*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 31 January 2014

ချုံကြားမှ ဘုံဖျားသို့




ဘ၀ကို မည်မျှ နိမ့်ပါးနုံချာသော အခြေအနေမျိုးမှ စတင်ခဲ့ရသည် ဖြစ်ပါစေ၊ ရည်မှန်းချက် ရှိမည်၊ ဥာဏ်အမြော်အမြင် ရှိမည်၊ မလျှော့သော ဇွဲလုံ့လ ရှိမည်ဆိုက သည် တစ်သက်တာ ဘ၀အပြီးသတ် ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို ရရှိနိုင်ပါသည်။

သည်လို ရရှိသွားခဲ့သူတွေ လည်း သမိုင်းတစ်လျှောက် အမြောက်အမြား ရှိသည်။ အထွတ်အထိပ် သို့ ရောက်ရှိကြ သူတွေ၏ အတ္ထုပ္ပတိများကို လှန်လှောကြည့်လျှင် “
ချူံကြားမှ ဘုံဖျားသို့ ” တက်လာနိုင်ခဲ့သူတွေ များပြား လှကြောင်း တွေ့ ရှိရလိမ့်မည်။




သည်လို တက်လာနိုင်ခွင့်သည် ပါရမီ ထူးသူတချို့သာ ရရှိနိုင်သည့် မဟာအခွင့်အရေး မဟုတ်။ ဘုံဖျားသို့ တက်သော လှေကားသည် အထူး ပုဂ္ဂိုလ်များအတွက် သီးသန့် ကန်သတ်ထားသည့် လှေကားမဟုတ်။ လူတိုင်း တက်နိုင်သည့် လှေကား၊ လူတိုင်းအတွက် ဖွင့်ထားသည့် အခွင့်အရေးတံခါးသာ ဖြစ်သည်။

သင်သည် စီးပွားရေး နယ်ပယ်တွင် အောင်မြင်ကြီးပွားချင်သလား၊
အနုပညာသမားအဖြစ် ထင်ပေါ်ကျော်ကြား ချင် သ လား၊ လူမှုရေးနယ်ပယ်တွင် လွှမ်းမိုး တွင်ကျယ်ချင်သလား၊ ထူးခြားပြောင်မြောက်သော နိုင်ငံရေး သမားတစ်ယောက် အဖြစ် အထွတ်အထိပ်သို့ ရောက်ချင်ပါသလား။

ဘယ်အရာမဆို ဖြစ်လာနိုင်ခွင့် သင့်မှာ ရှိနေသည်။

အရေးကြီးသည်က အထက်တွင်ဆိုခဲ့သည့် ရည်မှန်းချက်၊ ဥာဏ်အမြော်အမြင်နှင့် ဇွဲလုံ့လ ဖြစ်သည်။

ရှေးဦးစွာ သင့်ကိုယ်သင် သာမန် ဘ၀နှင့် မတင်းတိမ်နိုင်သောဆန္ဒ ရှိရမည်။ ပီပြင်ပြောင်မြောက်သော ဘ၀တစ်ခု တည်ဆောက်မည်ဟူသော ရည်မှန်းချက် ရှိရမည်။

ဒုတိယ၊ ထိုသို့သော ဘ၀တစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်ေ
ရးအတွက် အဆင့်ဆင့် ဆောင်ရွက်သွားစရာ လုပ်ငန်း အစီအစဉ်များ စနစ်တကျ ချမှတ် တတ်ရမည်။

တတိယ၊ အမြော်အမြင် ရှိစွာ ချမှတ်ထားသည့် ယင်းလုပ်ငန်း အစီအစဉ်များကို မဆုတ်မနစ်သော ဇွဲ လုံ့လဖြင့် ရေရှည် စွဲမြဲစွာ အကောင်အထည်ဖော်ရဲရမည်။

သည် အတိုင်း လုပ်နိုင်လျှင် သင်လည်း “ ပုဂ္ဂိုလ်ထူး ” တစ်ယောက် မုချ ဖြစ်လာရလိမ့်မည်။

ဖေမြင့်
Credit to ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ

K.K(ကနောင်)

Aye Chan Mon# Credit To :စာအုပ်မြို့တော်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် ။


No comments:

Post a Comment