*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 8 January 2014

ရန်ကုန် တက္ကသိုလ် အတွင်းရှိ အဆောင်နေ ကျောင်းသားများ အင်တာနက် အခမဲ့ အသုံးပြု နိုင်ရေး စီစဉ်လျက်ရှိ


ရန်ကုန် ဇန်နဝါရီ ၈

ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းရှိ အဆောင်များတွင် နေထိုင်ကြသော ကျောင်းသား၊ ကျောင်းသူများ အင်တာနက် အခမဲ့ အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခ တစ်ဦး၏ ပြောပြချက်အရ သိရသည်။


အဆိုပါ စီစဉ်နေမှုတွင် မြန်မာ့ ဆက်သွယ်ရေးမှ ဖိုက်ဘာ အော့တစ်လိုင်း တစ်ခု လျှောက်ထား ခဲ့ပြီး ရရှိခဲ့သဖြင့် ၄င်းဖိုက်ဘာ အော့တစ်လိုင်းကို ဘွဲ့နှင်းသဘင် ခန်းမ၌ ချိတ်ဆက်ထားပြီး ဖြစ်ရာ ယင်းမှတစ်ဆင့် တက္ကသိုလ် အတွင်းရှိ အဆောင်များသို့ လိုင်းခွဲများ ချိတ်ဆက်ပေး သွားမည် ဖြစ်ကြောင်းနှင့် မကြာမီ အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။


''ဒီလို စီစဉ်ရတာက ပညာရေး အဆင့်အတန်း မြင့်မားစေရေး၊ နောက်တစ်ချက်က ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ လိုအပ်တဲ့ ပညာရေး သတင်းအချက်အလက် တွေကို ကမ္ဘာ့ နိုင်ငံများနဲ့ ပညာရေး ချိတ်ဆက် နိုင်အောင်ပါ။ လက်ရှိမှာလဲ အသုံးပြုလို့ရတဲ့ နေရာတွေ ရှိနေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန် တက္ကသိုလ်ရှိ သင်ကြားရေးနှင့် သုတေသန ဌာနများ၊ ဘွဲ့နှင်းသဘင် ခန်းမနှင့် စာကြည့်တိုက်များ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အခမဲ့ အင်တာနက် အသုံးပြုနိုင်ရေး အတွက် ADSL အင်တာနက်လိုင်းကို ချိတ်ဆက်ပေး ထားကြောင်း၊ ရန်ကုန် တက္ကသိုလ်အတွင်း ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင်၍ အဆောင် နေကျောင်းသား၊ ကျောင်းသူများကို စတင်ထားရှိ ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ် အတွင်းရှိ အဆောင်များတွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၆ဝဝ ခန့် ကိုကနဦး အနေဖြင့် စတင် ထားရှိသွားမည် ဖြစ်ပြီး ကျောင်းသားဦးရေ ၆ဝဝ၊ ကျောင်း သူဦးရေ ၁ဝဝဝ ခန့်အထိ ထားရှိသွားမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ယာယီအဖြစ် အဆောင်ခ တစ်လလျှင် ငွေကျပ် ၅ဝဝဝ ဝန်းကျင်နှင့် စားစရိတ် တစ်နေ့လျှင် ငွေကျပ် ၁ဝဝဝ ဝန်းကျင် ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

စိုးမိုး

From...News & In Myanmar

No comments:

Post a Comment