*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 14 January 2014

မိုဘိုင်းဖုန်း နဲ့ ကျန်းမာရေး


အရာရာတိုင်းက ကောင်းတဲ့သက်ရောက်မူ ရှိသလို တစ်ခြားတစ်ဖက်မှာ ဆိုးကျိုးအနေနဲ့ ရှိနေတာ ကတော့ ရှောင် လွဲမရတဲ့ သဘာဝတစ်ခုပါပဲ။
ကမ္ဘာတစ်ဝှမ်းလုံး မှာ ဆက်သွယ်ရေး ကဏ္ဍတစ်ရပ်အနေနဲ့ မိုဘိုင်းဖုန်းတွေအသုံးပြု မူ ကြောက်ခမန်းလိလိ တိုးတက်လာမူရဲ့နောက်မှာ လူသားတွေအပေါ် မိုဘိုင်းဖုန်းတွေရဲ့ ဆိုးကျိုးသက်ရောက် မူ ကို အဖြေရှာဖို့ အများသောလူသားတွေရဲ့ စိတ်ဝင်စားစရာတစ်ခုအနေနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။

သင့်ရော မိုဘိုင်းဖုန်းရဲ့ ဓာတ်ရောင်ခြည် ဆိုးကျိုးအကြောင်းကို စိတ်ဝင်စားပါသလား။


ဖုန်းတွေရှိ မိုက်ခရိုလ်ဝေ့နှုန်းထဲမှာ လျှပ်စစ်သံလိုက် Radiation တွေကို သုံးထားတဲ့အတွက် ဒါဟာ ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်စေတယ်လို့ တစ်ချို့တွေက ယုံကြည်နေကြပါတယ်။

ဒီလိုထင်မြင်မူတွေကြားမှာ

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) က မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး အချက်အလက် တစ်ခု ကို ထုတ်ပြန်ခဲ့ပါတယ်။
 

မိုဘိုင်းဖုန်းတွေဟာ ရေရှည် အသုံးမူမှာ လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စနိင်ပါတယ်။

နောက်ပြီး မိုဘိုင်းဖုန်းရဲ့ ဓာတ်ရောင်ခြည်တွေဟာ လူသားတွေကို ကင်ဆာဖြစ်စေနိင်တယ်ဆိုတာပါပဲ။

နိင်ငံတကာ ကင်ဆာဖောင်ဒေါ်ရှင်းရဲ့ သတ်မှတ်ချက်အရ မိုဘိုင်းဖုန်း ဓာတ်ရောင်ခြည် သင့်မူကြောင့်ဖြစ် ပွားစေတဲ့ ကင်ဆာရဲ့ အဆင့်ဟာ 2B carcinogens ဖြစ်ပါတယ်။

နောက်ထပ်လေ့လာ မူတွေအရ ဦးနှောက် အမြှေးပါးယောင်ရောဂါနဲ့ ပါးဖောင်း ကင်ဆာတွေဖြစ်ပွား နိင်ခြေရှိတယ်လို့သိရပါတယ်။

အခြား အသုံးများရင် အဖြစ်များမှာကတော့ မှတ်ဥာဏ်လျော့နည်း လာတတ်ခြင်း၊ အကြား အာရုံကြောပြသနာ၊ မျက်စိပြသနာစတဲ့ ဖုန်းနဲ့ အနီးကပ်ဆုံး လူခန္ဓာကိုယ် အစိတ်အပိုင်း
တွေကို ထိခိုက်စေနိင်ပါတယ်။

ရောဂါဆိုလို့ သိပ်လည်း မကြောက် သွားကြပါနဲ့။ ဒါကို ကျန်းမာရေး သတိပေးတဲ့အနေနဲ့ရေးလိုက်တာ ဖြစ်ပါတယ်။

ယခုလို ဖြစ်ပွားနိင်ခြေတွေရှိတဲ့ အတွက် ဒီလို အသိတွေရှိပြီး ဆင်ခြေမယ်ဆိုတော်ကာကြမှာ ဖြစ်ပါတယ်။

ဒီတော့ ဖုန်းပြောစရာရှိရင် အဆင်ပြေရင် မိုဘိုင်းဖုန်းနဲ့ ခေါ်မယ့်အစား ရိုးရိုးအိမ် လက်ကိုင်ဖုန်းကိုအသုံးပြုပါ။

တကယ်လို့ မိုဘိုင်းဖုန်းနဲ့ခေါ်မယ်ဆိုရင်လည်း နားနဲ့ မကပ်ပဲ ပြောကြားနိင်မဲ့ စပီကာ ဖွင့်လို့ပြောပါ။

နောက်ဆုံးမရမှသာ အသုံးပြုပါ။
 
ဒီလို သတိထားမယ်ဆိုရင်တော့ သင့်ကျန်းမာရေး ကိုဂရုစိုက်နိင်မှာ ဖြစ်ပါတယ်။

ကျန်းမာရွှင်လန်းသော ဘ၀များကိုပိုင်ဆိုင်ကြပါစေ။



From... Myawady News

No comments:

Post a Comment