*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 31 January 2014

မုန်လာဥ၀ါ က ဘာတွေ ကောင်းသလဲ



ဆေးလိပ် သောက်သုံးသူတွေ ဖြစ်လာ တတ်မယ့် ကင်ဆာ ရောဂါကို မုန်လာဥ၀ါ တနေ့တလုံး မှန်မှန် စားပေးနိုင် ရုံနဲ့ ရောဂါ လျော့ပါး လာနိုင်ပါတယ်၊

မုန်လာဥ၀ါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာ ရောဂါ ဖြစ်မှု၊ ဖျဉ်းရောဂါ စွဲမှုနဲ့ အသားအရေ ဓာတ်ဖောက်မှု တို့ကိုပါ ကာ ကွယ် ပေးပါတယ်၊ ရောဂါ မြင့်မားရင် လည်း ချုံ့ပေး တတ်ပါတယ် ။



မုန်လာဥ၀ါ ထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ် သဘာဝဟာ သွေးထဲက ကိုလက်စထရောတွေ ကိုတောင် ဖိချပေးပြီး အူမ ကင်ဆာနဲ့ ပတ်သက်တဲ့ ပြဿနာ အမျိုးမျိုးကို ဖြေရှင်း ပေးတတ် ပါတယ်။

သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့ ဆောင်ရွက် ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေ ကို ဆက်လက်ပြီး သဲကြီး မဲကြီး ဖွာရှိုက် နေရင်တော့ ဓာတ်သဘာဝ  ရဲ့ ထက်မြက်တဲ့ အာနိသင် ကို ကောင်းစွာ ခံယူ ရရှိနိုင်တော့ မှာ မဟုတ်ပါဘူး။

 

Aye Chan Mon# Credit To :မြ၀တီ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment