*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 16 January 2014

မေ တ္တာ တ ရား အား ရည် စူး ၍ က ဗျာ တစ် ပုဒ် ရေး ဖွဲ့ ပါ ၏ {ကဗျာ}

 မေ တ္တာ တ ရား အား ရည် စူး ၍ 
က ဗျာ တစ် ပုဒ် ရေး ဖွဲ့ ပါ ၏ 
.
အို..အေ့..အေ့..အို လို့ဆိုတဲ့
ကမ္ဘာဦးတေးကိုသီ
ခေတ်အဆက်ဆက်ကိုပွေ့ချီထားရဲ့

ကိုးလကျော်ဆယ်လနီးပါး
နှစ်ကိုယ်တစ်စိတ်ဇာတ်ကို က
သဘာဝထဲ သဘာဝကျခဲ့

သွေးစိမ်းရှင်ရှင်ကိုကျိုချက်
နို့ချိုရည်တစ်ဖြစ်နဲ့
လူသားတစ်ဦးရဲ့
အသက်ဓာတ်ကိုလည်းဆက်စေခဲ့

ဝမ်းတစ်ထွာထဲက
ကမ္ဘာတည်လူသားတစ်ဦးအတွက်
ပူ ငံ စပ် ခါး ကိုကွေကွင်း
ဒုက္ခဆင်းရဲတွင်းကိုထွင်းခဲ့

မေတ္တာတရားအတွက်ဆို
အသက်မပါသူတစ်ယောက်လို ရဲဝံ့
နာကျင်မှုဘယ်လောက်ကြီးကြီး
မြူတစ်မှုန်မျှမငြီးခဲ့သူ

သားရယ်သ္မီးရယ်မှမခွဲ
ရင်တစ်သားတည်းမွေး
ကျောတစ်သားတည်းမှာထမ်း
ကမ်းမဲ့လောကဓံကိုလည်း ကူးခဲ့

အသက်ကိုအသက်နဲ့ရင်းတဲ့မေတ္တာ
ခုထိဘွဲ့ရှာမရခဲ့

ဘယ်ဧရိယာတွေဘယ်လောက်ကျယ်
အမေ့ရင်လောက်ကျယ်ပါ့မလား
ဘယ်တောတောင်စိမ်းလန်းပါစေ
အမေ့အပြုံးလောက်အေးချမ်းပါ့မလား
ဘယ်ပဟေဠိတွေနက်နဲနေပါစေ
ပူပင်သောကကိုသိုဝှက်တဲ့
အမေ့စိတ်လောက်မနက်နဲပါဘူး

အမေဟာ
အိုမင်းရင့်ရော်နေတဲ့မေတ္တာတရားနဲ့
ကမ္ဘာမြေကို
ပုခက်ထဲထည့်လွှဲနေတုန်းပါပဲ.....
         
            လေသွေးညို
အမေများနေ့အား ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုလိုက်ပ်ါသည်
မေ တ္တာ တ ရား အား ရည် စူး ၍
က ဗျာ တစ် ပုဒ် ရေး ဖွဲ့ ပါ ၏

.
အို..အေ့..အေ့..အို လို့ဆိုတဲ့
ကမ္ဘာဦးတေးကိုသီ
ခေတ်အဆက်ဆက်ကိုပွေ့ချီထားရဲ့......

ကိုးလကျော်ဆယ်လနီးပါး
နှစ်ကိုယ့် တစ်စိတ် ဇာတ်ကို က
သဘာဝထဲ သဘာဝကျခဲ့.......

သွေးစိမ်းရှင်ရှ င်ကိုကျိုချက်
နို့ချိုရည် တစ်ဖြစ်နဲ့
လူသား တစ်ဦးရဲ့
အသက်ဓာတ်ကို လည်းဆက်စေခဲ့................



ဝမ်းတစ်ထွာ ထဲက
ကမ္ဘာတည် လူသားတစ်ဦး အတွက်
ပူ ငံ စပ် ခါး ကိုကွေကွင်း
ဒုက္ခဆင်းရဲတွင်းကို ထွင်းခဲ့.........

မေတ္တာတရား အတွက်ဆို
အသက်မပါသူ တစ်ယောက်လို ရဲဝံ့
နာကျင်မှု ဘယ်လောက်ကြီးကြီး
မြူတစ်မှုန်မျှ မငြီးခဲ့သူ..............

သားရယ်သ္မီးရယ်မှ မခွဲ
ရင်တစ်သားတည်းမွေး
ကျောတစ်သားတည်းမှာထမ်း
ကမ်းမဲ့လောကဓံကို လည်း ကူးခဲ့...............

အသက်ကို အသက်နဲ့ရင်းတဲ့မေတ္တာ
ခုထိ ဘွဲ့ရှာမရခဲ့..............

ဘယ်ဧရိယာတွေ ဘယ်လောက်ကျယ်
အမေ့ရင်လောက် ကျယ်ပါ့မလား
ဘယ်တောတောင် စိမ်းလန်းပါစေ
အမေ့အပြုံးလောက်အေးချမ်းပါ့မလား
ဘယ်ပဟေဠိတွေ နက်နဲနေပါစေ
ပူပင်သောကကို သိုဝှက်တဲ့
အမေ့စိတ်လောက် မနက်နဲပါဘူး.............

အမေဟာ
အိုမင်းရင့်ရော်နေတဲ့မေတ္တာတရားနဲ့
ကမ္ဘာမြေကို
ပုခက်ထဲ ထည့်လွှဲနေတုန်းပါပဲ................

 
လေသွေးညို
အမေများနေ့အား ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုလိုက်ပ်ါသည် ။



No comments:

Post a Comment