*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 1 January 2014

၂၀၁၄ ကားဈေးကွက်နှင့် အနာဂတ် လားရာ

  Date: 01/01/2014


၂၀၁၃ ခုနှစ် တစ်နှစ် တာလုံး အရောင်းအ၀ယ်အေးစက်မှုဖြင့် အဆုံးသတ်ခဲ့ သည့် ပြည်တွင်းကားဈေး ကွက် သည် လာမည့် ၂၀၁၄ တွင်လည်း အရောင်းအ၀ယ် ဆက်လက်နှေးကွေးဦးမည်ဖြစ်ကြောင်း ကားအရောင်း စင်တာ လုပ်ငန်းရှင်များနှင့် ပြင်ပ ၀ယ်ရောင်းဈေးကွက် လုပ်ကိုင်သူများက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က သုံးသပ် ပြောကြားလိုက်သည်။

မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကားမော်ဒယ် သတ်မှတ်ချက်များ ထုတ်ပြန်ပေးလိုက်ပြီးနောက် CIF (တင်သွင်းခွန် ပေးဆောင်ရန် ရာဖြတ်သတ်မှတ်ဈေး) နှုန်းထား ကျဆင်းမည်ဆိုသည့် အပေါ် စိုးရိမ်ကာ ၂၀၁၃ နှစ်ကုန်ပိုင်း တွင် ငြိမ်သက်နေသည့် ကားဈေးကွက်သည် အနည်းငယ် ပြန်လည် လှုပ်ခတ်နေ သော် လည်း ပြည်တွင်းဈေးကွက်၏ လိုအပ်ချက် (အဓိက ရန်ကုန်မြို့၏) ပြည့်မီပြီးဖြစ်ရာ ၂၀၁၄ ခုနှစ် တွင်လည်း (တစ်နှစ်တာကာလ ရေတို အနေအထား) အရောင်းအ၀ယ် တိုးတက်ဖွယ်မရှိဟု ကျွမ်းကျင် သူတွေက ဆက်လက်ပြောကြားပါသည်။


သီရိမင်္ဂလာဈေးဟောင်း ကားရောင်းဝယ်ရေးစခန်း မှ ၀ါရင့်ဝယ်ရောင်း ဦးကျော်နိုင်က “လာမည့်နှစ်ဈေး ကွက် အခြေအနေကတော့ ပြောင်းလဲမှု အရမ်းကြီး မရှိနိုင်ဘူး။ ခပ်အေးအေးသွားမှာပဲ။ ရန်ကုန် အနေ အထား အရ ကားဝယ်နိုင်တဲ့သူ တော်တော်များများ က ၀ယ်ထားပြီးသားဖြစ်နေတော့လေ ဈေးကွက်က သိပ်ပြီး အပြောင်းအလဲမရှိနိုင်ဘူး။

 လေလံဈေးကွက်မှာ ထိုးကျတာ ပေါ်လစီပြောင်းတာမျိုးရှိလာရင် တော့ပြောင်းနိုင်တာပေါ့”ဟု ပြောသည်။
ကားဈေးကွက်ရဲ့ လက်ရှိအလှုပ်အရှား မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီ ၏ ဒီဇင်ဘာ ၁၉ ရက် အစည်း အဝေး ဆုံးဖြတ်ချက်အရ ကားတင် သွင်းခွင့်ဆိုင်ရာ မော်ဒယ်သတ်မှတ်ချက်များ ကို ပြောင်းလဲ အတည်ပြု လိုက်သော်လည်း ကားဈေးကွက် အတွင်း အရောင်းအ၀ယ် အများဆုံးဖြစ်သည့် တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်းသော 1300CC ကားများမှာ မူ CIF တန်ဖိုး ကန်ဒေါ်လာ ၅,၀၀၀ ဖြင့်သာ ယခင်အတိုင်း ဆက်လက် ရှိနေရာ အရောင်းအ၀ယ်မှာ လည်း အေးစက်သည့် ၀ယ်လို အားအဖြစ် ဆက်ရှိနေကြောင်း ယင်းတို့ ကပြော သည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် အိုဟောင်းယာဉ်ပါမစ်ဖြင့် တင်သွင်းသည့် ကားများကို ၁၉၉၇ ခုနှစ် မော်ဒယ်မှ ၂၀၀၇ ခုနှစ် မော်ဒယ်အထိ တင်သွင်းပေးခဲ့ရာမှ ယခုနှစ်တွင် အိုဟောင်း ယာဉ်အပ်နှံမှုဖြင့် တင်သွင်း သည့် ကားများကို ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိနှင့် တစ်ဦးချင်းပါမစ် (Free Permit) ဖြင့် တင်သွင်း သည့်ကား များကို ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်မော်ဒယ်များအထိ တိုးမြှင့်တင်သွင်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဦးကျော်နိုင်က “၀ယ်သူများတဲ့ 1300CC ကားတွေက CIF တန်ဖိုး မပြောင်းဘူးဆိုတော့ ဈေးတွေကလဲ အရင် အတိုင်းပဲရှိနေတာ။ အခု နည်းနည်းပြန်လှုပ်တယ်ဆိုတာကသို့လောသို့လောသတင်းတွေစောင့် နေကြ တဲ့သူတွေက အရောင်းအ၀ယ်လေးပြန်လုပ်တာပါပဲ” ဟု ပြောသည်။
အရောင်းစင်တာများ၏ အနာဂတ်
ကားအရောင်းစင်တာ (Show Room) များ အနေဖြင့်လည်း ဈေးကွက် ၀ယ်လိုအား အေးစက်မှုအနေ အထားနှင့် CIF နှုန်းထား ကျဆင်းမှု သည်လည်း ၀ယ်လိုအားနည်း သည့်ကားများ သာဖြစ်ရာ ကားသစ် တင်သွင်းမှုများ ကိုရပ်ဆိုင်းကာ ယခင်ဝယ်ယူထားသည့် ကားများကိုသာ ဆက်ရောင်းနေခြင်းဖြစ်သည်။

Farmer Auto ကား အရောင်းစင်တာမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာစိုးထွန်းက “ဈေးကွက်ကိုကြည့် လိုက်ရင် ၀ယ်လိုအားက ပြည့် သလောက်ဖြစ်နေပြီ။ အသစ်ထပ်သွင်းပြီးရောင်းဖို့ ဆိုတာထက် Show Room မှာ တင်ထားတဲ့ကားတွေကိုပဲ ကုန်အောင် ဆက်ရောင်းဖို့လုပ်နေရတယ်။ 

ပုံမှန်လောက်တော့ ရောင်းနေရပေမယ့် အရောင်းအ၀ယ် အရမ်းကြီးတက်လာဖို့တော့ သိပ်မလွယ်လောက် ဘူး” ဟု ပြော သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း သက်ရောက်မှုရှိနိုင်
ကားဈေးကွက် အရောင်းအ၀ယ် အေးစက်နေခြင်းတွင် စီးပွားရေးနှေးနေခြင်း ကလည်း အချက်တစ်ချက် အဖြစ် ပါဝင်နေခြင်းဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာ၍ စီးပွားရေး သွက်လာပါက (ရေ ရှည် ကာလတွင်) ဈေးကွက်အလားအလာမှာ ပြန်ကောင်းလာနိုင်ခြေရှိကြောင်း ရောင်နီဦး ကားအရောင်း စင်တာ မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းကပြောသည်။

