သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..

Saturday 4 January 2014

CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်

3 Oct 12, 06:15 PM
 
ဇော်ဖော်: အကိုရေ လာလည် သွားတယ်နော် ဟဲဟဲ........ နေ့တိုင်းကိုကြည့်ဖြစ်ပါတယ် အကိုဆိုဒ်ကို နည်းပညာတွေ ဒီထက်မက မျှဝေနိုင်ပါစေလို့ ဆုတောင်းပါတယ်အကို vcd/dvd software လေး တစ်ခု နဲ့ ခွေကူးပုံးလေး တင်ပြပေးပါအုံး အကိုေ၇...
 
13 Oct 12, 10:52 PM
 

ဇော်ဖော်: အကိုရေ ကူညီပါအုံးဗျို့ img software လေးနဲ့  ခွေကူး ပုံကူးနည်းလေးတွေ ဖော်ပြပေးပါ အုးံးနော် မလုပ်တတ်လို့ပါဗျာ ကူညီပါအုံး
 
အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ 
 
ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွာ အချိန်ကုန်ပါတယ်.. 
 
ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ ရင် နားလည်ပေးကြပါဗျာ.. တခြား Blog တွေလို တစ်ရက်ထဲ ဆော့ဝဲလ် ၅ခု၊ ၁၀ခု တင်ပေးလို့ ရပါတယ်.. ဒါပေမယ့် သူငယ်ချင်းတို့ သုံးလို့ ရချင်မှ ရမယ်.. သုံးတတ်ချင်မှ သုံးတတ်မယ်.. အဲ့လို ဆို ပေးတဲ့လူ အတွက်လည်း အကျိုးမရှိဘူး.. ဒေါင်းယူရတဲ့ လူအတွက်လည်း အချိန်ကုန်ပြီး အကျိုးမရှိဘူး.. ကျနော်အဲ့လို တွေးမိပါတယ်.. 
 
ဒါကြောင့် ကျနော်တခုခု တင်လိုက်တိုင်း သုံးတတ်ပြီး ၊ သုံးလို့ရပြီး အကျိုးရှိတာလေးတွေကိုပဲ တင်ပေး ချင်ပါတယ်.. ပိုစ့်တင်တာ နည်းတဲ့ အခါကျရင်တော့ ကျနော်မအားလို့ဆိုတာ နားလည်ပေးကြပါဗျာ..
 
အခုဒီပိုစ့်လေးကို ကျနော့်သူငယ်ချင်း တော်တော်များ ကလည်း မသိသေး ၊ မလုပ်တတ်သေးလို့ ဒီအခွေကူးနည်း လေးကို တင်ပေးလိုက်ပါတယ်.. ကျနော့် Blog မှာ တင်ပေးထားပြီးသား ရှိတဲ့ Ashampoo Burning Studio 11 နဲ့ Nero 8 Essential ဆော့ဝဲလ်တွေကို အသုံးပြုပြီး လုပ်ပြပေးထားပါတယ်.. လိုအပ်တဲ့ သူများ အဲ့ဒီ Burning Tool တွေကို ဒေါင်းယူလိုက်ပါဗျာ..

ဒီပိုစ့်မှာ Mp3 သီိချင်းတွေကို CD နဲ့ ခွေကူးပြ ထားပါတယ်.. Slide Show တွေ၊ မိသားစု ရိုက်ထားတဲ့ Video တွေကို DVD ခွေနဲ့ကူးရင် လည်း ဒီနည်း အတိုင်းပါပဲ.. လုပ်နည်းက အတူတူပါပဲ.. ဝင်ရမယ့်နေရာ နည်းနည်းရွေးပေးဖို့ ပဲ လိုတာပါ.. 
 
