*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 23 January 2014

တရုတ်စာသားပါ ရေခဲမှတ်အထိမခဲဘဲ အအေးဒဏ်ခံနိုင်သည့် စားဆီတစ်မျိုး မန်းဈေးကွက်အတွင်းမှ အသံထွက်လာ

 

တရုတ်စာတန်း တစ်မျိုးတည်းသာ ပါပြီး သက်တမ်းကုန်ဆုံးရက် သတ်မှတ် ရက်စွဲမပါ၊ ဆီခဲသွားခြင်း လည်း မရှိသည့် စားဆီတစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းဝယ် လျက်ရှိကြောင်း မန္တလေးဆီ ကုန်သည် များနှင့် စက်ပိုင်ရှင်များအသင်း မှ သိရသည်။

အဆိုပါဆီများအား ရေခဲသေတ္တာ အတွင်းထည့်၍ အေးခဲမှတ်ထိ ထား သော်လည်း အေးခဲသွားခြင်း မရှိခြင်း ကြောင့် စားသုံးသူများ သတိထားရန် လိုအပ်မည်ဖြ စ်ကြောင်း ဆီစက်ပိုင်ရှင် အချို့က သုံးသပ်ပြောကြားသည်။




”ဆီဆိုတာ ဘယ်ဆီဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အေးခဲမှတ်ရောက်ရင် ခဲကိုခဲရမယ်။ အခုဟာက မခဲဘူး” ဟု ဆီစက်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြော သည်။


ထို့ပြင် ၄င်းဆီများဖြင့် ကြော်ပါက ဆီမှာမည်းညစ်ညစ်အရောင်သို့ ပြောင်း လဲသွားပြီး ပဲဆီပုံစံနှင့် ဆင်တူကာ ဈေး နှုန်းမှာလည်းပြည်တွင်းစား အုန်းဆီ ဈေး နှုန်းခန့်သာ ရှိနေကြောင်း သိရသည်။


၎င်းဆီများမှာ အနီရောင် တရုတ် စာတန်းပါ ငါးဆယ်သား၊ တစ်ပိဿာ ဘူး အမျိုးအစားများဖြင့် မန္တလေးဈေး ကွက်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဘူးပေါ် တွင် အခြားသော စာတန်းနှင့် သတ်မှတ် ရက်စွဲများ မပါဝင်ကြောင်း ဆီဘူးနမူနာ အား သိမ်းဆည်းထားသည့် မန္တလေး ဆီကုန်သည်များနှင့် စက်ပိုင်ရှင်အသင်း မှ အတွင်းရေးမှူး ဦးထွန်းထွန်း က ပြော သည်။


 ယင်းအတွက် ၄င်းဆီများအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA)သို့ယခင် ၂ဝ၁၃ ခုနှစ်က ဓာတ်ခွဲစမ်းသပ် ရန် ပေးပို့ ထား ပြီး ဖြစ်သော်လည်း ယခုအချိန်ထိ အ ကြောင်းပြန်ကြား လာခြင်း မရှိသေး ကြောင်းအထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

FDA အနေနှင့် ၂ဝ၁၃ ခုနှစ် အတွင်း အရောဆီများစွာအား ဓာတ်ခွဲ စမ်းသပ်ခဲ့ပြီး အများစုမှာ ပဲဆီ၊ နှမ်းဆီ များအား စားအုန်းဆီဖြင့်ေ ရာနှောထား ခြင်းဖြစ်ကြောင်း FDA ဓာတ်ခွဲစမ်းသပ် မှုရေးရာ ကျွမ်းကျင် တာဝန် ရှိသူတစ်ဦး ကပြောသည်။


”အဲ့ဒီလို မအေးခဲတဲ့ဆီဆိုပြီး ဓာတ်ခွဲခဲ့တာတော့ မရှိပါဘူး။ နောက် အဲဒီမအေးခဲဘူးဆိုတာ ဘယ်လိုလဲဆို တာ နားမလည်ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်ြးေ ပာသည်။


ရန်ကုန်ဆီဈေးကွက်အတွင်း၌မူ တရုတ်မှတင်သွင်းသည့် စားဆီများ တင်သွင်းခြင်းမရှိကြောင်းနှင့် လက်ရှိ ဈေး ကွက်တွင် ပြည်တွင်း ထုတ်ဆီများ အပြင် ထိုင်း၊ စင်ကာ ပူနှင့် မလေးရှား မှ ဆီများတင် သွင်းရောင်း ချလျက်ရှိ ကြောင်း ညောင်ပင်လေးဈေးရှိ ဆီ ရောင်းဝယ်ရေးဆိုင်များမှ သိရသည်။


ထို့ပြင် ဈေးကွက်တွင် ပဲဆီအမျိုး အစားအလိုက် တစ်ပိဿာ ကျပ် ၃ဝဝဝ မှ ၃၆ဝဝ၊ နှမ်းဆီ တစ်ပိဿာ ငါးထောင် နှင့် အထက်တွင်ရှိကာ စားအုန်းဆီ တစ်ပိဿာလျှင် အမျိုးအစားအ လိုက် တစ်ပိဿာ ၁၅ဝဝ ကျပ် အထက်တွင် ရှိကြောင်း သိရသည်။


သုတလင်း၊ ဖိုးလပြည့်


Popular Myanmar News Journal

From...Thit Htoo Lwin




 
 
 
 


No comments:

Post a Comment