*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 18 January 2014

စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် မဲပျောက်နေခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ရှက်မိဟု သူရဦးရွှေမန်း ပြော


ပြည်ထောင်စု လွှတ်တော် အတွင်း စက်ခလုပ် နိပ်၍ မဲခွဲဆုံးဖြတ်ရာ မဲပျောက်နေခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ရှက်မိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကပြောသည်။


"၂၁ မဲပျောက်နေတယ်၊ ကိုယ်မဲ ကိုယ်တော့ ပေးရဲ ရမှာပေါ့၊ ပြည်သူ ကိုယ်စားလှယ်တွေ ဖြစ်လာပြီလေ၊ မဲမပေးရဲ ဘူးလား၊ ကိုယ်ဆုံးဖြတ်ချက်ပေါ်မှာ ရဲရဲတင်းတင်း မဆောင်ရွက်နိုင်ဘူး ဆိုရင်တော့ ပြည်သူ့ ကိုယ်စားလှယ်တွေ အဖြစ်မထိုက်တန်ဘူး "လို့သူများတွေဝေဖန်နေ တာတွေလည်း ကျွန်တော်ကြား ရပါ တယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကိုယ်စား ကျွန်တော် ရှက်မိပါတယ်"ဟု သူရဦးရွှေမန်း ကပြောသည်။



ယနေ့(ဇန်န၀ါရီ ၁၇)ရက်နေ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် န၀မပုံမှန်အစည်းအဝေး စတုတ္ထနေ့ တွင် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုရန် စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ် ရာတွင် မဲအရေအတွက် ပျောက်ဆုံးနေသောကြောင့် ၄င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။


ရန်နိုင်


Popular Myanmar News Journal

From...Thit Htoo Lwin



No comments:

Post a Comment