အရင်ဆုံး ကျနော် Ashampoo Burning Studio 11 နဲ့ အရင်လုပ်ပြထားပါတယ်.. အဲ့တော့ အောက်က ပထမပုံ ကတော့ Video တို့၊ Slide Show တို့ကို DVD နဲ့ ကူးမယ်ဆိုရင် A, B အတိုင်း နှိပ်ပြီး လုပ်ပေးယုံ ပါပဲ.. C နေရာကတော့ VCD ခွေကူးဖို့ပါ..။ ခွေကူးနည်းကတော့ အောက် ဒုတိယပုံနောက်ပိုင်း လုပ်ပြထားတဲ့ ပုံတွေနဲ့ သိပ်မကွာပါဘူး.. ကျနော့်ဆီမှာ MP3 သီချင်းတွေပဲ ရှိတဲ့ အတွက် အောက် ဒုတိယပုံ ကနေစပြီး ဆက်ကြည့်ပေးပါ.. နောက်ပြီး Windows Media Player နဲ့ သီချင်းတွေကို တပုဒ်ပြီးတပုဒ် လာအောင် ဖွင့်နည်းလေးပါ သူငယ်ချင်း တယောက် တောင်းထားလို့ ဒီပိုစ့်မှာ တခါတည်း လုပ်ပြထားပါတယ်..
 
 

 


MP3 သိချင်းတွေကို CD ခွေနဲ့ကူးဖို့ အောက်ကပုံအတိုင်း 1, 2 အတိုင်း နှိပ်ပြီး လုပ်ပါတယ်..




 
ပေါ်လာတဲ့ ပုံတွေအတိုင်း (အပေါ်ပုံတွေလို) အဆင့်ဆင့် နှိပ်ပေးလိုက်ပါ..။ အောက်ကပုံ အဆင့် ကို ရောက်ပြီ ဆိုရင် ပေါ်လာတဲ့ ဘောက်စ် ထဲမှာ မိမိတို့ ခွေကူးချင်တဲ့ သီချင်း ( Video တို့၊ Slide Show တို့) တွေကို မျှားပြထားတဲ့ အတိုင်း မိမိတို့ သိမ်းထားတဲ့ ဖိုလ်ဒါထဲမှာ သွားရှာပေးပါ.. အောက်ကပုံမှာတော့ ကျနော် ခွေကူးမယ့် MP3 သိချင်းတွေကို ရှာပြထားပါတယ်.. တွေ့ပြီဆိုရင် တခုထဲ ဆိုရင် တချက် ကလစ်ရင် ရပါပြီ.. သီချင်းတွေ အများကြီးဆိုရင်တော့ ကီးဘုတ်က ရှော့ကပ် ကီး Ctrl+A နဲ့ All Select ပေးလိုက်ပါ.. ပုံမှာပြထားသလို အပြာရောင်လေးတွေ ဖြစ်သွားရင် မျှားပြထားတဲ့ အတိုင်း အောက်ဆုံးက Add ကို ကလစ်ပေးလိုက်ပါ.. 
 


 

အောက်ကပုံ အတိုင်း ဆက်ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ.. 

 








 
အပေါ်ပုံအတိုင်း ပေါ်လာရင်တော့ ခွေကူးလို့ ရပါပြီ.. MP3 သီချင်းတွေကို CD နဲ့ ကူးလို့ ရမရ၊ အပေါ်ပုံ အောက်နားက လေးထောင့် ကွက်သေးလေးထဲမှာ 198.5 MB လို့ ပြထားပါတယ်.. CD တစ်ချပ်မှာ 700 MB ရှိတဲ့ အတွက် ဒီသီချင်းတွေကို CD နဲ့ကူးယူ လို့ ရပါတယ်..။ တကယ်လို့ မိမိခွေကူးမယ့် သီချင်း (သို့) Slide Show က 700 MB ကျော်နေရင်တော့ CD သုံးလို့ မရပါဘူး.. DVD နဲ့ပဲ ခွေကူးလို့ ရမှာ.. Video ဖိုင်တွေ ဆိုရင်တော့ VOB / AVI ဖေါ်မတ်ပြောင်းပြီး DVD ခွေနဲ့ကူးပါ.. ဖေါ်မတ်ပြောင်းဖို့ ဆိုရင်တော့ Format Factory ဆော့ဝဲလ်လေးက အသုံးဝင်ပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီဆော့ဝဲလ် ကို ဒေါင်းထား လိုက်ပေါ့ .. အသုံးပြုပုံလေးပါ ပြပေးထားပါတယ်.. အပေါ်ပုံမှာ အခွေကူးတော့မှာ ဖြစ်တဲ့ အတွက် မျှားအနီပြထားတဲ့ အောက်ဆုံးက Next ကိုနှိပ်ပါတယ်.. အောက်ကပုံ အတိုင်းပေါ်လာရင် ခဏစောင့်ပေး လိုက်ပါ..
 


 
ဒီအောက်ကပုံ အတိုင်းပေါ်လာရင် အခွေမထည့် ရသေးတာ ဖြစ်တဲ့ အတွက် မျှားပြထားတဲ့ အတိုင်း Open Tray ကို နှိပ်ပါ.. အဲ့ဒီနေရာကို နှိပ်လိုက်တာနဲ့ မိမိတို့ရဲ့ DVD ROM ကထွက်ကျ လာပါလိမ့်မယ်.. အဲ့ဒါဆိုရင် ခွေအသစ် ထည့်ပေးပြီး ပြန်ပိတ်ပေးလိုက်ပါ.. အခွေကူးတဲ့ အခါမှာ အနာအစာ မရှိတဲ့ အခွေသစ် ပဲ ဖြစ်ရပါမယ်..





 
အခွေထည့်ပေးပြီးလို့ ရှိရင်တော့ ဒီကောင်လေးက အခွေကို စစ်ပါလိမ့်မယ်.. Burn လို့ရတဲ့ ခွေ ဖြစ်မဖြစ်..။ Burn လို့ရတယ်ဆိုရင် အောက်ကပုံလိုမျိုး အမှန်ခြစ်လေး ပေါ်လာပါလိမ့်မယ်.. အဲ့ဒါဆိုရင် အောက်ဆုံးက Write (Write CD) ကို နှိပ်ပေးလိုက်ပါ..။





အောက်ကပုံတွေ အတိုင်း အခွေ Burn ဖို့ ပြင်ဆင်ပြီး၊ အဆင့်ဆင့် ခွေကူး ပါလိမ့်မယ်.. ဘာမှ လုပ်ပေးဖို့ မလိုတော့ ပါဘူး.. ထိုင်ကြည့်နေယုံပါပဲ.. 
 











အခွေကူးလို့ ပြီးသွားရင်တော့ သူ့ဖာသာ အခွေထုတ်ပေးပါလိမ့်မယ်.. ကူးပြီးသား အခွေကို ယူပြီး ပြန်ပိတ်ပေးလိုက်ပါ..။ အောက်ကပေါ်လာတဲ့ ဘောက်စ်လေးမှာ OK ပေးလိုက်ပါ..






 
အခွေကူးစရာ မရှိတော့ဘူး ဆိုရင်တော့ အပေါ်ပုံ အတိုင်း Exit နဲ့ ထွက်လို့ ရပါပြီ.. ဒါဆိုရင် အခွေကူး နည်း ပြီးသွား ပါပြီ.. Nero 8 နဲ့ခွေကူးချင် တဲ့သူများကတော့ အောက်ဆုံးပုံတွေမှာ ဆက်ကြည့်ပေးပါ.. ဒီအောက်က ပုံကတော့ အခုကူးလိုက်တဲ့ ခွေကို ပြန်ထည့်ပြီး သီချင်း ဖွင့်ကြည့်တာပါ.. MP3/CD/DVD Player တွေနဲ့ ဖွင့်လို့ ရသွားပါပြီ.. ဒီပိုစ့်မှာတော့ တခါတည်း Windows Media Player နဲ့ သီချင်းတွေကို တပုဒ်ပြီး တပုဒ် ဆက်တိုက်လာအောင် ဘယ်လိုဖွင့်ရမလဲဆိုတာ မသိသေးတဲ့ သူများအတွက် ဆက်ပြပေးထား ပါတယ်.. မသိသေးတဲ့ သူများ ဆက်ကြည့်ပေးပါ.. 
 