ဦးအောင်ဝင်းက “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာလို့ စီးပွားရေးတိုးတက်လာတယ် ဆိုရင်တော့ အရောင်း အ၀ယ် အားကောင်း လာနိုင်တဲ့အနေအထားတော့ ရှိတာပေါ့” ဟု ပြောသည်။
လမ်းပန်းဆက်သွယ်ရေးပိုင်းက ဖိအားတစ်ရပ်
မြန်မာတစ်နိုင်ငံလုံး တွင်ရှိသော ကားများအနေဖြင့် ရန်ကုန်မြို့တွင်သာ စုပြုံနေခြင်းဖြစ် ၍ ရန်ကုန်လိုအပ် ချက်ပြည့်မီပြီ ဟု ယျေဘုယျအားဖြင့် ဆိုနိုင်သော်လည်း အခြားသောဒေသများတွင် လိုအပ်ချက်များစွာ ရှိနေ ဆဲဖြစ်ရာ လမ်းတံတား ဆက်သွယ်ရေး ကောင်းမွန်လာပါက နယ်ဒေသများ၏ ၀ယ်လိုအားတိုး လာနိုင်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပြောကြားသည်။

ယင်းက “ရန်ကုန်မှာ ကားပိုင်ဆိုင်မှုက ၀ယ်နိုင်တဲ့သူနဲ့ ပြည့်သလောက် ဆိုပေမယ့် နယ်တွေမှာက အများ ကြီးလိုနေသေးတယ်။ဈေးတွေကလည်း ကျနေတော့ အေးနေတယ်ဆိုပေမယ့် ၀ယ်လိုအားကတော့ ရှိ နေ ဦးမှာပေါ့” ဟုပြောသည်။
ကားအသစ်ဈေးကွက် နေရာရလာနိုင်
လက်ရှိပြည်တွင်း ကားဈေးကွက်အနေ အထားသည် တစ်ပတ်ရစ် ကားများ တင်သွင်းရောင်းချသည့် ဈေး ကွက်သည် ၀ယ်လို အားလေးလံသည့် အခြေအနေဖြင့်ရှိနေပြီး မာစီဒီး၊ ဖို့စ်ကဲ့သို့သော နာမည်ရ အမှတ် တံဆိပ်များ၏ ကားအသစ်များကို တင်သွင်းရောင်းချခြင်းနှင့် ကားပြုပြင်ထိန်းသိမ်းသည့် Work Shop လုပ်ငန်းများ ကို ရင်းနှီးသူများ ပိုမိုများပြားလာလျက်လည်း ရှိသည်။

Cycle & Carriage Automobile ကုမ္ပဏီမှ အရောင်းဌာန အကြီးအကဲ ဦးအောင်သက်လွင်က “Used Car (အသုံးပြုပြီး တစ်ပတ်ရစ်ကား)ဈေးကွက်က မြန်မာနိုင်ငံအနေနဲ့ကြည့်ရင်တော့ ပိုပြီးအားကြီးတယ် ဆိုပေ မယ့် နောက်ပိုင်းမှာတော့ အသစ်တွေကို ၀ယ်စီးတဲ့ဈေးကွက်နဲ့ Used Carတွေကိုဝယ်စီးတဲ့ဈေး ကွက်နှစ် ခုဖြစ်လာမှာပါ။ ထိန်းသိမ်းပြုပြင်တဲ့ လုပ်ငန်းတွေကတော့ ပိုအားသာချက်ရှိတာပေါ့” ဟု မာစီဒီး ကား အရောင်း စင်တာဖွင့်ပွဲတွင် မဇ္ဈိမကို ပြောသည်။

လတ်တလော ပြည်တွင်းဈေးကွက် အတွင်း အရောင်းဝယ်ရှိနေသည့် ကားများမှာ အင်ဂျင်ပါဝါ 1300CC ကားများဖြစ်သည့် ဈေးနှုန်း ကျပ်သိန်း ၁၀၀ နှင့် ကျပ်သိန်း ၁၄၀ ၀န်းကျင်ကားများဖြစ်သောFit, Vit, Bataနှင့်Pro box ကားများဖြစ်ကြောင်း ယင်းတို့ကဆိုသည်။



Credit: Mizzima
From...Search Myanmar


No comments:

Post a Comment