*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 30 December 2013

ရင် ငတ် ပန်း {ကဗျာ}

ရင် ငတ် ပန်း
.
မိုးစက်ဖြူဖြူတွေဟာ ကျောက်စရစ်ခဲတွေကိုမှန်တယ်
ပြတင်းတံခါးတွေကိုမှန်တယ်
အေးစက်ဖြူစင်နေလိုက်ပုံများ
ကောင်းကင်မျက်ဝန်းတွေကပြာနှမ်းလို့

ပန်းလေးတစ်ပွင့်ဟာ 
ရင်တစ်ခုလုံးရွှဲစိုဖို့
တိမ်လိပ်တွေကိုဆွဲချ 
သူနှင့်ထပ်တူမျက်ရည်ကျခိုင်းခဲ့
လေးလံနှေးကွေးလွန်းတဲ့ အဓိပ္ပာယ်သက်ရောက်မှုကြား
ခေါင်းငြိမ့်ခေါင်းခါရုံမျှသာ
ကောင်းကင်တစ်ခြမ်းနဲ့တွဲဆက်ထားတဲ
့ရင်တစ်ခြမ်းထဲ
ကြယ်တွေပျံသန်းတဲ့အခါ 
တစ်စက်ထဲသောမျက်ရည်နဲ့ဆုခြွေ

ဖြစ်သလိုဝေဆာခဲ့တဲ့ဘ၀မှာ
ဖူးငုံခဲ့သည်ကဒဏ်ရာ
ပေါက်ဖွားချင်ခဲ့သည်က မေတ္တာ
လက်တစ်လုံးအခြားခံလိုက်ရတဲ့
ွမှုန်ပြသေးသိမ်လွန်းတဲ့ အကြင်နာမဲ့လက်များ
လပ်နေတဲ့ရင်အတွက် ငတ်နေတဲ့မေတ္တာရှိရာ ဦးဝှေ့တိုးခွေ့
အေးစက်စက်အရာတွေသာတွေ့ခဲ့

ရင်နှင့်ကြာကြာကွဲကွာရသော
ပန်းတစ်ပွင့်ဟာ
နွေးထွေးမှုမရှိတဲ့ရနံ့နဲ့  သိမ်ငယ်
ဘဝလှလှကိုဖက်တွယ်ချင်နေရဲ့

မိုးစက်ဖြူဖြူတွေအောက်
ရင်ငတ်နေတဲ့ ပန်းလေးတစ်ပွင့်
ကျောက်စရစ်ခဲကိုထိမှန်လာသော
မိုးရေစက်တွေဟာ
ပြတင်းတံခါးမှတစ်ဆင့်
နောက်ထပ်မျက်ဝန်းအိမ်တစ်ခုဆီ....

  လေသွေးညို
.
(မေတ္တာနဲ့ဝေးသော ရင်ငတ်ပန်းတစ်ပွင့်အကြောင်း ကျွန်တော်မျက်ရည်တွေနဲ့ရေးခဲ့သည်)

မိုးစက်ဖြူဖြူတွေဟာ ကျောက်စရစ်ခဲတွေကိုမှန်တယ်
ပြတင်းတံခါးတွေကိုမှန်တယ်
အေးစက်ဖြူစင်နေလိုက်ပုံများ
ကောင်းကင်မျက်ဝန်းတွေကပြာနှမ်းလို့...........

ပန်းလေးတစ်ပွင့်ဟာ
ရင်တစ်ခုလုံးရွှဲစိုဖို့
တိမ်လိပ်တွေကိုဆွဲချ
သူနှင့်ထပ်တူမျက်ရည်ကျခိုင်းခဲ့
လေးလံနှေးကွေးလွန်းတဲ့ အဓိပ္ပာယ်သက်ရောက်မှုကြား
ခေါင်းငြိမ့်ခေါင်းခါရုံမျှသာ
ကောင်းကင်တစ်ခြမ်းနဲ့တွဲဆက်ထားတဲ့ရင် တစ်ခြမ်းထဲ
ကြယ်တွေပျံသန်းတဲ့အခါ
တစ်စက်ထဲသောမျက်ရည်နဲ့ဆုခြွေ..........





ဖြစ်သလိုဝေဆာ ခဲ့တဲ့ဘ၀မှာ
ဖူးငုံခဲ့သည်က ဒဏ်ရာ
ပေါက်ဖွားချင်ခဲ့သည်က မေတ္တာ
လက်တစ်လုံးအခြားခံလိုက်ရတဲ့
မှုန်ပြသေးသိမ်လွန်းတဲ့ အကြင်နာမဲ့လက်များ
လပ်နေတဲ့ရင်အတွက် ငတ်နေတဲ့မေတ္တာရှိရာ ဦးဝှေ့တိုးခွေ့
အေးစက်စက်အရာတွေသာတွေ့ခဲ့........

ရင်နှင့်ကြာကြာကွဲကွာရသော
ပန်းတစ်ပွင့်ဟာ
နွေးထွေးမှုမရှိတဲ့ရနံ့နဲ့ သိမ်ငယ်
ဘဝလှလှကိုဖက်တွယ်ချင်နေရဲ့...........

မိုးစက်ဖြူဖြူတွေအောက်
ရင်ငတ်နေတဲ့ ပန်းလေးတစ်ပွင့်
ကျောက်စရစ်ခဲကိုထိမှန်လာသော
မိုးရေစက်တွေဟာ
ပြတင်းတံခါးမှတစ်ဆင့်
နောက်ထပ်မျက်ဝန်းအိမ်တစ်ခုဆီ....

လေသွေးညို

(မေတ္တာနဲ့ဝေးသော ရင်ငတ်ပန်းတစ်ပွင့် အကြောင်း ကျွန်တော် မျက်ရည်တွေနဲ့ရေးခဲ့သည်)



No comments:

Post a Comment