*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 1 January 2014

၂၀၁၄ နှစ်သစ် ကမ္ဘာတစ်ဝှမ်း ကြိုဆို

 

 
 
၂၀၁၄ ခုနှစ် ကို အာရှနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများ မှာ မီးရှုး မီးပန်းတွေ ပစ်ဖောက် ကြိုဆို ခဲ့ကြပါတယ်။ နှစ်သစ်ကို အရင်ရောက်တဲ့ နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံး Auckland မြို့မှာ Sky Tower မိုးမျှော် မျှော်စင်ကြီးကနေ မီးပန်းတွေ ပစ်ဖောက်ချိန် လမ်းမတွေပေါ်မှာ လူတွေက ကခုန်ပြီး နှစ်သစ် ကို ကြိုဆိုပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မှာလည်း အထင်ကရ Sydney Opera House နဲ့ Harbour Bridge တံတား ကြီးကနေ မီးရှုးမီးပန်းတွေ ပစ်ဖောက်တာကို လူပေါင်း ၁ သန်းကျော် လာရောက်စောင့်ကြည့် ခဲ့ကြပါတယ်။ ၁၀ နှစ်အတွင်းမှာ ပထမဆုံးအဖြစ် Opera House အဆောက်အဦးကြီးရဲ့ အနောက်ကနေ မီးပန်းတွေ ပစ်ဖောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ အာရပ်စော်ဘွားများ ပြည်ထောင်စုထဲက Dubai မှာလည်း ကမ္ဘာပေါ်မှာ အကြီးအကျယ် ဆုံး ဖြစ်အောင် လို့ဆိုပြီး မီးရှုး မီးပန်းတွေ အမြောက်အများ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုပါတယ် ။ 

ဂျပန်မှာတော့ နှစ်သစ်ကူး ခေါင်းလောင်းကြီးကို ထိုးပြီးကို နှစ်သစ်ကူးခဲ့ပါတယ်။
နှစ်သစ်ကြိုဆိုကြသူ တချို့က ကံကောင်းဖို့အတွက် ခေါက်ဆွဲတွေ ပင်လယ် စာတွေ စားသောက်ခဲ့ကြသလို ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။ 

 အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာလည်း လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲမယ့် နှစ်သစ်ကူး ပွဲကို ပြင်ဆင်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မှာတော့ တခြားအာရှနိုင်ငံတွေ လို ပျော်ပွဲ ရွှင်ပွဲတွေ မရှိခဲ့ပါဘူး။
နှစ်ဟောင်း မကုန်ခင် နောက်ဆုံးရက်ပိုင်းတွေ ကပဲ မီးပန်းတွေ ကျည်အတုတွေကြောင့် လူပေါင်း ၂၆၀ လောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဟိုင်ယန်မုန်တိုင်းဒဏ် ခံထားရ တဲ့ ဒေသတွေမှာလည်း နှစ်သစ်ကို တိတ်တိတ် ဆိတ်ဆိတ်ပဲ ကြိုဆိုခဲ့ကြ ပါတယ်။

တောင်အာဖရိကနိုင်ငံ Cape Town မြို့က နှစ်သစ်ကူး ကြိုဆိုပွဲတွေမှာတော့ မကြာခင်ကပဲ ကွယ်လွန်သွား ခဲ့တဲ့ သမ္မတဟောင်း Nelson Mandela အတွက် ဂုဏ်ပြုပွဲတွေ ပါဝင်ခဲ့ပါတယ်။
 
Thi Thi on January 1, 2014
VOA
From...Search Myanmar
 

No comments:

Post a Comment