 


ကျနော်တို့ CD ထဲက သီချင်းတွေပဲ ဖြစ်ဖြစ်၊ ဖိုလ်ဒါထဲမှာ သိမ်းထားတဲ့ သီချင်းတွေပဲ ဖြစ်ဖြစ်၊ တပုဒ်ပြီး တပုဒ် ဆက်တိုက် လာအောင် အောက်ကပုံလေးအတိုင်း ဖွင့်လိုက်ရင် သီချင်းတွေ ဖိုလ်ဒါထဲ ၊ CD ထဲမှာ ရှိသလောက် ဆက်တိုက် လာနေပါလိမ့်မယ်..
အဲ့တော့ သီချင်းရှိတဲ့ ဖိုဒါကို အရင်ဖွင့်ပါ.. ဒီမှာတော့ အခု ခွေကူးလိုက်တဲ့ CD နဲ့ လုပ်ပြထားပါတယ်.. လုပ်နည်း အတူတူပါပဲ.. မိမိတို့သီချင်းတွေ ပေါ်လာပြီဆိုရင် အောက်ကပုံအတိုင်း သီချင်းအားလုံးကို ကီးဘုတ် က Ctrl+A နဲ့ အောစလက်ပေးလိုက်ပါ.. ပြီးရင် အဲ့ဒီပေါ်မှာ Right Click ထောက်ပြီး ပုံမှာပြ ထားတဲ့ အတိုင်း Add to Windows Media Player List ကို ကလစ်ပေးလိုက်ရင် သီချင်းတွေ တပုဒ်ပြီး တပုဒ် ပြီးတဲ့ အထိ လာနေပါလိမ့်မယ်..
 


 

အောက်ကပုံအတိုင်း သီချင်းတွေ တပုဒ်ပြီး တပုဒ် ဆက်တိုက်လာနေပါပြီ.. 
 


 -----------------                 -------------------------------                     ---------------------

ဒီအောက်မှာတော့ Nero8 Essentials နဲ့ အခွေကူးပြထားပါတယ်.. အပေါ်ပုံတွေနဲ့ လုပ်နည်းအတူတူပါပဲ.. အဝင်မှာ နည်းနည်း မတူတာလေးပါပဲ.. ကျန်တာအားလုံး အတူတူပါပဲ.. MP3 ဆိုရင် အောက်ကပုံ အတိုင်း သွားရင်လည်း ရပါတယ်.. ဒုတိယပုံနဲ့ ပိုလွယ်တဲ့ အတွက် ဒုတိယပုံနဲ့ လုပ်ပြထားပါတယ်..


 

ဒီအောက်ကပုံအတိုင်း Data Burning ကိုနှိပ်ပါ..



 
အပေါ်ပုံအတိုင်း Add ကနေ နှိပ်ပြီး အောက်ကပုံအတိုင်း မိမိတို့သိမ်းထားတဲ့ MP3 သီချင်းတွေကို  ယူပါတယ်.. တွေပြီဆိုရင် Ctrl+A နဲ့ အောစလက်ပေးပြီး ပုံရဲ့အောက်ဆုံးက Open ကို ကလစ်ပါ..


 
 
အောက်ကပုံအတိုင်း သီချင်းတွေ ရောက်သွားပြီဆိုရင် Name မှာ မိမိတို့ ကြိုက်တဲ့ နာမည်ပေးလို့ ရပါတယ်..

 
 
CD နဲ့ ရမရ သိရအောင် လိုအပ်တဲ့ ဖိုင်ဆိုဒ်ကို ကြည့်ပြီး Burn ကို နှိပ်ပါ.. အဲ့ဒါဆို DVD ROM ထွက်ကျ လာရင် အခွေသစ် ထည့်ပေးလိုက်ပါ.. အပေါ်ဆုံးပုံတွေ အတိုင်း သူ့ဖါသာ အလုပ် လုပ်နေပါလိမ့်မယ်.. ပြီးသွားရင် အခွေထုတ်ပေးရင် ယူပြီး ပြန်ပိတ်ပေးလိုက်ပါ.. နောက်ပိုင်း အဆင့်တွေ မှာတော့ Burning Tool တွေက အတူတူပါပဲ..
 
 
အောက်ကပုံ ကတော့ Nero8 နဲ့ Photo Slide Show လုပ်လို့ ရတဲ့ နေရာလေးပါ ပြပေးလိုက်ပါတယ်..
 

ဒီလောက်ဆိုရင်တော့ အခွေမကူးတတ်သေးတဲ့ သူများ အခွေကူးတတ်လောက်ပါပြီ..


အောင်အောင်(မကစ)ရဲ့ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်..

From... ဘလော့ခရီးသည်

No comments:

Post a Comment