*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 15 February 2014

မြန်မာမင်းသမီး ထိပ်စုဖုရားကြီး သာမန် အရပ်သားဘဝဖြင့် နေထိုင်ဆဲ

မြန်မာမင်းသမီး ထိပ်စုဖုရားကြီး သာမန်အရပ်သားဘဝဖြင့် နေထိုင်ဆဲ

ရန်ကုန်ရှိ အသင့်အတင့်သာရှိသောတိုက်ခန်း၌ မြန်မာ့နောက်ဆုံးဘုရင်၏ မြေးမတော်သည် ရိုးရိုးရှင်းရှင်း နေထိုင်လျက်ရှိပြီး အိမ်နီးချင်းတို့ကပင် သတိမပြုမိကြချေ။

အသက် ၉၀ အရွယ် မင်းသမီး ထိပ်စုဖုရားကြီး (ပုံ) က ဘုရင်ခေတ် အဆင့်အတန်းအချို့ကို သူမမိသားစုက ထိန်းသိမ်းခဲ့ချိန် သူမ၏ငယ်ဘဝနေ့များမှာ ယခုအခါ မှုန်ပြပြသာရှိတော့ကြောင်း ပြောခဲ့သည်။

ဗြိတိသျှကိုလိုနီစနစ်က သူမ၏အဘိုး သီပေါမင်းကို ၁၈၈၅ ခုနှစ်၌ နန်းချပစ်ခဲ့သည်။ ဆယ်စုနှစ်များနှင့်ချီ ကြာခဲ့သော စစ်အုပ်ချုပ်သူတို့က ဘုရင့်မိသားစုကို အများပြည်သူမြင်ကွင်းမှ ဖျောက်ထားခဲ့ကြသည်။

သူတို့က မိမိတို့အား ထူးခြားသူအဖြစ် မလိုလားကြောင်း အင်တာဗျူးအတွက် ပန်းရောင်ခြုံပုဝါကို အထူး လွှမ်းထားသည့် မင်းသမီးက ပြောခဲ့သည်။ သူမသည် နှစ်ပေါင်း ၆၀ သာမန်အရပ်သားဘဝဖြင့် နေထိုင်ခဲ့ကြောင်း AFP သို့ ပြောခဲ့သည်။

မြန်မာအများစုက ဘုရင်အကြောင်း မေ့ပျောက်နေခဲ့ကြကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဆိုသည်။ ဒုတိယဝန်ကြီးသည် အိန္ဒိယမှ မြန်မာသို့ သီပေါမင်း၏ ရုပ်ကြွင်းကို ပြန်လည်သယ်ယူရေး လှုပ်ရှားမှုတစ်ခုကို ဦးဆောင်နေသူ ဖြစ်သည်။

စောရူထီ့

မူရင်း- Myanmar Princess Lives Ordinary Life; ဟစ်တိုင် 

Credit-http://www.myanmarcnn.com/2014/02/blog-post_6530.html

ရန်ကုန်ရှိ အသင့်အတင့်သာ ရှိသောတိုက်ခန်း ၌ မြန်မာ့နောက်ဆုံး ဘုရင်၏ မြေးမတော်သည် ရိုးရိုးရှင်းရှင်း နေထိုင်လျက် ရှိပြီး အိမ်နီးချင်းတို့ကပင် သတိမပြုမိကြချေ။

အသက် ၉၀ အရွယ် မင်းသမီး ထိပ်စုဖုရားကြီး (ပုံ) က ဘုရင်ခေတ် အဆင့်အတန်း အချို့ကို သူမ မိသားစုက ထိန်းသိမ်းခဲ့ချိန် သူမ၏ ငယ်ဘဝနေ့များမှာ ယခုအခါ မှုန်ပြပြသာရှိတော့ကြောင်း ပြော ခဲ့သည်။


ဗြိတိသျှ ကိုလိုနီစနစ်က သူမ၏ အဘိုး သီပေါမင်းကို ၁၈၈၅ ခုနှစ်၌ နန်းချပစ်ခဲ့သည်။ ဆယ်စုနှစ်များနှင့် ချီ ကြာခဲ့သော စစ်အုပ်ချုပ်သူ တို့က ဘုရင့်မိသားစုကို အများပြည်သူမြင်ကွင်း မှ ဖျောက်ထားခဲ့ကြသည်။

သူတို့က မိမိတို့ အား ထူးခြားသူ အဖြစ် မလိုလားကြောင်း အင်တာဗျူးအတွက် ပန်းရောင်ခြုံပုဝါကို အထူး လွှမ်းထားသည့် မင်းသမီးက ပြောခဲ့သည်။ သူမသည် နှစ်ပေါင်း ၆၀ သာမန်အရပ်သား ဘဝဖြင့် နေထိုင်ခဲ့ကြောင်း AFP သို့ ပြောခဲ့သည်။

မြန်မာ အများစုက ဘုရင်အကြောင်း မေ့ပျောက်နေခဲ့ကြကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဆိုသည်။ ဒုတိယဝန်ကြီးသည် အိန္ဒိယမှ မြန်မာသို့ သီပေါမင်း၏ ရုပ်ကြွင်းကို ပြန်လည် သယ်ယူရေး လှုပ်ရှားမှု တစ်ခုကို ဦးဆောင်နေသူ ဖြစ်သည်။

စောရူထီ့

မူရင်း- Myanmar Princess Lives Ordinary Life; ဟစ်တိုင်

Credit-http://www.myanmarcnn.com/2014/02/blog-post_6530.html
 
From... မောင်(စွယ်စုံကျမ်း) { FB }
 
 
 

No comments:

Post a Comment