရလဲ။
A. ဆုရမယ်လို့မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ နှစ် ပေါင်းများစွာကြာပြီးမှပြန်လည်ပြု လုပ်ခွင့် ရတဲ့ကိုယ့်နိုင်ငံရဲ့ဆီးဂိမ်းမှာ မမျှော်လင့်ဘဲရွေးချယ်ခံရတော့ သ မိုင်းဝင်မှတ်တမ်းတစ်ခုပေါ့။ အဲဒီအ တွက် အများကြီးဂုဏ်ယူပါတယ်။

Q. မင်းလေးနားလည် အခွေနဲ့ လူသားဘဝအခွေက ဘာကြောင့် အချိန်အရမ်း ကွာခြားသွား တာလဲ။
A. ကျွန်တော်က သီချင်းတွေ ကိုရင်ဘတ်ထဲကလာတဲ့ခံစားမှုမျိုး ပါတာပဲလိုချင်တာပါ။ စက်ရုံတစ် ရုံလို တစ်ခွေပြီးတစ်ခွေမထုတ်နိုင်ပါ ဘူး။ ကိုယ်ဆိုလိုက်တဲ့သီချင်းက ပ ရိသတ်နဲ့ရင်ဘတ်ချင်းထိအောင်ကြိုး စားချင်လို့ပါ။

Q. အချစ်လို့ခေါ်သလားသီ ချင်းကို ဘယ်သူ့အတွက် ရည်ရွယ်ပြီး ဆိုခဲ့တာလဲ။
A. ဘယ်သူ့အတွက်ရယ် မဟုတ်ပါဘူး။ အချစ်တစ်ခုမှာ ဖြစ် တတ်ပျက်တတ်တဲ့ အကြောင်းအ ရာလေး တစ်ခု ကို ပရိသတ်တွေအ တွက် အဆွေးသီချင်းလေး တစ်ပုဒ် အဖြစ်ဆိုပြတဲ့ သဘောပါ။

Q. အိမ်ထောင် တစ်ခုမှာ အ ချစ်ကရာခိုင်နှုန်း ဘယ်လောက်အ ရေးပါလဲ။
A. အိမ်ထောင် တစ်ခုမှာ အဓိ ကမြစ်ဖျားခံတာကတော့ အချစ်ပေါ့။ နောက်ပိုင်းကျမှ သံယောဇဉ်ဆိုတာ ဖြစ် လာတာပါ။ အရေးကြီးဆုံးက တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရမယ်။ ကိုယ့်ရဲ့အလုပ် နဲ့ ဝင်ငွေကလည်း အိမ်ထောင်တစ် ခုမှာ နည်းနည်းတော့အရေးပါတာ ပေါ့။ 

ဘယ်ကိစ္စမဆို ဖိစီးမှုများလာ ရင်တော့ ပျက်မှာပဲလေ။ တူနှစ် ကိုယ်တဲအိုပျက် မှာနေပြီး ထမင်း ရည်သောက် မယ်ဆိုတာ ရေရှည်မှာ တော့မဟုတ်ပါဘူး။အခုအရွယ်မှာ တော့အချစ်ကိုအဖက်မလုပ်ချင် တော့တာအမှန်ပါ။

Q. အိမ်ထောင်ပြုခြင်းနဲ့ကိုယ် ပိုင်ရပ်တည်မှုပုံစံဆိုတဲ့နှစ်ခုကြားမှာ ကိုယ်ကဘယ်လိုပုံစံမျိုးနဲ့ရပ် တည် နေတယ်လို့ထင်လဲ။
A. ရိုးရှင်းတဲ့ဘဝပုံစံမျိုးနဲ့နေ ထိုင်နေပါတယ်။ ကိုယ့်အလုပ်ဖြစ် တဲ့သီချင်းဆိုတဲ့အလုပ်ကိုလုပ် တယ်။ လော ဘမကြီးပါဘူး။ ဒီလူ့လောက ထဲမှာ တင့်တင့်တယ်တယ်လေးနေ နိုင်ရင်တော်ပါပြီ။

Q. သီချင်းရေးတဲ့အခါ အချစ် အကြောင်းနဲ့ ဘဝအကြောင်းမှာ ဘယ်အကြောင်းအရာကိုရေးတာ ပိုပြီးအားသန်လဲ။
A. ဟုတ်တယ်ဗျ။ ကျွန်တော် က ပိုက်ဆံရှိလို့အနုပညာကိုလုပ် တာမဟုတ်ဘူး။ တကယ့်ကိုဖောင် ဖျက်ပြီး တိုက်ရတဲ့ တိုက်ပွဲတစ်ခုလို ပါ။ ဘဝနာထားတဲ့ကောင်ဆိုတော့ ဘဝအကြောင်းပဲရေးချင်ပါတယ်။ ဒါပေမဲ့ ဒီဘဝနာတာကိုခံစားပြီးသီ ချင်းရေးမယ့်အတူတူ သူများရေးတဲ့ သီချင်းကိုပဲ လိုက်ဆိုတာ ပိုကောင်း ပါတယ်။

Q. သရုပ်ဆောင်ပိုင်းထက် သီချင်းဆိုရတာပိုပြီးခက်ခဲ့တယ်ဆို တဲ့အပေါ်မှာ အစ်ကို့အမြင်က ရော..
A. သီချင်းဆိုရတယ်ဆိုတာ အသံနဲ့ပန်းချီရေးရ သလိုပါ။ သီချင်း ဆိုတဲ့အခါမှာလည်း စကားလုံးနဲ့ အသံနေ အသံထား အားလုံးမှန် ကန်အောင်ဆိုတတ်ဖို့တော့ လိုပါတယ်။

Q. ဂီတလောက တစ်ခုလုံးကို ဖြစ်စေချင်တဲ့ ဆန္ဒ..
A. ဖြစ်စေချင်တဲ့ ဆန္ဒကတော့ သီချင်းအပေါ်မှာ ရိုးသားရမယ်။ သီ ချင်းကိုသီချင်းနဲ့ တူအောင်ဆိုရမယ်။ ပရိသတ်လက်ခံနိုင်အောင် လုပ်ပြရ မယ်။

Q. ပရိသတ်ကြီးအတွက် စ ကားလက်ဆောင်လေး..
A. အားလုံးကိုကျေးဇူး တင်ပါတယ်။  


13 December 2013

8 Days

No comments:

Post a Comment