*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 8 January 2014

ဝိ ညာဉ် { ကဗျာ }

ဝိ ညာဉ်
.
မိုးသားတွန်သံတွေကြားတိုင်း
တံစက်မြိတ်တွေကိုငေးလို့
လက်ဖဝါးလေးနဲ့ခံယူခဲ့ဖူးတဲ့
ဖြူဖက်ဖြူရော်မိုးစက်တွေလေ

မိန်းကလေးရေ
ငါတို့တွေရဲ့ 
တစ်သက်စာ ရင်ကျူးမှုမှာ
နှလုံးသားတစ်စုံထက်
ဘယ်အရာတွေများပိုရင်းခဲ့လို့လဲ

နေ့တွေကိုတူး ညတွေကိုဖော်ဆွ
တွေ့လိုသော်ငြားလည်း
တစ်ခါကအခန်းဆက်နေ့ရှည်တွေသာ
အပိုင်းပိုင်းကျိုးရစ်နေဆဲ်

မိန်းကလေးရယ် ငါတို့တွေ တကယ်လက်တွေ့ဘဝမှာ ရှိခဲ့ကြ
မင်းမျက်တောင်နဲ့ငြိစွန်းခဲ့တဲ့
ငါ့လက်ဖဝါးကမျက်ရည်
ခုထိ စိုစိုနစ်နစ်ပါပဲ

ငါတို့စိတ်ဝိညဉ်တွေဟာ
သွေးပျက်ခြောက်ခြားဖွယ်ပူးကပ်ခဲ့ကြ      တစ်ယောက်လက်ကမျက်ရည်ဟာ
တစ်ယောက်ဘဝကိုဖုံးမြှုပ်လိုက်တဲ့အထိ
 
ဒါဟာ  အတိတ်မှာမရှိသေးတဲ့
ပြဌာန်းချက်တစ်ခုဖြစ်ကြောင်း
ငါတို့တွေ
တခမ်းတနားငိုကြွေးကြရုံပေါ့.......
       
လေသွေးညို

 

မိုးသား တွန်သံတွေကြားတိုင်း
တံစက်မြိတ်တွေကိုငေးလို့
လက်ဖဝါးလေးနဲ့ ခံယူခဲ့ဖူးတဲ့
ဖြူဖက်ဖြူရော် မိုးစက်တွေလေ.......

မိန်းကလေးရေ
ငါတို့တွေရဲ့
တစ်သက်စာ ရင့်ကျူးမှုမှာ
နှလုံးသား တစ်စုံထက်
ဘယ်အရာတွေများ ပိုရင်းခဲ့လို့လဲ......



နေ့တွေကို တူး ညတွေကိုဖော်ဆွ
တွေ့လိုသော်ငြားလည်း
တစ်ခါက အခန်းဆက်နေ့ရှည်တွေသာ
အပိုင်းပိုင်း ကျိုးရစ်နေဆဲ..........်

မိန်းကလေးရယ် ငါတို့တွေ တကယ်လက်တွေ့ဘဝမှာ ရှိခဲ့ကြ
မင်း မျက်တောင်နဲ့ ငြိစွန်းခဲ့တဲ့
ငါ့လက်ဖဝါးက မျက်ရည်
ခုထိ စိုစိုနစ်နစ် ပါပဲ.........

ငါတို့ စိတ်ဝိညဉ်တွေဟာ
သွေးပျက်ခြောက်ခြားဖွယ် ပူးကပ်ခဲ့ကြ တစ်ယောက်လက်က မျက်ရည်ဟာ
တစ်ယောက် ဘဝကိုဖုံးမြှုပ်လိုက်တဲ့အထိ..........

ဒါဟာ အတိတ်မှာမရှိသေးတဲ့
ပြဌာန်းချက်တစ်ခုဖြစ်ကြောင်း
ငါတို့တွေ
တခမ်းတနား ငိုကြွေးကြရုံပေါ့.......

လေသွေးညို

No comments:

Post a Comment